သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္းျပန္ ၂၀,၀၀၀ ေက်ာ္ထဲ ကိုဗစ္စစ္ၿပီးသမ ွ် ၅,၀၀၀ နီးပါး ေရာဂါပိုးမေတြ႔


ေနရပ္ျပန္မ်ားအတြက္ျမန္မာဘက္က စီစဥ္ေပးထားတဲ့ ကားမ်ား

[Zawgyi/Unicode]

ေမလ ၂၂ ရက္ေန႔ကစလို႔ ထိုင္းႏိုင္ငံနယ္စပ္ မဲေဆာက္ ျမ၀တီကေန ေနရပ္ျပန္သူ လူဦးေရ ၂၀,၀၀၀ ေက်ာ္ရွိသြားျပီျဖစ္သလို၊ အဲဒီအထဲ လူ ၅,၀၀၀ နီးပါးကုိ ကရင္ျပည္နယ္ျမ၀တီျမိဳ႕က COVID -19 ဓါတ္ခဲြနမူနာယူရလဒ္စစ္ေဆးတဲ့အခါ အားလံုး ေရာဂါပိုးမေတြ႔ဘူးဆိုတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက ေျပာျပပါမယ္။

ထို္င္းႏိုင္ငံတြင္း COVID-19 အေရးေပၚကာလမွာ အလုပ္လက္မဲ့ျဖစ္ေနတဲ့ ျမန္မာႏိုိင္ငံသားေတြကုိ ေမလ ၂၂ ရက္ညကစျပီး ေနရပ္ျပန္ခြင့္ေပးခဲ့တာပါ။ ဒီထဲမွာ ျမ၀တီမဲေဆာက္နယ္စပ္ကေန အမ်ားဆံုး ေနရပ္ျပန္ခဲ့ၾကပါတယ္။ ဒီထဲက ဇြန္လ ၁၀ ရက္ေန႔အထိ COVID -19 ဓါတ္ခဲြနမူနာယူရလဒ္ေတြ စစ္ေဆးျပီးသမ်ွ အားလံုး ေရာဂါပိုးမေတြ႔ဘူးဆိုတဲ့အေၾကာင္း ကရင္ျပည္နယ္ ျမ၀တီခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေတဇာေအာင္က ေျပာပါတယ္။

"အခုစစ္တာက ၄,၈၀၀ ေက်ာ္သြားျပီး ၅,၀၀၀ နီးပါးရွိသြားျပီ။ ဒါေပမဲ့က်ေနာ္တုိ႔ စစ္သမ်ွေတာ့ အားလံုး negative ပါပဲ။"

ဒါေပမဲ့ ထုိင္းျပန္ျမန္မာေတြထဲက ပဲခူးတိုင္းနဲ႔ မေကြးတုိင္းမွာ ကုိဗစ္ ေပါ့စတစ္အေျဖထြက္တာ ႏွစ္ ဦး ရွိပီျဖစ္ေၾကာင္း ဒါကလည္းေနရပ္ျပန္ျပီးမွာ ေတြ႕ရွိတာျဖစ္တယ္လို႔ ဆုိပါတယ္။ ဒီအတြက္သူတို႔ကုိ က်န္းမာေရးစစ္ေဆးေပးသူေတြ လူ၀င္မႈၾကီးၾကပ္ေရး၀န္ထမ္းေတြနဲ႔ ဌာနဆိုင္ရာ၀န္ထမ္း တခ်ိဳ႕ကုိပါ COVID-19 ကပ္ေရာဂါပုိးကုိ စစ္ေဆးထားရတယ္လို႔လည္း ဆိုပါတယ္။

"က်ေနာ္တို႔ ပဲခူးတိုင္းေဒသက တဦးကို ေတြ႔ၿပိီး မေကြးတိုင္း သရက္ဘက္မွာ တေယာက္ဆိုေတာ့ အခုထိ ႏွစ္ေယာက္ေတာ့ ေပါ့စတစ္ေတြ႔တယ္။ ထပ္ေတြ ့ေတာ့ သူတို႔နဲ႔ နီးနီးစပ္စပ္ေနခဲ့တဲ့ အဖဲြ႔ေတြ အဖ်ားတိုင္းတာ အဖ်ားဘယ္ေလာက္ဆုိတာ ေရးေပးခဲ့တာတုိ႔က ႏွစ္ေယာက္၊ လ၀က ႏွစ္ေယာက္ကလည္း ပတ္စပို႔မွတ္တမ္းစိစစ္တာ ႏွစ္ေယာက္၊ ဟိုဘက္က ရဲအုပ္တေယာက္ စာရင္းေရးတာ တေယာက္၊ ျမ၀တီမွာ စစ္တာေတာ့ ကိုဗစ္ျဖစ္တာေတာ့ မရွိဘူး။ ျမ၀တီကေန ျဖတ္ျပီး သြားလာတဲ့သူ ႏွစ္ေယာက္ပဲ ေပါ့စတစ္ျဖစ္တာ အဲဒီေတာ့သူတုိ႔နဲ႔ ဆက္စပ္ျပီး ကုိဗစ္စစ္ရတာေတြေတာ့ ရွိတယ္။"

ထိုင္းနိုင္ငံမွာ COVID-19 ကူးစက္ေရာဂါတိုက္ဖ်က္ကာကြယ္ေရး စီမံခန႔္ခြဲမႈ ဗဟိုဌာန (CCSA)က အေရးေပၚအေျခအေနျပဌာန္းၿပီး ညမထြက္ရအမိန႔္ႏွင့္ ခရိုင္ျဖတ္ေက်ာ္ခရီးသြားလာမႈ ကန္႔သတ္ထားခ်ိန္မွာ ဘန္ေကာက္ျမိဳ႕ ျမန္မာသံရံုးနဲ႔ ထုိင္းအစိုးရတုိ႔ ညိွႏိႈင္းျပီး ေနရပ္ျပန္မဲ့ ျမန္မာအလုပ္သမားေတြကို ေမလ ၂၂ ရက္စတင္ျပီး ဘန္ေကာက္အေ၀းေျပး ကားဂိတ္ကေန လံုျခံဳေရးစီမံခ်က္ေတြ လုပ္ျပီး အထူးကားေတြနဲ႔ ေျပးဆဲြခဲ့ပါတယ္။

ခရိုင္တခုနဲ႔ ျဖတ္ေက်ာ္ခရီးသြားလာခြင့္ ပိတ္ဆို ့ကန္႔သတ္ခ်က္ေတြကိုလည္း ထိုင္းအစုိးရဘက္က ေျဖေလ်ာ့ေပးလိုက္ျပီး ေနာက္ပုိ္င္းမွာ ကုိယ့္အစီစဥ္နဲ႔ ကိုယ္နယ္စပ္အသီးသီးက ေနရပ္ျပန္ေနႀကသူေတြလည္း ရွိေနပါတယ္။ ထုိင္းျမန္မာနယ္စပ္မွာေတာ့ မဲေဆာက္ျမ၀တီ ရေနာင္ေကာ့ေသာင္း တာခ်ိလိပ္မဲဆိုင္စတဲ့ေနရာေတြကေန ျမန္မာႏိုင္ငံသား ေရႊ႕ေျပာင္းအလုပ္သမားမ်ား တရား၀င္ေရာ တရားမ၀င္ေတြပါ ေနရပ္ေတြကို ျပန္ေနၾကတာ ျဖစ္ပါတယ္။

လတ္တေလာအားျဖင့္ ထိုင္းနဲ႔ မေလးရွားဘက္ကေန ျမန္မာႏိုင္ငံထဲကို ျပန္၀င္လာတဲ့ ျမန္မာႏို္ငငံသား အလုပ္လက္မဲ့ျဖစ္ေနသူဟာ ၁၀၀,၀၀၀ ေလာက္ရိွၿပီလို႔ ျမန္မာအလုပ္သမားေရးတာ၀န္ရိွသူေတြက ခန္႔မွန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိုင်းပြန် ၂၀,၀၀၀ ကျော်ထဲ ကိုဗစ်စစ်ပြီးသမ ျှ ၅,၀၀၀ နီးပါး ရောဂါပိုးမတွေ့

မေလ ၂၂ ရက်နေ့ကစလို့ ထိုင်းနိုင်ငံနယ်စပ် မဲဆောက် မြဝတီကနေ နေရပ်ပြန်သူ လူဦးရေ ၂၀,၀၀၀ ကျော်ရှိသွားပြီဖြစ်သလို၊ အဲဒီအထဲ လူ ၅,၀၀၀ နီးပါးကို ကရင်ပြည်နယ်မြဝတီမြို့က COVID -19 ဓါတ်ခွဲနမူနာယူရလဒ်စစ်ဆေးတဲ့အခါ အားလုံး ရောဂါပိုးမတွေ့ဘူးဆိုတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ပြောပြပါမယ်။

ထိုင်းနိုင်ငံတွင်း COVID-19 အရေးပေါ်ကာလမှာ အလုပ်လက်မဲ့ဖြစ်နေတဲ့ မြန်မာနိုင်ငံသားတွေကို မေလ ၂၂ ရက်ညကစပြီး နေရပ်ပြန်ခွင့်ပေးခဲ့တာပါ။ ဒီထဲမှာ မြဝတီမဲဆောက်နယ်စပ်ကနေ အများဆုံး နေရပ်ပြန်ခဲ့ကြပါတယ်။ ဒီထဲက ဇွန်လ ၁၀ ရက်နေ့အထိ COVID -19 ဓါတ်ခွဲနမူနာယူရလဒ်တွေ စစ်ဆေးပြီးသမျှ အားလုံး ရောဂါပိုးမတွေ့ဘူးဆိုတဲ့အကြောင်း ကရင်ပြည်နယ် မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောပါတယ်။

"အခုစစ်တာက ၄,၈၀၀ ကျော်သွားပြီး ၅,၀၀၀ နီးပါးရှိသွားပြီ။ ဒါပေမဲ့ကျနော်တို့ စစ်သမျှတော့ အားလုံး negative ပါပဲ။"

ဒါပေမဲ့ ထိုင်းပြန်မြန်မာတွေထဲက ပဲခူးတိုင်းနဲ့ မကွေးတိုင်းမှာ ကိုဗစ် ပေါ့စတစ်အဖြေထွက်တာ နှစ် ဦး ရှိပီဖြစ်ကြောင်း ဒါကလည်းနေရပ်ပြန်ပြီးမှာ တွေ့ရှိတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအတွက်သူတို့ကို ကျန်းမာရေးစစ်ဆေးပေးသူတွေ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းတွေနဲ့ ဌာနဆိုင်ရာဝန်ထမ်း တချို့ကိုပါ COVID-19 ကပ်ရောဂါပိုးကို စစ်ဆေးထားရတယ်လို့လည်း ဆိုပါတယ်။

"ကျနော်တို့ ပဲခူးတိုင်းဒေသက တဦးကို တွေ့ပြီး မကွေးတိုင်း သရက်ဘက်မှာ တယောက်ဆိုတော့ အခုထိ နှစ်ယောက်တော့ ပေါ့စတစ်တွေ့တယ်။ ထပ်တွေ့တော့ သူတို့နဲ့ နီးနီးစပ်စပ်နေခဲ့တဲ့ အဖွဲ့တွေ အဖျားတိုင်းတာ အဖျားဘယ်လောက်ဆိုတာ ရေးပေးခဲ့တာတို့က နှစ်ယောက်၊ လဝက နှစ်ယောက်ကလည်း ပတ်စပို့မှတ်တမ်းစိစစ်တာ နှစ်ယောက်၊ ဟိုဘက်က ရဲအုပ်တယောက် စာရင်းရေးတာ တယောက်၊ မြဝတီမှာ စစ်တာတော့ ကိုဗစ်ဖြစ်တာတော့ မရှိဘူး။ မြဝတီကနေ ဖြတ်ပြီး သွားလာတဲ့သူ နှစ်ယောက်ပဲ ပေါ့စတစ်ဖြစ်တာ အဲဒီတော့သူတို့နဲ့ ဆက်စပ်ပြီး ကိုဗစ်စစ်ရတာတွေတော့ရှိတယ်။"

ထိုင်းနိုင်ငံမှာ COVID-19 ကူးစက်ရောဂါတိုက်ဖျက်ကာကွယ်ရေး စီမံခန့်ခွဲမှု ဗဟိုဌာန (CCSA)က အရေးပေါ်အခြေအနေပြဌာန်းပြီး ညမထွက်ရအမိန့်နှင့် ခရိုင်ဖြတ်ကျော်ခရီးသွားလာမှု ကန့်သတ်ထားချိန်မှာ ဘန်ကောက်မြို့ မြန်မာသံရုံးနဲ့ ထိုင်းအစိုးရတို့ ညှိနှိုင်းပြီး နေရပ်ပြန်မဲ့ မြန်မာအလုပ်သမားတွေကို မေလ ၂၂ ရက်စတင်ပြီး ဘန်ကောက်အဝေးပြေး ကားဂိတ်ကနေ လုံခြုံရေးစီမံချက်တွေ လုပ်ပြီး အထူးကားတွေနဲ့ ပြေးဆွဲခဲ့ပါတယ်။

ခရိုင်တခုနဲ့ ဖြတ်ကျော်ခရီးသွားလာခွင့် ပိတ်ဆို့ကန့်သတ်ချက်တွေကိုလည်း ထိုင်းအစိုးရဘက်က ဖြေလျော့ပေးလိုက်ပြီး နောက်ပိုင်းမှာ ကိုယ့်အစီစဉ်နဲ့ ကိုယ်နယ်စပ်အသီးသီးက နေရပ်ပြန်နေကြသူတွေလည်း ရှိနေပါတယ်။ ထိုင်းမြန်မာနယ်စပ်မှာတော့ မဲဆောက်မြဝတီ ရနောင်ကော့သောင်း တာချိလိပ်မဲဆိုင်စတဲ့နေရာတွေကနေ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ တရားဝင်ရော တရားမဝင်တွေပါ နေရပ်တွေကို ပြန်နေကြတာ ဖြစ်ပါတယ်။

လတ်တလောအားဖြင့် ထိုင်းနဲ့ မလေးရှားဘက်ကနေ မြန်မာနိုင်ငံထဲကို ပြန်ဝင်လာတဲ့ မြန်မာနိုငငံသား အလုပ်လက်မဲ့ဖြစ်နေသူဟာ ၁၀၀,၀၀၀ လောက်ရှိပြီလို့ မြန်မာအလုပ်သမားရေးတာဝန်ရှိသူတွေက ခန့်မှန်းထားပါတယ်။

XS
SM
MD
LG