သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မဲေဆာက္ ျမ၀တီ ကုန္သြယ္ေရးေလွဂိတ္ ထိုင္းဘက္ျခမ္း ျပန္ဖြင့္


ထိုင္းျမန္မာနယ္စပ္မွာ ကုိဗစ္ကာလမျဖစ္ခင္ တပတ္ရစ္ကားေတြတင္သြင္းေနတဲ့ ေလွဂိတ္တခု။

[Zawgyi/Unicode]

COVID 19 အေရးေပၚကာလမွာ ပိတ္ထားတဲ့ ထိုင္းႏုိင္ငံ မဲေဆာက္ၿမိဳ႕နဲ႔ ျမန္မာႏုိင္ငံ ျမဝတီၿမိဳ႕ၾကား ကုန္သြယ္ေရးေလွဂိတ္ေတြကုိ ဒီေန႔ပဲ ထုိင္းႏုိင္ငံဘက္က ျပန္ဖြင့္လိုက္ေပမဲ့ ျမန္မာႏိုင္ငံဘက္ကေတာ့ ဇူလိုင္လကုန္အထိ ပိတ္ထားတဲ့အတြက္ အခက္အခဲေတြ ႀကံဳေနရတဲ့အေၾကာင္း တင္ဆက္ေပးလိုပါတယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက ထိုင္း - ျမန္မာနယ္စပ္ကေန သတင္းေပးပို႔ထားပါတယ္။

ထိုင္းနိုင္ငံတာ့ခ္ခရိုင္ မဲေဆာက္ျမိဳ႕မွာ ဇူလိုင္လ ၃ ရက္ေန႔က က်င္းပခဲ့တဲ့ နယ္စပ္ကုန္သြယ္ေရးနဲ ့COVID 19 ကပ္ေရာဂါ ထိမ္းခ်ဳပ္မႈဆိုင္ရာ အစည္းအေ၀းကေန ေလွဂိတ္ေတြျပန္ဖြင့္ဖို႔ ဆံုးျဖတ္လိုက္ျပီးေနာက္ ဒီကေန႔ပဲ ျပန္ဖြင့္ေပးလုိက္တာပါ။ ဒါေပမဲ့လည္း ျမန္မာႏုိင္ငံဘက္ကေတာ့ ကပ္ေရာဂါကာလ ကန္႔သတ္တဲ့အေနနဲ႔ ဆက္ပိတ္ထားဦးမွာ ျဖစ္ေၾကာင္း ကရင္ျပည္နယ္ ျမ၀တီခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေတဇာေအာင္က ဆိုပါတယ္။

"ေလာေလာဆယ္မွာေတာ့ ကုိဗစ္ကာလျဖစ္တဲ့အတြက္ ထုိင္းႏိုင္ငံမွာလည္း ေလွဂိတ္ (ကူးတို႔ဆိပ္)ေတြ ရွိတယ္။ က်ေနာ္တုိ႔ဆီမွာလည္း ရွိတယ္။ ဒါေပမဲ့က်ေနာ္တုိ႔ ေလွဂိတ္က ၁၉ ရက္ ၃လ ၂၀၂၀ လပုိင္းကတည္းက ပိတ္ထားတယ္။ နယ္စပ္ကူးသန္းေရာင္း၀ယ္မႈေရာ နယ္စပ္ေဒသအားလံုး ႏိုင္ငံေတာ္ေၾကျငာခ်က္အရ ဇူလိုင္လ ၃၀ အထိပိတ္ထားတာပါ။ ႏိုင္ငံတကာ ၀င္ေပါက္၊ ထြက္ေပါက္ အ၀င္အထြက္ သြားလာခြင့္အရ ကူးတို႔ဆိပ္(ေလွဂိတ္)ေတြကို ျပန္ဖြင့္လုိ႔မရေသးဘူး။ က်ေနာ္တို႔မွာ စက္ေလွေတြ သြားလာမႈကလည္းေလာေလာဆယ္ ကန္႔သတ္ခ်က္ရွိတယ္။ COVID 19 အရ သြားလာႏိုင္ျပီး တံတား ၁ ျပန္ဖြင့္ျပီဆုိရင္ေတာ့လည္း ေလွဆိပ္ေတြလည္း ျပန္ဖြင့္ႏိုင္ပါတယ္။"

ဂ်ပန္ႏိုင္ငံလာတဲ့ တပတ္ရစ္ကားေတြကုိ ကုန္သြယ္ေလွဂိတ္ေတြကေန ျမန္မာႏုိင္ငံဘက္ တင္ပုိ႔ေနတဲ့ ကုန္သည္တဦးကေတာ့ ႏွစ္ဘက္လံုးက တျပိဳင္တည္း မဖြင့္တာေၾကာင့္ ထိခုိက္မႈေတြ ရွိေနတယ္လုိ႔ ေျပာပါတယ္။ ၄ လ နီးပါး နယ္စပ္ေတြ ပိတ္ထားတာေၾကာင့္ အလုပ္သမားေတြလည္း အခက္ႀကံဳေနရတယ္လုိ႔ ေျပာပါတယ္။

"ျမန္မာျပည္ဘက္မွာ ထားတဲ့သူေတြက ကားလိုခ်င္လို႔ ကားရလို ရျငား ေစာင့္ေနတဲ့သူေတြက လေတြလည္းၾကာျပီဆုိေတာ့ အခုခ်ိန္ရမယ္ဆုိျပီး ေစာင့္ေနတဲ့သူေတြ ရွိသလို ဒီဘက္က ေငြလဲႊျပီး ေစာင့္ေနတဲ့သူေတြလည္း ရွိတယ္။ ႏိုင္ငံျခားကေန လာတဲ့ကားကုိ ပါကင္ေတြ၊ လုပ္ကားေတြ ေရာင္းျပီး သူတုိ႔ကေတာ့ ေငြအေၾက ရသြားတဲ့သူေတြ ရွိသလို က်ေနာ္တုိ႔ဘက္က ကား၀ယ္ေရာင္းေတြ ကုန္သည္ေတြ ပဲြစားေတြကေတာ့ စကားေတြအေျခအတင္ျဖစ္၊ စိတ္ညစ္ရတဲ့အပုိင္းေတြေပါ့။ စကားေတြေျပာရမယ္။ ကိုယ္ထင္သလုိမျဖစ္လာေတာ့ ဂယက္ေတြရိုက္ခတ္တာေပါ့။ ကုန္တင္ကုန္ခ် အလုပ္သမားေတြလည္း ရိိွတယ္သူတို႔မွာ စား၀တ္ေနေရး အလုပ္အကုိင္ အဆင္မေျပၾကေတာ့ ဂယက္ရိုက္ခတ္မႈေတြ ရွိတယ္။"

တာ့ခ္ခရိုင္ မဲေဆာက္-ထေဆာင္ရမ္ -မဲလမ -ဖြတ္ဖရ ျမိဳ႕နယ္အတြင္း ေသာင္ရင္းျမစ္ေၾကာင္း တေလွ်ာက္မွာ ရွိေနတဲ့ ထုိင္းႏုိင္ငံက နယ္စပ္ဂိတ္ ၃၃ ဂိတ္ ကို တပတ္ ၅ ရက္ဖြင့္ေပးမွာ ျဖစ္ျပီး မနက္ ၇ နာရီကေန ညေန ၆ နာရီအထိ ဒီကေန႔ကစ ျပန္ဖြင့္ေပးလုိက္တာပါ။ ျမန္မာဘက္ကေတာ့ ခ်စ္ၾကည္ေရးတံတား ၂ ကေန ႏွစ္ႏိုင္ငံကုန္စည္ေတြကုိ တင္ပုိ႔ႏိုင္တာေၾကာင့္ ေလာေလာဆယ္မွာ ေသာင္းရင္းျမစ္က ေလွဂိတ္ေတြကုိ ဆက္ပိတ္ထားဖုိ႔ ဆံုးျဖတ္ခဲ့တာလို႔လည္း တာ၀န္ရွိသူေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မဲဆောက် မြဝတီ ကုန်သွယ်ရေးလှေဂိတ် ထိုင်းဘက်ခြမ်း ပြန်ဖွင့်

COVID 19 အရေးပေါ်ကာလမှာ ပိတ်ထားတဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့နဲ့ မြန်မာနိုင်ငံ မြဝတီမြို့ကြား ကုန်သွယ်ရေးလှေဂိတ်တွေကို ဒီနေ့ပဲ ထိုင်းနိုင်ငံဘက်က ပြန်ဖွင့်လိုက်ပေမဲ့ မြန်မာနိုင်ငံဘက်ကတော့ ဇူလိုင်လကုန်အထိ ပိတ်ထားတဲ့အတွက် အခက်အခဲတွေ ကြုံနေရတဲ့အကြောင်းတင်ဆက်ပေးလိုပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ထိုင်း - မြန်မာနယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံတာ့ခ်ခရိုင် မဲဆောက်မြို့မှာ ဇူလိုင်လ ၃ ရက်နေ့က ကျင်းပခဲ့တဲ့ နယ်စပ်ကုန်သွယ်ရေးနဲ့COVID 19 ကပ်ရောဂါ ထိမ်းချုပ်မှုဆိုင်ရာ အစည်းအဝေးကနေ လှေဂိတ်တွေပြန်ဖွင့်ဖို့ ဆုံးဖြတ်လိုက်ပြီးနောက် ဒီကနေ့ပဲ ပြန်ဖွင့်ပေးလိုက်တာပါ။ ဒါပေမဲ့လည်း မြန်မာနိုင်ငံဘက်ကတော့ ကပ်ရောဂါကာလ ကန့်သတ်တဲ့အနေနဲ့ ဆက်ပိတ်ထားဦးမှာ ဖြစ်ကြောင်း ကရင်ပြည်နယ် မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ဆိုပါတယ်။

"လောလောဆယ်မှာတော့ ကိုဗစ်ကာလဖြစ်တဲ့အတွက် ထိုင်းနိုင်ငံမှာလည်း လှေဂိတ် (ကူးတို့ဆိပ်)တွေ ရှိတယ်။ ကျနော်တို့ဆီမှာလည်း ရှိတယ်။ ဒါပေမဲ့ကျနော်တို့ လှေဂိတ်က ၁၉ ရက် ၃လ ၂၀၂၀ လပိုင်းကတည်းက ပိတ်ထားတယ်။ နယ်စပ်ကူးသန်းရောင်းဝယ်မှုရော နယ်စပ်ဒေသအားလုံး နိုင်ငံတော်ကြေငြာချက်အရ ဇူလိုင်လ ၃၀ အထိပိတ်ထားတာပါ။ နိုင်ငံတကာ ဝင်ပေါက်၊ ထွက်ပေါက် အဝင်အထွက် သွားလာခွင့်အရ ကူးတို့ဆိပ်(လှေဂိတ်)တွေကို ပြန်ဖွင့်လို့မရသေးဘူး။ ကျနော်တို့မှာ စက်လှေတွေ သွားလာမှုကလည်းလောလောဆယ် ကန့်သတ်ချက်ရှိတယ်။ COVID 19 အရ သွားလာနိုင်ပြီး တံတား ၁ ပြန်ဖွင့်ပြီဆိုရင်တော့လည်း လှေဆိပ်တွေလည်း ပြန်ဖွင့်နိုင်ပါတယ်။"

ဂျပန်နိုင်ငံလာတဲ့ တပတ်ရစ်ကားတွေကို ကုန်သွယ်လှေဂိတ်တွေကနေ မြန်မာနိုင်ငံဘက် တင်ပို့နေတဲ့ ကုန်သည်တဦးကတော့ နှစ်ဘက်လုံးက တပြိုင်တည်း မဖွင့်တာကြောင့် ထိခိုက်မှုတွေ ရှိနေတယ်လို့ ပြောပါတယ်။ ၄ လ နီးပါး နယ်စပ်တွေ ပိတ်ထားတာကြောင့် အလုပ်သမားတွေလည်း အခက်ကြုံနေရတယ်လို့ ပြောပါတယ်။

"မြန်မာပြည်ဘက်မှာ ထားတဲ့သူတွေက ကားလိုချင်လို့ ကားရလို ရငြား စောင့်နေတဲ့သူတွေက လတွေလည်းကြာပြီဆိုတော့ အခုချိန်ရမယ်ဆိုပြီး စောင့်နေတဲ့သူတွေ ရှိသလို ဒီဘက်က ငွေလွဲှပြီး စောင့်နေတဲ့သူတွေလည်း ရှိတယ်။ နိုင်ငံခြားကနေ လာတဲ့ကားကို ပါကင်တွေ၊ လုပ်ကားတွေ ရောင်းပြီး သူတို့ကတော့ ငွေအကြေ ရသွားတဲ့သူတွေ ရှိသလို ကျနော်တို့ဘက်က ကားဝယ်ရောင်းတွေ ကုန်သည်တွေ ပွဲစားတွေကတော့ စကားတွေအခြေအတင်ဖြစ်၊ စိတ်ညစ်ရတဲ့အပိုင်းတွေပေါ့။ စကားတွေပြောရမယ်။ ကိုယ်ထင်သလိုမဖြစ်လာတော့ ဂယက်တွေရိုက်ခတ်တာပေါ့။ ကုန်တင်ကုန်ချ အလုပ်သမားတွေလည်း ရှိတယ်သူတို့မှာ စားဝတ်နေရေး အလုပ်အကိုင် အဆင်မပြေကြတော့ ဂယက်ရိုက်ခတ်မှုတွေ ရှိတယ်။"

တာ့ခ်ခရိုင် မဲဆောက်-ထဆောင်ရမ် -မဲလမ -ဖွတ်ဖရ မြို့နယ်အတွင်း သောင်ရင်းမြစ်ကြောင်း တလျှောက်မှာ ရှိနေတဲ့ ထိုင်းနိုင်ငံက နယ်စပ်ဂိတ် ၃၃ ဂိတ် ကို တပတ် ၅ ရက်ဖွင့်ပေးမှာ ဖြစ်ပြီး မနက် ၇ နာရီကနေ ညနေ ၆ နာရီအထိ ဒီကနေ့ကစ ပြန်ဖွင့်ပေးလိုက်တာပါ။ မြန်မာဘက်ကတော့ ချစ်ကြည်ရေးတံတား ၂ ကနေ နှစ်နိုင်ငံကုန်စည်တွေကို တင်ပို့နိုင်တာကြောင့် လောလောဆယ်မှာ သောင်းရင်းမြစ်က လှေဂိတ်တွေကို ဆက်ပိတ်ထားဖို့ ဆုံးဖြတ်ခဲ့တာလို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

XS
SM
MD
LG