သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထုိင္းမွာ ပါတီပြဲက်င္းပတဲ့ ျမန္မာနဲ႔ ထုိင္းႏုိင္ငံသား ၂၁ ဦး ကုိဗစ္အေရးေပၚဥပေဒ ခ်ဳိးေဖာက္မႈနဲ႔ ဖမ္းဆီးခံရ


ထုိင္းမွာ ပါတီပြဲက်င္းပတဲ့ ျမန္မာနဲ႔ ထုိင္းႏုိင္ငံသား ၂၁ ဦး ကုိဗစ္အေရးေပၚဥပေဒ ခ်ဳိးေဖာက္မႈနဲ႔ ဖမ္းဆီးခံရ

(Zawgyi/Unicode)

ထိုင္းနိုင္ငံ ခၽြန္ဘူရီခရိုင္ ပင္လယ္ျပင္အပန္းေျဖပါတီပြဲ က်င္းပေနၾကတဲ့ ျမန္မာနဲ ့ထိုင္းႏိုင္ငံသား ၂၁ ဦးဟာ ကိုဗစ္-၁၉ အေရးေပၚ ဥပေဒနဲ ့ဖမ္းဆီးခံရတ့ဲသတင္းကိုတင္ဆက္ေပးပါမယ္ ။ ထုိင္းျမန္မာနယ္စပ္ကေန မေအးေအးမာ သတင္းေပးပို႔ေနတာပါ။

ဇြန္လ(၇) ရက္ေန ့ညက ထိုင္းနိုင္ငံ ခၽြန္ဘူရီ ခရိုင္ စပ္သဟစ္ ၿမိဳ႕နယ္၊ Bang Sare ကမ္းေျခ ဟုိတယ္မွာ ပါတီပြဲက်င္းပေနၾကတဲ့ ျမန္မာနဲ ့ထိုင္းနိုင္ငံသား ၂၁ ဦး ကို ခၽြန္ဘူရီခရိုင္ စပ္သဟစ္ ရဲတပ္ဖြဲ ့၀င္ေတြက စစ္ေဆးဖမ္းဆီးခဲ့ပါတယ္။ ထိုင္းျမန္မာနယ္စပ္ ခ်င္္းရိုင္ခရိုင္ ကေန ဗင္ကား (Ven Car )သံုးစီးနဲ ့အလည္အပတ္ေရာက္လာၾကတဲ့ ရွမ္းႏြယ္ဖြား ျမန္မာနဲ႕ ထိုင္းနိုင္ငံသား အမ်ိဳးသား ၊ အမ်ိဳးသမီး ၂၁ ဦးထဲမွာ တရားမ၀င္ ျမန္မာႏိုင္ငံသားေတြလည္း ပါ၀င္တာပါ။

ခၽြန္ဘူရီ ခရိုင္၊ စပ္သဟစ္ ၿမိဳ ့နယ္ရဲမွဴး PANYA DAM LEK ကေတာ့ ထုိင္းဘာသာနဲ႕ အခုလိုေျပာသြားပါတယ္။
“ ဥပေဒအရ လာေရာက္စစ္ေဆး အေရးယူတာသာျဖစ္တယ္။ စုေပါင္း၀ုိင္းဖဲြ ့ ေသာက္စားေနတာကို ကိုဗစ္ ၁၉ အေရးေပၚကာလမွာ ခြင့္ျပဳလို႕ မရဘူး” ဆိုတဲ့အေႀကာင္းကုိေျပာသြားတာပါ။

ထိုင္းႏိုင္ငံမွာ ကုိဗစ္ ၁၉အေရးေပၚကာလကန္႕သတ္ခ်က္ေတြအရ ခရီးသြားလာခြင့္ေတြ ေျဖေလ်ာ့ ေပးထားေပမဲ့ လူစုလူေ၀းနဲ႕ လုပ္တဲ့ပါတီပဲြေတြ ဘာသာေရးပဲြေတြနဲ့ ေပ်ာ္ပဲြရႊင္ပဲြေတြကို ခြင့္မျပဳေသးပါဘူး။

ကမ္းေျခမွာ ပါတီလုပ္ေနၾကတာ ႏွစ္ရက္ေျမာက္တဲ့ေနမွာ ေဒသခံေတြကသတင္းေပး တိုင္ၾကားတာေႀကာင့္အခုလို ၀င္ေရာက္ဖမ္းဆီးခဲ့တာလို့ဆိုပါတယ္ ထိုင္းႏိုင္ငံမွာ ဇြန္လထဲမွာပဲ ခရိုင္တခုနဲ႕ တခုခရီးသြားလာခြင့္တခ်ိဳ ့ ေျဖေလ်ာ့ေပးထားေပမယ့္ နယ္ေျမအလိုက္ ေဒသႏၱရအမိန့္ေတြကလည္း ရွိေနေသးတာပါ ။

ဖမ္းဆီးမိသူထဲက တခ်ိဳ႕ဟာ ဗုဒၶဘာသာသံဃာေတြျဖစ္ၿပီး ဖမ္းဆီးရခ်ိန္မွာလူ၀တ္လဲထားႀကပါတယ္။ ဒီထဲက ၃ဦးကေတာ့ သက္ေသခံ စာရြက္္စာတမ္း အေထာက္အထားမရွိသူေတြျဖစ္တယ္လို႕ ဆိုပါတယ္ ။

COVID-19 ကိုဗစ္ကာလ အေရးေပၚ ကာလ အုပ္စုဖြဲ ့ ပါတီပြဲက်င္းပတာ အရက္၀ိုင္းဖြဲ ့ ေသာက္စားတာေတြကို ထိုင္းအာဏာပုိင္ေတြကတားျမစ္ထားဆဲျဖစ္ျပီး အခုလို ေပ်ာ္ပဲြရြင္ပဲြပါတီပြဲေတြ ျပဳလုပ္တဲ့သူေတြကို ကုိဗစ္ ၁၉ အေရးေပၚ ဥပေဒနဲ ့ တရားစဲြဆို အေရးယူ ခံရႏိုင္ၿပီး ဒီလိုက်ဳးလြန္သူေတြဟာ ေထာင္ဒဏ္ ႏွစ္ႏွစ္နဲ ့ ေငြဒဏ္ ဘတ္ေငြ တစ္သိန္းအထိ က်ခံရနိုင္ေၾကာင္း ထုိင္းဥပေဒမွာေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

(Unicode)

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ပင်လယ်ပြင်အပန်းဖြေပါတီပွဲ ကျင်းပနေကြတဲ့ မြန်မာနဲ့ထိုင်းနိုင်ငံသား ၂၁ ဦးဟာ ကိုဗစ်-၁၉ အရေးပေါ် ဥပဒေနဲ့ဖမ်းဆီးခံရတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ။ ထိုင်းမြန်မာနယ်စပ်ကနေ မအေးအေးမာ သတင်းပေးပို့နေတာပါ။

ဇွန်လ(၇) ရက်နေ့ညက ထိုင်းနိုင်ငံ ချွန်ဘူရီ ခရိုင် စပ်သဟစ် မြို့နယ်၊ Bang Sare ကမ်းခြေ ဟိုတယ်မှာ ပါတီပွဲကျင်းပနေကြတဲ့ မြန်မာနဲ့ထိုင်းနိုင်ငံသား ၂၁ ဦး ကို ချွန်ဘူရီခရိုင် စပ်သဟစ် ရဲတပ်ဖွဲ့ဝင်တွေက စစ်ဆေးဖမ်းဆီးခဲ့ပါတယ်။ ထိုင်းမြန်မာနယ်စပ် ချင်းရိုင်ခရိုင် ကနေ ဗင်ကား (Ven Car )သုံးစီးနဲ့အလည်အပတ်ရောက်လာကြတဲ့ ရှမ်းနွယ်ဖွား မြန်မာနဲ့ ထိုင်းနိုင်ငံသား အမျိုးသား ၊ အမျိုးသမီး ၂၁ ဦးထဲမှာ တရားမဝင် မြန်မာနိုင်ငံသားတွေလည်း ပါဝင်တာပါ။
ချွန်ဘူရီ ခရိုင်၊ စပ်သဟစ် မြို့နယ်ရဲမှူး PANYA DAM LEK ကတော့ ထိုင်းဘာသာနဲ့ အခုလိုပြောသွားပါတယ်။
“ ဥပဒေအရ လာရောက်စစ်ဆေး အရေးယူတာသာဖြစ်တယ်။ စုပေါင်းဝိုင်းဖွဲ့ သောက်စားနေတာကို ကိုဗစ် ၁၉ အရေးပေါ်ကာလမှာ ခွင့်ပြုလို့ မရဘူး” ဆိုတဲ့အကြောင်းကိုပြောသွားတာပါ။

ထိုင်းနိုင်ငံမှာ ကိုဗစ် ၁၉အရေးပေါ်ကာလကန့်သတ်ချက်တွေအရ ခရီးသွားလာခွင့်တွေ ဖြေလျော့ ပေးထားပေမဲ့ လူစုလူဝေးနဲ့ လုပ်တဲ့ပါတီပွဲတွေ ဘာသာရေးပွဲတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေကို ခွင့်မပြုသေးပါဘူး။

ကမ်းခြေမှာ ပါတီလုပ်နေကြတာ နှစ်ရက်မြောက်တဲ့နေမှာ ဒေသခံတွေကသတင်းပေး တိုင်ကြားတာကြောင့်အခုလို ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ဆိုပါတယ် ထိုင်းနိုင်ငံမှာ ဇွန်လထဲမှာပဲ ခရိုင်တခုနဲ့ တခုခရီးသွားလာခွင့်တချို့ ဖြေလျော့ပေးထားပေမယ့် နယ်မြေအလိုက် ဒေသန္တရအမိန့်တွေကလည်း ရှိနေသေးတာပါ ။

ဖမ်းဆီးမိသူထဲက တချို့ဟာ ဗုဒ္ဓဘာသာသံဃာတွေဖြစ်ပြီး ဖမ်းဆီးရချိန်မှာလူဝတ်လဲထားကြပါတယ်။ ဒီထဲက ၃ဦးကတော့ သက်သေခံ စာရွက်စာတမ်း အထောက်အထားမရှိသူတွေဖြစ်တယ်လို့ ဆိုပါတယ် ။

COVID-19 ကိုဗစ်ကာလ အရေးပေါ် ကာလ အုပ်စုဖွဲ့ ပါတီပွဲကျင်းပတာ အရက်ဝိုင်းဖွဲ့ သောက်စားတာတွေကို ထိုင်းအာဏာပိုင်တွေကတားမြစ်ထားဆဲဖြစ်ပြီး အခုလို ပျော်ပွဲရွင်ပွဲပါတီပွဲတွေ ပြုလုပ်တဲ့သူတွေကို ကိုဗစ် ၁၉ အရေးပေါ် ဥပဒေနဲ့ တရားစွဲဆို အရေးယူ ခံရနိုင်ပြီး ဒီလိုကျုးလွန်သူတွေဟာ ထောင်ဒဏ် နှစ်နှစ်နဲ့ ငွေဒဏ် ဘတ်ငွေ တစ်သိန်းအထိ ကျခံရနိုင်ကြောင်း ထိုင်းဥပဒေမှာဖော်ပြထားပါတယ်။

XS
SM
MD
LG