သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းေရႊ႕ေျပာင္းလုပ္သားအေရး လႈပ္ရွားသူအမႈ တရားရုံးခ်ဳပ္ျပစ္ဒဏ္ဖယ္ရွား


ၿဗိတိန္ႏိုင္ငံသား လူ႕အခြင့္အေရးလႈပ္ရွားသူ Andy Hall (စက္တင္ဘာ ၀၂၊ ၂၀၁၄)

[Zawgyi/Unicode]

ထိုင္းႏိုင္ငံက ေရႊ႕ေျပာင္းအလုပ္သမားေတြကို အကူအညီေပးေနတဲ့ လူ႕အခြင့္အေရးလႈပ္ရွားသူ Andy Hall အေပၚ စဲြတင္ထားတဲ့အမႈေတြမွာ အျပစ္မရွိေၾကာင္း ထိုင္းတရား႐ံုးခ်ဳပ္က အမိန္႔ ခ်မွတ္လိုက္ပါတယ္။

ၿဗိတိန္ႏိုင္ငံသား လူ႕အခြင့္အေရးလႈပ္ရွားသူ Andy Hall (စက္တင္ဘာ ၀၂၊ ၂၀၁၄)
ၿဗိတိန္ႏိုင္ငံသား လူ႕အခြင့္အေရးလႈပ္ရွားသူ Andy Hall (စက္တင္ဘာ ၀၂၊ ၂၀၁၄)

Andy Hall ဟာ အစိုးရ မဟုတ္တဲ့အဖြဲ႔ Finnwatch က ထုတ္တဲ့ Cheap Has a High Price အစီရင္ခံစာအတြက္ Natural Fruit ကုမၸဏီက ေရႊ႕ေျပာင္းအလုပ္သမားေတြကို ေတြ႔ဆံုေမးျမန္း၊ အခ်က္အလက္စုေဆာင္းတာေတြ လုပ္ခဲ့တာေၾကာင့္ တရားစြဲခံခဲ့ရတာျဖစ္ၿပီး Finnwatch အဖြဲ႔ရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ Sonja Finer က လူ႔အခြင့္အေရးခ်ဳိးေဖာက္တာေတြကို သုေတသနျပဳ အခ်က္အလက္ရွာေဖြတာဟာ ရာဇဝတ္မႈ မဟုတ္ဘူးလို႔ ေျပာပါတယ္။

၂၀၁၃ ခုႏွစ္မွာ Andy Hall ကို Natural Fruit ကုမၸဏီက အသေရဖ်က္မႈ၊ ကြန္ျပဴတာရာဇဝတ္မႈ စတဲ့စြဲခ်က္ေတြနဲ႔ တရားစြဲခဲ့ၿပီး ၂၀၁၆ ခုႏွစ္ စက္တင္ဘာလထဲမွာ ဘန္ေကာက္ေတာင္ပိုင္းခ႐ိုင္ ရာဇဝတ္တရား႐ံုးက ၄ ႏွစ္ ေထာင္ဒဏ္ကေန ေလွ်ာ့ေပါ့ျပစ္ဒဏ္ ၁ ႏွစ္၊ ၂ ႏွစ္ဆိုင္းငံ့ေပးၿပီး ဒဏ္ေငြကေတာ့ ထိုင္းဘတ္ေငြ ၂၀၀,၀၀၀ (ယူ႐ို ၅၇၀၀) ကေန ဘတ္ ၁၅၀,၀၀၀ (ယူ႐ို ၄၃၀၀) အျဖစ္ ေလွ်ာ့ေပါ့ ျပစ္ဒဏ္ခ်မွတ္ခဲ့ပါတယ္။

ဒါေပမဲ့ ၂၀၁၈ ခုႏွစ္၊ ေမလအတြင္း အယူခံဝင္ခ်ိန္မွာ စီရင္ခ်က္ဟာ ေျပာင္းျပန္ျဖစ္သြားၿပီး Andy Hall ဟာ ဥပေဒနဲ႔ မညီညြတ္တဲ့ လုပ္ရပ္ေတြကို ေဆာင္ရြက္ခဲ့တာ မဟုတ္ေၾကာင္း၊ တရား႐ံုးမွာ တင္ျပခဲ့တဲ့ သက္ေသအေထာက္အထားအားလံုးအရ Natural Fruit ကုမၸဏီဟာ တကယ္ပဲ အလုပ္သမားအခြင့္အေရး ခ်ဳိးေဖာက္တာေတြ ျဖစ္ႏိုင္ေျခရွိတယ္လို႔ ဆံုးျဖတ္ခဲ့ပါတယ္။

ဒီဆံုးျဖတ္ခ်က္ကို Andy Hall က ႀကိဳဆိုခဲ့ေပမဲ့ သူ႔အေပၚမွာ မမွ်တတဲ့ စီရင္ခ်က္ကို ႏွစ္ေပါင္းမ်ားစြာ ခ်မွတ္ၿပီးမွ အခုလိုျပန္ၿပီး စီရင္ဆံုးျဖတ္တဲ့အေပၚမွာေတာ့ သူ၊ သူ႔မိသားစုနဲ႔သူ႔ရဲ႕လုပ္ေဖာ္ကိုင္ဘက္ေတြက ေအာင္ပြဲအျဖစ္ မမွတ္ယူေၾကာင္းနဲ႔ သူဟာ သန္းေပါင္းမ်ားစြာေသာ ေရႊ႕ေျပာင္းအလုပ္သမားေတြ ရင္ဆုိင္ေနရတဲ့ အႏၱရာယ္ေတြနဲ႔ အခြင့္အေရးခ်ဳိးေဖာက္ခံရမႈေတြအတြက္ ဆက္ၿပီး အလုပ္လုပ္သြားမွာျဖစ္ေၾကာင္း ေျပာပါတယ္။

Andy Hall ဟာ ၂၀၁၆ ခုကတည္းက ထိုင္းႏုိင္ငံကေန ထြက္ခြာသြားခဲ့ၿပီး ထိုင္းတရား႐ံုးက သူ႔အေပၚ မမွန္ကန္တဲ့ စြပ္စြဲခ်က္ေတြကို အမွန္အတုိင္းျဖစ္ေအာင္ ဆံုးျဖတ္မေပးရင္ ထိုင္းႏုိင္ငံကို ျပန္မလာဘူးလုိ႔ ေျပာပါတယ္။ သူဟာ အခုထိလည္း အေရွ႕ေတာင္အာရွေဒသတြင္းက ေရႊ႕ေျပာင္းအလုပ္သမားေတြရဲ႕ အခြင့္အေရးခ်ဳိးေဖာက္ခံရမႈေတြအတြက္ ဆက္ၿပီး အလုပ္လုပ္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိုင်းရွှေ့ပြောင်းလုပ်သားအရေး လှုပ်ရှားသူအမှု တရားရုံးချုပ်ပြစ်ဒဏ်ဖယ်ရှား

ထိုင်းနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေကို အကူအညီပေးနေတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ Andy Hall အပေါ် စွဲတင်ထားတဲ့အမှုတွေမှာ အပြစ်မရှိကြောင်း ထိုင်းတရားရုံးချုပ်က အမိန့် ချမှတ်လိုက်ပါတယ်။

Andy Hall ဟာ အစိုးရ မဟုတ်တဲ့အဖွဲ့ Finnwatch က ထုတ်တဲ့ Cheap Has a High Price အစီရင်ခံစာအတွက် Natural Fruit ကုမ္ပဏီက ရွှေ့ပြောင်းအလုပ်သမားတွေကို တွေ့ဆုံမေးမြန်း၊ အချက်အလက်စုဆောင်းတာတွေ လုပ်ခဲ့တာကြောင့် တရားစွဲခံခဲ့ရတာဖြစ်ပြီး Finnwatch အဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ် Sonja Finer က လူ့အခွင့်အရေးချိုးဖောက်တာတွေကို သုတေသနပြု အချက်အလက်ရှာဖွေတာဟာ ရာဇဝတ်မှု မဟုတ်ဘူးလို့ ပြောပါတယ်။

၂၀၁၃ ခုနှစ်မှာ Andy Hall ကို Natural Fruit ကုမ္ပဏီက အသရေဖျက်မှု၊ ကွန်ပြူတာရာဇဝတ်မှု စတဲ့စွဲချက်တွေနဲ့ တရားစွဲခဲ့ပြီး ၂၀၁၆ ခုနှစ် စက်တင်ဘာလထဲမှာ ဘန်ကောက်တောင်ပိုင်းခရိုင် ရာဇဝတ်တရားရုံးက ၄ နှစ် ထောင်ဒဏ်ကနေ လျှော့ပေါ့ပြစ်ဒဏ် ၁ နှစ်၊ ၂ နှစ်ဆိုင်းငံ့ပေးပြီး ဒဏ်ငွေကတော့ ထိုင်းဘတ်ငွေ ၂၀၀,၀၀၀ (ယူရို ၅၇၀၀) ကနေ ဘတ် ၁၅၀,၀၀၀ (ယူရို ၄၃၀၀) အဖြစ် လျှော့ပေါ့ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

ၿဗိတိန္ႏိုင္ငံသား လူ႕အခြင့္အေရးလႈပ္ရွားသူ Andy Hall (စက္တင္ဘာ ၀၂၊ ၂၀၁၄)
ၿဗိတိန္ႏိုင္ငံသား လူ႕အခြင့္အေရးလႈပ္ရွားသူ Andy Hall (စက္တင္ဘာ ၀၂၊ ၂၀၁၄)

ဒါပေမဲ့ ၂၀၁၈ ခုနှစ်၊ မေလအတွင်း အယူခံဝင်ချိန်မှာ စီရင်ချက်ဟာ ပြောင်းပြန်ဖြစ်သွားပြီး Andy Hall ဟာ ဥပဒေနဲ့ မညီညွတ်တဲ့ လုပ်ရပ်တွေကို ဆောင်ရွက်ခဲ့တာ မဟုတ်ကြောင်း၊ တရားရုံးမှာ တင်ပြခဲ့တဲ့ သက်သေအထောက်အထားအားလုံးအရ Natural Fruit ကုမ္ပဏီဟာ တကယ်ပဲ အလုပ်သမားအခွင့်အရေး ချိုးဖောက်တာတွေ ဖြစ်နိုင်ခြေရှိတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်ကို Andy Hall က ကြိုဆိုခဲ့ပေမဲ့ သူ့အပေါ်မှာ မမျှတတဲ့ စီရင်ချက်ကို နှစ်ပေါင်းများစွာ ချမှတ်ပြီးမှ အခုလိုပြန်ပြီး စီရင်ဆုံးဖြတ်တဲ့အပေါ်မှာတော့ သူ၊ သူ့မိသားစုနဲ့သူ့ရဲ့လုပ်ဖော်ကိုင်ဘက်တွေက အောင်ပွဲအဖြစ် မမှတ်ယူကြောင်းနဲ့ သူဟာ သန်းပေါင်းများစွာသော ရွှေ့ပြောင်းအလုပ်သမားတွေ ရင်ဆိုင်နေရတဲ့ အန္တရာယ်တွေနဲ့ အခွင့်အရေးချိုးဖောက်ခံရမှုတွေအတွက် ဆက်ပြီး အလုပ်လုပ်သွားမှာဖြစ်ကြောင်း ပြောပါတယ်။

Andy Hall ဟာ ၂၀၁၆ ခုကတည်းက ထိုင်းနိုင်ငံကနေ ထွက်ခွာသွားခဲ့ပြီး ထိုင်းတရားရုံးက သူ့အပေါ် မမှန်ကန်တဲ့ စွပ်စွဲချက်တွေကို အမှန်အတိုင်းဖြစ်အောင် ဆုံးဖြတ်မပေးရင် ထိုင်းနိုင်ငံကို ပြန်မလာဘူးလို့ ပြောပါတယ်။ သူဟာ အခုထိလည်း အရှေ့တောင်အာရှဒေသတွင်းက ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခွင့်အရေးချိုးဖောက်ခံရမှုတွေအတွက် ဆက်ပြီး အလုပ်လုပ်နေပါတယ်။

XS
SM
MD
LG