သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္း-ျမန္မာ နယ္စပ္ေလွဂိတ္ေတြ ၆ ရက္ေန႔ ျပန္ဖြင့္ေတာ့မယ္


နယ္စပ္ေလွဂိတ္ေတြ ပိတ္ထားတဲ့အတြက္ အသြားအလာမရွိ ကုန္စည္စီးဆင္းမႈမရွိ ျဖစ္ေနတဲ့ ေလွဂိတ္တခု။

(Zawgyi / Unicode)

COVID-19 အေရးေပၚကာလမွာ ပိတ္ထားတဲ့ ထိုင္းႏုိင္ငံ မဲေဆာက္ၿမိဳ႕နဲ႔ ျမန္မာႏုိင္ငံ ျမဝတီၿမိဳ႕ၾကား ကုန္သြယ္ေရးေလွဂိတ္ေတြ ျပန္ဖြင့္ေတာ့မွာ ျဖစ္ပါတယ္။ ဒီအေၾကာင္း အျပည့္အစုံကုိ ထုိင္းအေျခစုိက္ ဗြီအုိေအ ျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

ထိုင္းႏုိင္ငံ တာ့ခ္ခ႐ုိင္ မဲေဆာက္ၿမိဳ႕မွာ ဇူလိုင္လ ၃ ရက္ေန႔က က်င္းပခဲ့တဲ့ နယ္စပ္ကုန္သြယ္ေရးနဲ႔ COVID-19 ကပ္ေရာဂါ ထိန္းခ်ဳပ္မႈဆိုင္ရာ အစည္းအေ၀းကေန ေလွဂိတ္ေတြ ျပန္ဖြင့္မယ့္အေၾကာင္း ဆံုးျဖတ္ခဲ့တာပါ။ တာ့ခ္ခ႐ုိင္ အုပ္ခ်ဳပ္ေရးမွဴး Mr. Orsit Samphantharat က ထိုင္းဘာသာနဲ႔ အခုလို ေျပာသြားပါတယ္။

“ႏွစ္ႏိုင္ငံကုန္သြယ္ေရးအတြက္ အေရးပါတဲ့ နယ္စပ္ျဖတ္ေက်ာ္တဲ့ လမ္းေၾကာင္းေတြ ျပန္ဖြင့္ေပးဖို႔ ဆံုးျဖတ္ခဲ့ပါတယ္။ COVID-19 ကပ္ေရာဂါျဖစ္ေနခ်ိန္ အေရးေပၚကာလအတြင္းမွာ ႏွစ္ႏုိင္ငံနယ္စပ္ ေသာင္ရင္းျမစ္ေခၚ မိုးေရးျမစ္ေၾကာင္း တေလွ်ာက္က ကုန္သြယ္ေရးလမ္းေၾကာင္း ၃၃ ေနရာကို ပိတ္ထားခဲ့ၿပီး အခုအခါမွာေတာ့ ေရာဂါပိုးဆိုင္ရာ ျပန္႔ပြားမႈေတြကို ထိန္းခ်ဳပ္ႏုိင္ၿပီျဖစ္သလို ႏွစ္ဖက္ကုန္သည္ေတြကလည္း ဆံုး႐ႈံးနစ္နာမႈေတြ ျဖစ္ေနတာေတြေၾကာင့္ စမ္းသပ္ကာလအျဖစ္ ကုန္ေတြ သြားလာလို႔ရေအာင္ ဇူလိုင္လ ၆ ရက္ တနလၤာေန႔ကစၿပီး ျပန္ဖြင့္ေပးဖို႔ ဆံုးျဖတ္ခဲ့ပါတယ္။”

ဒီေဆးေႏြးပဲြမွာ တာ့ခ႐ုိင္က အုပ္ခ်ဳပ္ေရးအဖဲြ႔ေတြ၊ ရဲတပ္ဖြဲ႔၊ ကုန္သည္ႀကီးမ်ားအသင္း၊ COVID-19 ကပ္ေရာဂါ ထိန္းခ်ဳပ္ေရး က်န္းမာေရး အဖြဲ႔အစည္း အသီးသီးက ကိုယ္စားလွယ္ေပါင္း ၈၀ ေက်ာ္ တက္ေရာက္ခဲ့ၾကတာပါ။

ဒီဂိတ္ေတြကုိ ႏွစ္ႏုိင္ငံနယ္စပ္ ကုန္စည္ျဖတ္သန္းေရးအတြက္ ဖြင့္ေပးမွာျဖစ္ပါတယ္။

တာ့ခ္ခ႐ုိင္ မဲေဆာက္-ထေဆာင္ရမ္-မဲလမ-ဖြတ္ဖရ ၿမိဳ႕နယ္အတြင္း ေသာင္ရင္းျမစ္ေၾကာင္းတလွ်ာက္မွာ ရွိေနတဲ့ နယ္စပ္ဂိတ္ ၃၃ ဂိတ္ကို တပတ္ ၅ ရက္ ဖြင့္ေပးမွာျဖစ္ၿပီး မနက္ ၇ နာရီမွ ညေန ၆ နာရီအထိ ျပန္ဖြင့္ေပးမွာ ျဖစ္ပါတယ္။ ဒီအတြက္ ႏွစ္ႏုိင္ငံ ထြက္ကုန္ေတြနဲ႔ ႏိုင္ငံျခားကလာတဲ့ တပတ္ရစ္ပစၥည္းေတြကို ျဖတ္သန္းပို႔ေဆာင္ခြင့္ ေပးမွာျဖစ္ေပမယ့္ ႏွစ္ႏုိင္ငံအၾကား ကူးသန္းသြားလာ အလုပ္လုပ္ေနၾကတဲ့ သူူေတြကိုေတာ့ ျဖတ္သန္းခြင့္ ဆက္လက္ပိတ္ထားမယ္လို႔ ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------------------

(Unicode)

ထိုင်း-မြန်မာ နယ်စပ်လှေဂိတ်တွေ ၆ ရက်နေ့ ပြန်ဖွင့်တော့မယ်

COVID-19 အရေးပေါ်ကာလမှာ ပိတ်ထားတဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့နဲ့ မြန်မာနိုင်ငံ မြဝတီမြို့ကြား ကုန်သွယ်ရေးလှေဂိတ်တွေ ပြန်ဖွင့်တော့မှာ ဖြစ်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့မှာ ဇူလိုင်လ ၃ ရက်နေ့က ကျင်းပခဲ့တဲ့ နယ်စပ်ကုန်သွယ်ရေးနဲ့ COVID-19 ကပ်ရောဂါ ထိန်းချုပ်မှုဆိုင်ရာ အစည်းအဝေးကနေ လှေဂိတ်တွေ ပြန်ဖွင့်မယ့်အကြောင်း ဆုံးဖြတ်ခဲ့တာပါ။ တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူး Mr. Orsit Samphantharat က ထိုင်းဘာသာနဲ့ အခုလို ပြောသွားပါတယ်။

“နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အရေးပါတဲ့ နယ်စပ်ဖြတ်ကျော်တဲ့ လမ်းကြောင်းတွေ ပြန်ဖွင့်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ COVID-19 ကပ်ရောဂါဖြစ်နေချိန် အရေးပေါ်ကာလအတွင်းမှာ နှစ်နိုင်ငံနယ်စပ် သောင်ရင်းမြစ်ခေါ် မိုးရေးမြစ်ကြောင်း တလျှောက်က ကုန်သွယ်ရေးလမ်းကြောင်း ၃၃ နေရာကို ပိတ်ထားခဲ့ပြီး အခုအခါမှာတော့ ရောဂါပိုးဆိုင်ရာ ပြန့်ပွားမှုတွေကိုထိန်းချုပ်နိုင်ပြီဖြစ်သလို နှစ်ဖက်ကုန်သည်တွေကလည်း ဆုံးရှုံးနစ်နာမှုတွေ ဖြစ်နေတာတွေကြောင့် စမ်းသပ်ကာလအဖြစ် ကုန်တွေ သွားလာလို့ရအောင် ဇူလိုင်လ ၆ ရက် တနင်္လာနေ့ကစပြီး ပြန်ဖွင့်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။”

ဒီဆေးနွေးပွဲမှာ တာ့ခရိုင်က အုပ်ချုပ်ရေးအဖွဲ့တွေ၊ ရဲတပ်ဖွဲ့၊ ကုန်သည်ကြီးများအသင်း၊ COVID-19 ကပ်ရောဂါ ထိန်းချုပ်ရေး ကျန်းမာရေး အဖွဲ့အစည်း အသီးသီးက ကိုယ်စားလှယ်ပေါင်း ၈၀ ကျော် တက်ရောက်ခဲ့ကြတာပါ။

ဒီဂိတ်တွေကို နှစ်နိုင်ငံနယ်စပ် ကုန်စည်ဖြတ်သန်းရေးအတွက် ဖွင့်ပေးမှာဖြစ်ပါတယ်။

တာ့ခ်ခရိုင် မဲဆောက်-ထဆောင်ရမ်-မဲလမ-ဖွတ်ဖရ မြို့နယ်အတွင်း သောင်ရင်းမြစ်ကြောင်းတလျှာက်မှာ ရှိနေတဲ့ နယ်စပ်ဂိတ် ၃၃ ဂိတ်ကို တပတ် ၅ ရက် ဖွင့်ပေးမှာဖြစ်ပြီး မနက် ၇ နာရီမှ ညနေ ၆ နာရီအထိ ပြန်ဖွင့်ပေးမှာ ဖြစ်ပါတယ်။ ဒီအတွက် နှစ်နိုင်ငံ ထွက်ကုန်တွေနဲ့ နိုင်ငံခြားကလာတဲ့ တပတ်ရစ်ပစ္စည်းတွေကို ဖြတ်သန်းပို့ဆောင်ခွင့် ပေးမှာဖြစ်ပေမယ့် နှစ်နိုင်ငံအကြား ကူးသန်းသွားလာ အလုပ်လုပ်နေကြတဲ့ သူူတွေကိုတော့ ဖြတ်သန်းခွင့် ဆက်လက်ပိတ်ထားမယ်လို့ ဆိုပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG