သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တရုတ္မွာပိတ္မိေနတဲ့ ျမန္မာေက်ာင္းသား ၇၀ ကုိ ျပန္ေခၚဖုိ႔စီစဥ္ေန


တရုတ္ႏိုင္ငံ Shanghai ၿမိဳ႕တေနရာ

(Zawgyi/Unicode)

တ႐ုတ္ႏိုင္ငံတ၀န္းမွာ ပညာသင္ၿပီးဆုံးသြားၿပီး ေနရပ္ျပန္ဖို႔ အခက္အခဲျဖစ္ေနတဲ့ ျမန္မာပညာေတာ္သင္ ေက်ာင္းသား ၇၀ ေလာက္ကို ဒီတပတ္ထဲမွာပဲ ေနရပ္ျပန္ႏုိင္ဖုိ႔ ျမန္မာသံ႐ုံးက စီစဥ္ေနတဲ့အေၾကာင္း ေျပာျပခ်င္ပါတယ္။ VOA ျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္ တင္ျပထားပါတယ္။

တ႐ုတ္ႏုိင္ငံမွာ ပညာသင္ယူမႈေတြ ၿပီးဆုံးသြားေပမဲ့ COVID-19 ကပ္ေရာဂါကာလမွာ ေနရပ္ျပန္ဖိ႔ု အခက္ႀကံဳေနတဲ့ ေက်ာင္းသားေတြကို ျမန္မာသံ႐ုံးက ကူညီဖုိ႔စီစဥ္ေပးေနတဲ့အေၾကာင္း သံမႉးႀကီး ဦးဟန္ဝင္းေအာင္က ဗြီအုိေအကုိ ေျပာပါတယ္။ ေနရပ္ျပန္မယ့္အထဲမွာ တ႐ုတ္ႏုိင္ငံမွာ ေရာက္ေနတဲ့ တျခားျမန္မာႏုိင္ငံသားေတြပါ ပါ၀င္ႏုိင္တယ္လုိ႔လည္း သူကေျပာပါတယ္။

“ အဓိကေတာ့ ေက်ာင္းသားေတြေပါ့ ပညာေတာ္သင္လာေနတဲ့ ေက်ာင္းသားေတြ၊ ပညာသင္ ကာလၿပီးေတာ့ ျပန္ဖို႔အခက္အခဲရွိေနသူေတြ ရွိပါတယ္ အဲဒါေတြပါမယ္။ က်ေနာ္တို႔ လက္ရွိအေနအထားအရေတာ့ တင္ျပထားတာေတာ့ ၇၀ ေပါ့။ ခုနေျပာသလို အတိုးအေလွ်ာ့ေပါ့ သေဘၤာသားေတြ ပါလာမယ္ ဆိုရင္ေတာ့ ၇၈ ေယာက္ေလာက္ထိ ျဖစ္သြားမယ္လို႔ေတာ့ က်ေနာ္တို႔ မွန္းထားပါတယ္။”

ေနရပ္ျပန္ဖုိ႔ အခက္ႀကံဳေနရသူေတြထဲမွာေတာ့ ျမန္မာႏုိင္ငံက တကၠသိုလ္ေတြမွာ တာဝန္ထမ္းေဆာင္ေနတဲ့ ပညာေရးဝန္ထမ္းေတြလည္း ပါ၀င္ပါတယ္။

ျမန္မာသံ႐ုံးကေတာ့ ေနရပ္ျပန္လုိသူေတြကုိ ေရြးခ်ယ္စရာနည္းလမ္း ၄ ခု ေပးခဲ့တဲ့အထဲမွာ ပညာေရး၀န္ထမ္းေတြကေတာ့ ကြမ္က်ဳိးေလဆိပ္ကေန ေသာၾကာေန႔မွာ ျပန္ဖုိ႔ ဆုံးျဖတ္ခဲ့ၾကတယ္လုိ႔လည္း ရွန္ဟိုင္းတကၠသိုလ္မွာ ပါရဂူဘဲြ႔ တက္ေရာက္ေနတဲ့ ဒဂုံတကၠသိုလ္က ကထိက ေဒၚျမတ္စႏၵာဝင္းက ေျပာပါတယ္။

“ က်မတို႔က နယ္စပ္နည္းကို မေ႐ြးဘူး၊ ေနာက္ၿပီး cargo flight က အရမ္းေဈးႀကီးတဲ့အတြက္ သူက US dollar ၁၀၀၀ လို႔ေျပာတယ္၊ အဲဒီေတာ့ က်မတို႔က မတတ္ႏိုင္ဘူး၊ ေက်ာင္းသားေတြဆိုေတာ့၊ ေနာက္တခုက ကိုရီးယားကို သြားစီးဖို႔အတြက္က ပိုၿပီး risk မ်ားမွာ စိုးတဲ့အတြက္ေၾကာင့္ က်မတို႔က မသြားခ်င္ဘူး။ အဲဒီေတာ့ relief flight ( ကယ္ဆယ္ေရးေလယာဥ္) ကိုပဲ ေက်ာင္းသားေတြအားလုံး အေယာက္ ၇၀ ေလာက္က ထပ္ၿပီးေတာင္းဆိုလိုက္ တာေပါ့။"

MAI ျမန္မာ့ေလေၾကာင္းလိုင္းက ကယ္ဆယ္ေရးေလယာဥ္ေတြဟာ ေပက်င္းနဲ႔ ကြမ္က်ိဳး ႏွစ္ၿမိဳ႕ကိုပဲေျပးဆြဲေနတာျဖစ္ၿပီး ေပက်င္းၿမိဳ႕ေတာ္မွာ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မွာ စိုးရိမ္ရတဲ့ အေျခအေနေၾကာင့္ ကြမ္က်ိဳးၿမိဳ႕ကိုပဲ စုရပ္အျဖစ္ေက်ာင္းသားေတြက ေ႐ြးခ်ယ္ခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္


................

(Unicode)

တရုတ်နိုင်ငံတဝန်းမှာ ပညာသင်ပြီးဆုံးသွားပြီး နေရပ်ပြန်ဖို့ အခက်အခဲဖြစ်နေတဲ့ မြန်မာပညာတော်သင် ကျောင်းသား ၇၀ လောက်ကို ဒီတပတ်ထဲမှာပဲ နေရပ်ပြန်နိုင်ဖို့ မြန်မာသံရုံးက စီစဉ်နေတဲ့အကြောင်း ပြောပြချင်ပါတယ်။ VOA မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် တင်ပြထားပါတယ်။

တရုတ်နိုင်ငံမှာ ပညာသင်ယူမှုတွေ ပြီးဆုံးသွားပေမဲ့ COVID-19 ကပ်ရောဂါကာလမှာ နေရပ်ပြန်ဖိ့ု အခက်ကြုံနေတဲ့ ကျောင်းသားတွေကို မြန်မာသံရုံးက ကူညီဖို့စီစဉ်ပေးနေတဲ့အကြောင်း သံမှူးကြီး ဦးဟန်ဝင်းအောင်က ဗွီအိုအေကို ပြောပါတယ်။ နေရပ်ပြန်မယ့်အထဲမှာ တရုတ်နိုင်ငံမှာ ရောက်နေတဲ့ တခြားမြန်မာနိုင်ငံသားတွေပါ ပါဝင်နိုင်တယ်လို့လည်း သူကပြောပါတယ်။

“ အဓိကတော့ ကျောင်းသားတွေပေါ့ ပညာတော်သင်လာနေတဲ့ ကျောင်းသားတွေ၊ ပညာသင် ကာလပြီးတော့ ပြန်ဖို့အခက်အခဲရှိနေသူတွေ ရှိပါတယ် အဲဒါတွေပါမယ်။ ကျနော်တို့ လက်ရှိအနေအထားအရတော့ တင်ပြထားတာတော့ ၇၀ ပေါ့။ ခုနပြောသလို အတိုးအလျှော့ပေါ့ သင်္ဘောသားတွေ ပါလာမယ် ဆိုရင်တော့ ၇၈ ယောက်လောက်ထိ ဖြစ်သွားမယ်လို့တော့ ကျနော်တို့ မှန်းထားပါတယ်။”

နေရပ်ပြန်ဖို့ အခက်ကြုံနေရသူတွေထဲမှာတော့ မြန်မာနိုင်ငံက တက္ကသိုလ်တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ပညာရေးဝန်ထမ်းတွေလည်း ပါဝင်ပါတယ်။

မြန်မာသံရုံးကတော့ နေရပ်ပြန်လိုသူတွေကို ရွေးချယ်စရာနည်းလမ်း ၄ ခု ပေးခဲ့တဲ့အထဲမှာ ပညာရေးဝန်ထမ်းတွေကတော့ ကွမ်ကျိုးလေဆိပ်ကနေ သောကြာနေ့မှာ ပြန်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့လည်း ရှန်ဟိုင်းတက္ကသိုလ်မှာ ပါရဂူဘွဲ့ တက်ရောက်နေတဲ့ ဒဂုံတက္ကသိုလ်က ကထိက ဒေါ်မြတ်စန္ဒာဝင်းက ပြောပါတယ်။

“ ကျမတို့က နယ်စပ်နည်းကို မရွေးဘူး၊ နောက်ပြီး cargo flight က အရမ်းဈေးကြီးတဲ့အတွက် သူက US dollar ၁၀၀၀ လို့ပြောတယ်၊ အဲဒီတော့ ကျမတို့က မတတ်နိုင်ဘူး၊ ကျောင်းသားတွေဆိုတော့၊ နောက်တခုက ကိုရီးယားကို သွားစီးဖို့အတွက်က ပိုပြီး risk များမှာ စိုးတဲ့အတွက်ကြောင့် ကျမတို့က မသွားချင်ဘူး။ အဲဒီတော့ relief flight ( ကယ်ဆယ်ရေးလေယာဉ်) ကိုပဲ ကျောင်းသားတွေအားလုံး အယောက် ၇၀ လောက်က ထပ်ပြီးတောင်းဆိုလိုက် တာပေါ့။"

MAI မြန်မာ့လေကြောင်းလိုင်းက ကယ်ဆယ်ရေးလေယာဉ်တွေဟာ ပေကျင်းနဲ့ ကွမ်ကျိုး နှစ်မြို့ကိုပဲပြေးဆွဲနေတာဖြစ်ပြီး ပေကျင်းမြို့တော်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှာ စိုးရိမ်ရတဲ့ အခြေအနေကြောင့် ကွမ်ကျိုးမြို့ကိုပဲ စုရပ်အဖြစ်ကျောင်းသားတွေက ရွေးချယ်ခဲ့တာပါ။

XS
SM
MD
LG