သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မဲေဆာက္ ေလာင္းကစားဟိုတယ္ စီးနင္းမႈ ျမန္မာအပါအဝင္ ၁၈၅ ဦး အဖမ္းခံရ


ဖမ္းဆီးခံရတဲ့ ထုိင္းျမန္မာတရုတ္ႏိုင္ငံသားမ်ား (ဓာတ္ပံု - ဇြန္ ၁၈၊ ၂၀၂၀)

[Zawgyi/Unicode]

တရုတ္ႏိုင္ငံသားပုိင္အြန္လိုင္း ေလာင္းကစား ဟုိတယ္ကုိ ထိုင္းအာဏာပိုင္မ်ားက ၀င္ေရာက္စီးနင္းရာမွ ျမန္မာ-ထိုင္းနဲ ့တရုတ္နိုင္ငံသား ၂၀၀ နီးပါး ဖမ္းဆီးခံရတယ္ဆိုတဲ့သတင္းကိုတင္ဆက္ေပးပါမယ္။ ဗီြအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ထိုင္းနိုင္ငံ တာ့ခ္ခရိုင္ မဲေဆာက္ျမိဳ႕ inthrakiri လမ္းက F4 အမည္ ရွိတဲ့ ေလးထပ္အေဆာက္အဦး ဟုိတယ္ကို ဇြန္လ ၁၇ ရက္ေန႔ ညေနက မႈခင္းႏိွမ္နင္းေရး အထူးတပ္ဖြဲ ့ အမွတ္ ၆ ရဲတပ္ဖြဲ႔နဲ ့စစ္တပ္ အပါအ၀င္ အင္အား ၅၀ ေလာက္နဲ႔ ၀င္ေရာက္ ဖမ္းဆီးခဲ့တာျဖစ္ပါတယ္။ ဟုိတယ္အတြင္းမွာ ျမန္မာ-ထိုုင္းနဲ ့တရုတ္နိုင္ငံသား ေလာင္းကစား၀န္ထမ္း ၁၈၅ ေယာက္နဲ႔အတူ ကြန္ပ်ဴတာ အလံုး ၁၀၀ ဘဏ္စာအုပ္ေတြပါသက္ေသအျဖစ္ ဖမ္းဆီးခဲ့ပါတယ္။

ထိုင္း အထူးႏွိိမ္နင္းေရးတပ္ဖဲြ ့မွဴးကေတာ့ အခုလိုေျပာသြားပါတယ္။

လူထုေတြရဲ႕ တုိင္ၾကားခ်က္အရ တရားမ၀င္ အြန္လိုင္းေလာင္းကစား လုပ္ငန္းေတြကို လိုက္လံရွင္းလင္းေနပါတယ္။ အြန္လိုင္းေလာင္းကစား လုပ္ငန္းေတြက ရတဲ့ေငြေတြကို ေငြေၾကးဆိုင္ရာ ခ၀ါခ်ေပးေနသူေတြ ဒီလုပ္ငန္းေတြကို နာမည္ခံေပးထားတဲ့ ထုိင္းႏိုင္ငံသားေတြကုိလည္း ဆက္လက္အေရးယူသြားမွာ ျဖစ္ပါတယ္ဆိုျပီး ထုိင္းဘာသာနဲ႔ ေျပာဆုိသြားတာပါ။

ေလာင္းကစားဟုိတယ္ ပိုင္ရွင္တရုတ္နိုင္ငံသားကေတာ့ ထြက္ေျပးလြတ္ေျမာက္သြားေၾကာင္း ထိုင္းသတင္းေတြမွာ ေဖၚျပေနပါတယ္။

COVID-19 ကပ္ေရာဂါေၾကာင့္ အေရးေပၚကာလမွာ ထိုင္းျမန္မာနယ္စပ္ပိတ္ထားခ်ိန္ ထိုင္းျမန္မာနယ္စပ္ မဲေဆာက္ျမိဳ႕နယ္အတြင္းမွာ တရုတ္နိုင္ငံသားပိုင္ ေလာင္းကစားရံုေတြအမ်ားအျပား လာေရာက္အေျခစိုက္ ဖြင့္လွစ္လာတာကို နယ္ေျမခံလူထုေတြက သတင္း ေပးတိုင္ၾကားမႈေတြေၾကာင့္ အခုလို အထူးမႈခင္းႏိွမ္နင္းေရးတပ္ဖြဲ ့ေတြက ေဖၚထုတ္ဖမ္းဆီးခဲ့တာပါ။

မဲေဆာက္ျမိဳ႕ရဲ႕ တဘက္ကမ္း ျမန္မာနိုင္ငံ ကရင္ျပည္နယ္ ျမ၀တီ အာဏာပိုင္ေတြကလည္း ျမ၀တီခရိုင္အတြင္းက ေလာင္းကစားရံုေတြကို ရွင္းလင္းဖမ္းဆီးေနတာေၾကာင့္လည္း ေလာင္းကစားရံု ပိုင္ရွင္ေတြဟာ ထိုင္းဘက္ကမ္းကုိ ေျပာင္းေရႊ႕အေျခစိုက္လာၾကတာလို႔ ထိုင္းသတင္းေတြမွာ ေဖာ္ျပပါတယ္။

ကရင္ျပည္နယ္ ျမ၀တီခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေတဇာေအာင္ကေတာ့ ဒီရက္ပုိင္းမွာ ေလာင္းကစားလုပ္ငန္းေတြ ဆက္တုိက္အေရးယူမႈေတြ လုပ္ေနတယ္လို႔လည္း အခုလိုေျပာသြားပါတယ္။

"အြန္လုိင္းနဲ႔ ဆက္စပ္တာေပါ့။ ႏွစ္ဆန္းပုိင္းတုန္းက ေရႊကုကၠိဳလ္မွာ ကြန္ပ်ဴတာ အလံုး ၅၀၀ ေလာက္မိတယ္။ ေနာက္ထပ္ ျပီးခဲ့တဲ့ကာလ သႀကၤန္အျပီးမွာ အြန္လိုင္း ဂိမ္းဆက္စပ္ပစည္းေတြ မိတယ္။ CID တို႔ cyber crime နဲ႔ ပတ္သက္တဲ့ ပညာရွင္ေတြနဲ႔ စစ္ေဆးျပီးတရားစဲြထားပါတယ္။ ဒီရက္ပုိင္းမွာ ေလာင္းကစားနဲ႔ ပတ္သက္တဲ့ ငါးဂိမ္းေတြမိတယ္။ အဲဒါေတြကလည္း ေန႔စဥ္လို အေရးယူတာရွိတယ္။ မေန႔ကဆို ငါးဂိမ္းေတြ ဖမ္းမိတယ္။ ေလာင္းကစားနဲ႔ ပတ္သက္တာေတြ အေရးယူမႈေတြ ရွိေနပါတယ္။"

အခုဆိုရင္ ေလာင္းကစားရံု သြားစရာမလိုဘဲ ဖုန္းတစ္လံုးရွိရင္ ကစားနိုင္တဲ့ အြန္လိုင္းဂိမ္း ေလာင္းကစားမ်ိဳးစံုကို ထိုင္းနဲ ့ ျမန္မာလူငယ္ေတြ သာမက စီးပြားေရးသမားေတြပါ အမ်ားအျပား ကစားလာၾကတာပါ။ လူငယ္ေတြၾကားထဲမွာလည္း ပ်က္စီးမႈေတြ ျဖစ္လာျပီး ေလာင္းကစားေၾကာင့္ ဘ၀ပ်က္သြားတဲ့သူေတြ ရွိသလို ရာဇ၀တ္မႈေတြလည္း နယ္စပ္မွာမ်ားျပားလာေနတာပါ။

ထိုင္းအစိုးရကေတာ့ အြန္လိုင္းဂိမ္း တရားမ၀င္ကစားေနသူ ကစားဖုိ႔ ေၾကျငာေပးေနသူေတြ ေလာင္းကစားရံုဖြင့္လုပ္တဲ့ လုပ္ငန္းေတြကို ဥပေဒအရ တားျမစ္ထားျပီး ဖမ္းဆီးအေရးယူမႈေတြ ဆက္တိုက္ ျပဳလုပ္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မဲဆောက် လောင်းကစားဟိုတယ် စီးနင်းမှု မြန်မာအပါအဝင် ၁၈၅ ဦးအဖမ်းခံရ

တရုတ်နိုင်ငံသားပိုင်အွန်လိုင်း လောင်းကစား ဟိုတယ်ကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စီးနင်းရာမှ မြန်မာ-ထိုင်းနဲ့တရုတ်နိုင်ငံသား ၂၀၀ နီးပါး ဖမ်းဆီးခံရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့ inthrakiri လမ်းက F4 အမည် ရှိတဲ့ လေးထပ်အဆောက်အဦး ဟိုတယ်ကို ဇွန်လ ၁၇ ရက်နေ့ ညနေက မှုခင်းနှိမ်နင်းရေး အထူးတပ်ဖွဲ့ အမှတ် ၆ ရဲတပ်ဖွဲ့နဲ့စစ်တပ် အပါအဝင် အင်အား ၅၀ လောက်နဲ့ ဝင်ရောက် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဟိုတယ်အတွင်းမှာ မြန်မာ-ထိုင်းနဲ့တရုတ်နိုင်ငံသား လောင်းကစားဝန်ထမ်း ၁၈၅ ယောက်နဲ့အတူ ကွန်ပျူတာ အလုံး ၁၀၀ ဘဏ်စာအုပ်တွေပါသက်သေအဖြစ် ဖမ်းဆီးခဲ့ပါတယ်။

ထိုင်း အထူးနှိမ်နင်းရေးတပ်ဖွဲ့မှူးကတော့ အခုလိုပြောသွားပါတယ်။

လူထုတွေရဲ့ တိုင်ကြားချက်အရ တရားမဝင် အွန်လိုင်းလောင်းကစား လုပ်ငန်းတွေကို လိုက်လံရှင်းလင်းနေပါတယ်။ အွန်လိုင်းလောင်းကစား လုပ်ငန်းတွေက ရတဲ့ငွေတွေကို ငွေကြေးဆိုင်ရာ ခဝါချပေးနေသူတွေ ဒီလုပ်ငန်းတွေကို နာမည်ခံပေးထားတဲ့ ထိုင်းနိုင်ငံသားတွေကိုလည်း ဆက်လက်အရေးယူသွားမှာ ဖြစ်ပါတယ်ဆိုပြီး ထိုင်းဘာသာနဲ့ ပြောဆိုသွားတာပါ။

လောင်းကစားဟိုတယ် ပိုင်ရှင်တရုတ်နိုင်ငံသားကတော့ ထွက်ပြေးလွတ်မြောက်သွားကြောင်း ထိုင်းသတင်းတွေမှာ ဖေါ်ပြနေပါတယ်။

COVID-19 ကပ်ရောဂါကြောင့် အရေးပေါ်ကာလမှာ ထိုင်းမြန်မာနယ်စပ်ပိတ်ထားချိန် ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့နယ်အတွင်းမှာ တရုတ်နိုင်ငံသားပိုင် လောင်းကစားရုံတွေအများအပြား လာရောက်အခြေစိုက် ဖွင့်လှစ်လာတာကို နယ်မြေခံလူထုတွေက သတင်း ပေးတိုင်ကြားမှုတွေကြောင့် အခုလို အထူးမှုခင်းနှိမ်နင်းရေးတပ်ဖွဲ့တွေက ဖေါ်ထုတ်ဖမ်းဆီးခဲ့တာပါ။

မဲဆောက်မြို့ရဲ့တဘက်ကမ်း မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီ အာဏာပိုင်တွေကလည်း မြဝတီခရိုင်အတွင်းက လောင်းကစားရုံတွေကို ရှင်းလင်းဖမ်းဆီးနေတာကြောင့်လည်း လောင်းကစားရုံ ပိုင်ရှင်တွေဟာ ထိုင်းဘက်ကမ်းကို ပြောင်းရွှေ့အခြေစိုက်လာကြတာလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ကရင်ပြည်နယ် မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်ကတော့ ဒီရက်ပိုင်းမှာ လောင်းကစားလုပ်ငန်းတွေ ဆက်တိုက်အရေးယူမှုတွေ လုပ်နေတယ်လို့လည်း အခုလိုပြောသွားပါတယ်။

"အွန်လိုင်းနဲ့ ဆက်စပ်တာပေါ့။ နှစ်ဆန်းပိုင်းတုန်းက ရွှေကုက္ကိုလ်မှာ ကွန်ပျူတာ အလုံး ၅၀၀ လောက်မိတယ်။ နောက်ထပ် ပြီးခဲ့တဲ့ကာလ သင်္ကြန်အပြီးမှာ အွန်လိုင်း ဂိမ်းဆက်စပ်ပစည်းတွေ မိတယ်။ CID တို့ cyber crime နဲ့ ပတ်သက်တဲ့ ပညာရှင်တွေနဲ့ စစ်ဆေးပြီးတရားစွဲထားပါတယ်။ ဒီရက်ပိုင်းမှာ လောင်းကစားနဲ့ ပတ်သက်တဲ့ ငါးဂိမ်းတွေမိတယ်။ အဲဒါတွေကလည်း နေ့စဉ်လို အရေးယူတာရှိတယ်။ မနေ့ကဆို ငါးဂိမ်းတွေ ဖမ်းမိတယ်။ လောင်းကစားနဲ့ ပတ်သက်တာတွေ အရေးယူမှုတွေ ရှိနေပါတယ်။"

အခုဆိုရင် လောင်းကစားရုံ သွားစရာမလိုဘဲ ဖုန်းတစ်လုံးရှိရင် ကစားနိုင်တဲ့ အွန်လိုင်းဂိမ်း လောင်းကစားမျိုးစုံကို ထိုင်းနဲ့ မြန်မာလူငယ်တွေ သာမက စီးပွားရေးသမားတွေပါ အများအပြား ကစားလာကြတာပါ။ လူငယ်တွေကြားထဲမှာလည်း ပျက်စီးမှုတွေ ဖြစ်လာပြီး လောင်းကစားကြောင့် ဘဝပျက်သွားတဲ့သူတွေ ရှိသလို ရာဇဝတ်မှုတွေလည်း နယ်စပ်မှာများပြားလာနေတာပါ။

ထိုင်းအစိုးရကတော့ အွန်လိုင်းဂိမ်း တရားမဝင်ကစားနေသူ ကစားဖို့ ကြေငြာပေးနေသူတွေ လောင်းကစားရုံဖွင့်လုပ်တဲ့ လုပ်ငန်းတွေကို ဥပဒေအရ တားမြစ်ထားပြီး ဖမ်းဆီးအရေးယူမှုတွေ ဆက်တိုက် ပြုလုပ်နေပါတယ်။

XS
SM
MD
LG