သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အင္ဒိုနီးရွားမွာ ကိုဗစ္ကာကြယ္ေဆး လူနဲ႔ စၿပီးစမ္းသပ္ေတာ့မယ္


အင္ဒိုနီးရွားႏိုင္ငံ Bandung ၿမိဳ႕ရွိ Bio Farma ေဆးကုမၸဏီမွာ COVID 19 ကာကြယ္ေဆးအတြက္ စမ္းသပ္ျပင္ဆင္ေနတဲ့ ၀န္ထမ္းမ်ား။ (ၾသဂုတ္ ၀၄၊ ၂၀၂၀)

[Zawgyi/Unicode]

COVID-19 ကူးစက္မႈႏႈန္းျမင့္တက္ေနတဲ့ အင္ဒိုနီးရွားႏိုင္ငံမွာ အလားအလာရွိတဲ့ ကာကြယ္ေဆး တမ်ိဳးကို လူေတြနဲ႔ စတင္စမ္းသပ္ေတာ့မွာ ျဖစ္ပါတယ္။ ႏိုင္ငံပိုင္ Bio Farma ေဆးကုမၸဏီနဲ႔ တ႐ုတ္အေျခစိုက္ Sinovac ေဆးကုမၸဏီတို႔ ပူးေပါင္းၿပီး ကာကြယ္ေဆး စမ္းသပ္မႈ တတိယဆင့္အတြက္ စတင္ျပင္ဆင္ေနၿပီ ျဖစ္ပါတယ္။

"က်ေနာ္တို႔ ကိုယ္ပိုင္ကာကြယ္ေဆးရွိဖို႔လိုပါတယ္။ ဒါမွ က်ေနာ္တို႔ ႏိုင္ငံသားေတြအတြက္ အသုံးျပဳႏိုင္မွာပါ။ အခုထိေတာ့ လိုက္ဝယ္ေနရတာပါ။ Bio Farma ကအေရွ႕ေတာင္အာရွမွာ အႀကီးဆုံး ႏိုင္ငံပိုင္ေဆးကုမၸဏီျဖစ္ပါ တယ္။ က်ေနာ္တို႔ ကိုယ္ပိုင္ကာကြယ္ေဆး ထုတ္ႏိုင္ပါတယ္။" လို႔ သုေတသနအဖြဲ႕ အႀကီးအကဲ KUSNANDI RUSMIL ကေျပာပါတယ္။

အသက္ ၁၈ ႏွစ္ကေန ၅၉ ႏွစ္အတြင္းရွိ မိမိသေဘာဆႏၵအရ စမ္းသပ္ခံလိုသူ ၁,၆၀၀ နဲ႔ ကာကြယ္ေဆး တတိယဆင့္ စမ္းသပ္မႈေတြကို ၾသဂုတ္လ ၁၁ ရက္ေန႔မွာ Bandung ၿမိဳ႕ တကၠသိုလ္က သုေတသနပညာရွင္ေတြက ဦးေဆာင္ျပဳလုပ္သြားမွာျဖစ္ေၾကာင္း ဂ်ာဗားျပည္နယ္အစိုးရဝက္ဘ္ဆိုက္တ္မွာ ေဖာ္ျပထားပါတယ္။

အခုလက္ရွိ အင္ဒိုနီးရွားမွာ COVID-19 ကူးစက္ခံထားရသူ ၁၁၀,၀၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၅,၀၀၀ ေက်ာ္ရွိၿပီး အေရွ႕အာရွေဒသမွာ ကူးစက္မႈ အမ်ားဆုံးျဖစ္ေနတာပါ။

တကမာၻလုံးအတိုင္းအတာနဲ႔ COVID-19 ကာကြယ္ေဆး စမ္းသပ္မႈေပါင္း ၁၀၀ ေက်ာ္ စမ္းသပ္ေနၿပီး အလားအလာရွိတဲ့ ကာကြယ္ေဆး တဒါဇင္ေလာက္ကို လူေတြနဲ႔ စတင္စမ္းသပ္ေနတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အင်ဒိုနီးရှားမှာ ကိုဗစ်ကာကွယ်ဆေး လူနဲ့ စပြီးစမ်းသပ်တော့မယ်

COVID-19 ကူးစက်မှုနှုန်းမြင့်တက်နေတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ အလားအလာရှိတဲ့ ကာကွယ်ဆေး တမျိုးကို လူတွေနဲ့ စတင်စမ်းသပ်တော့မှာ ဖြစ်ပါတယ်။ နိုင်ငံပိုင် Bio Farma ဆေးကုမ္ပဏီနဲ့တရုတ်အခြေစိုက် Sinovac ဆေးကုမ္ပဏီတို့ ပူးပေါင်းပြီး ကာကွယ်ဆေး စမ်းသပ်မှု တတိယဆင့်အတွက် စတင်ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

"ကျနော်တို့ ကိုယ်ပိုင်ကာကွယ်ဆေးရှိဖို့လိုပါတယ်။ ဒါမှ ကျနော်တို့ နိုင်ငံသားတွေအတွက် အသုံးပြုနိုင်မှာပါ။ အခုထိတော့ လိုက်ဝယ်နေရတာပါ။ Bio Farma ကအရှေ့တောင်အာရှမှာ အကြီးဆုံး နိုင်ငံပိုင်ဆေးကုမ္ပဏီဖြစ်ပါ တယ်။ ကျနော်တို့ ကိုယ်ပိုင်ကာကွယ်ဆေး ထုတ်နိုင်ပါတယ်။" လို့ သုတေသနအဖွဲ့ အကြီးအကဲ KUSNANDI RUSMIL ကပြောပါတယ်။

အသက် ၁၈ နှစ်ကနေ ၅၉ နှစ်အတွင်းရှိ မိမိသဘောဆန္ဒအရ စမ်းသပ်ခံလိုသူ ၁,၆၀၀ နဲ့ ကာကွယ်ဆေး တတိယဆင့် စမ်းသပ်မှုတွေကို သြဂုတ်လ ၁၁ ရက်နေ့မှာ Bandung မြို့ တက္ကသိုလ်က သုတေသနပညာရှင်တွေက ဦးဆောင်ပြုလုပ်သွားမှာဖြစ်ကြောင်း ဂျာဗားပြည်နယ်အစိုးရဝက်ဘ်ဆိုက်တ်မှာ ဖော်ပြထားပါတယ်။

အခုလက်ရှိ အင်ဒိုနီးရှားမှာ COVID-19 ကူးစက်ခံထားရသူ ၁၁၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၅,၀၀၀ ကျော်ရှိပြီး အရှေ့အာရှဒေသမှာ ကူးစက်မှု အများဆုံးဖြစ်နေတာပါ။

တကမ္ဘာလုံးအတိုင်းအတာနဲ့ COVID-19 ကာကွယ်ဆေး စမ်းသပ်မှုပေါင်း ၁၀၀ ကျော် စမ်းသပ်နေပြီး အလားအလာရှိတဲ့ ကာကွယ်ဆေး တဒါဇင်လောက်ကို လူတွေနဲ့ စတင်စမ်းသပ်နေတာဖြစ်ပါတယ်။

XS
SM
MD
LG