သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ေၾကာင့္ ငွက္ဖ်ား၊ တီဘီနဲ႔ HIV/AIDS ေရာဂါနဲ႔ ေသဆုံးမႈ တဟုန္ထုိးျမင့္တက္ေန


ကိုရိုနာဗုိင္းရပ္စ္ ေရာဂါ ခံစားေနရတဲ့ လူနာတဦး


(Zawgyi/Unicode)
ကိုရိုနာဗုိင္းရပ္စ္ ကပ္ေရာဂါေၾကာင့္ က်န္းမာေရးဝန္ေဆာင္မႈ ေကာင္းေကာင္းမရၾကတဲ့အတြက္ ငွက္ဖ်ား၊ တီဘီ အဆုတ္နာနဲ႔ HIV - AIDS ေရာဂါ နဲ႔ ေသဆံုးရသူ အေရအတြက္ တဟုန္ထုိးျမင့္တက္လာႏုိင္တဲ့ အေျခအေနရွိေနတယ္လို႔ ေဆးပညာရွင္ေတြက သတိေပးလိုက္ပါတယ္။

ကိုဗစ္ ၁၉ ေၾကာင့္အသြားအလာေတြ ပိတ္ထားထာနဲ႔ ဒီေရာဂါ အကူးစက္ခံရမွာကို ေၾကာက္ၿပီး ေဆးရံု ေဆးခန္းေတြကို မသြားရဲၾကတာေၾကာင့္ တီဘီပိုး ရွိမရွိ စမ္းသပ္စစ္ေဆးသူ အေရအတြက္ေလ်ာ့နဲလာတဲ့အျပင္ ေဆးလာထုတ္တဲ့ လူနာ အေရအတြက္လဲ ေလ်ာ့နည္းလာတာ ေတြ႔ရတယ္လို႔ ေတာင္အာဖရိက အစိုးရရဲ့ ကိုဗစ္ ၁၉ ဆိုင္ရာအႀကံေပးေကာ္မတီအႀကီးအကဲ ျဖစ္တဲ့ ကူးစက္ေရာဂါဆိုင္ရာပညာရွင္ Dr. Salim S. Abdool Karim ကေျပာပါတယ္။

ကူးစက္ေရာဂါနဲ႔ ႏွစ္စဥ္ လူေပါင္း သန္းခ်ီေသဆံုးေနရတာျဖစ္ၿပီး ဒီအထဲက အဆိုးဆံုးေဒသေတြကေတာ့ အာဖရိက ဆဟာရေဒသေအာက္ပိုင္းနဲ႔ ေတာင္အာရွ ေဒသေတြ ျဖစ္ပါတယ္။

တကိုယ္ေရက်န္းမာေရးနဲ႔ အပူပိုင္းေဆးပညာဆိုင္ရာ လန္ဒန္ေဆးေက်ာင္းက တီဘီေရာဂါ အထူးကၽြမ္းက်င္သူ Dr. Finn McQuaid ကလည္း တီဘီေရာဂါတိုက္ဖ်က္ေရး အတြက္ ကိုရိုနာဗုိင္းရပ္စ္ ကပ္ေရာဂါရဲ့ သက္ေရာက္မႈႀကီးမား တဲ့အေထာက္အထားေတြ ပိုၿပီး ေတြ႔လာေနရတယ္လို႔ ေျပာပါတယ္။

ဒီကပ္ေရာဂါေၾကာင့္ HIV – AIDS ေဝဒနာရွင္ေတြ အတြက္ ARV ေဆးအပါအဝင္ ကူးစက္ေရာဂါေတြ အတြက္ မရွိမျဖစ္ လုိအပ္တဲ့ ေဆးရဖို႔လည္း အခက္အခဲေတြ ရွိေနတာက စိုးရိမ္စရာ အေနထား ျဖစ္ေနတာပါ။

လန္ဒန္ Imperial College က သုေတသနပညာရွင္ေတြ ကေတာ့ ဒီ ၂၀၂၀ မွာ အာဖရိက ေဒသတြင္း ငွက္ဖ်ားနဲ႔ ေသဆံုးရသူ ၂ ဆ တိုးလာႏိုင္တယ္လုိ႔ သတိေပးေနပါတယ္။

ဒါေပမယ့္ ကိုရိုနာဗိုင္းရပ္စ္အတြက္ က်န္းမာေရး ရင္းႏွီးျမႈပ္ႏွံမႈဟာ တျခားေရာဂါေတြ အတြက္ပါ အက်ိဳးရေစမယ့္ အခြင့္အလန္း ရွိေနေၾကာင္းနဲ႔ အစိုးရေတြနဲ႔ ကမာၻ႔အဖြဲ႔အစည္း ေတြအေနနဲ႔ ငွက္ဖ်ား ၊ တီဘီနဲ႔ HIV – AIDS လို အႏၱရာယ္ႀကီးတဲ့ ကူးစက္ေရာဂါ ေတြ တိုက္ဖ်က္ေရးကို လ ွ်စ္လ်ဴ ရႈ မထားၾကဖုိ႔လည္း ေဆးပညာရွင္ေတြက တိုက္တြန္းေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

ကိုဗစ်ကြောင့် ငှက်ဖျား၊ တီဘီနဲ့ HIV/AIDS ရောဂါနဲ့ သေဆုံးတဟုန်ထိုးမြင့်တက်နေ


(Unicode)
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ကျန်းမာရေးဝန်ဆောင်မှု ကောင်းကောင်းမရကြတဲ့အတွက် ငှက်ဖျား၊ တီဘီ အဆုတ်နာနဲ့ HIV - AIDS ရောဂါ နဲ့ သေဆုံးရသူ အရေအတွက် တဟုန်ထိုးမြင့်တက်လာနိုင်တဲ့ အခြေအနေရှိနေတယ်လို့ ဆေးပညာရှင်တွေက သတိပေးလိုက်ပါတယ်။

ကိုဗစ် ၁၉ ကြောင့်အသွားအလာတွေ ပိတ်ထားထာနဲ့ ဒီရောဂါ အကူးစက်ခံရမှာကို ကြောက်ပြီး ဆေးရုံ ဆေးခန်းတွေကို မသွားရဲကြတာကြောင့် တီဘီပိုး ရှိမရှိ စမ်းသပ်စစ်ဆေးသူ အရေအတွက်လျော့နဲလာတဲ့အပြင် ဆေးလာထုတ်တဲ့ လူနာ အရေအတွက်လဲ လျော့နည်းလာတာ တွေ့ရတယ်လို့ တောင်အာဖရိက အစိုးရရဲ့ ကိုဗစ် ၁၉ ဆိုင်ရာအကြံပေးကော်မတီအကြီးအကဲ ဖြစ်တဲ့ ကူးစက်ရောဂါဆိုင်ရာပညာရှင် Dr. Salim S. Abdool Karim ကပြောပါတယ်။

ကူးစက်ရောဂါနဲ့ နှစ်စဉ် လူပေါင်း သန်းချီသေဆုံးနေရတာဖြစ်ပြီး ဒီအထဲက အဆိုးဆုံးဒေသတွေကတော့ အာဖရိက ဆဟာရဒေသအောက်ပိုင်းနဲ့ တောင်အာရှ ဒေသတွေ ဖြစ်ပါတယ်။

တကိုယ်ရေကျန်းမာရေးနဲ့ အပူပိုင်းဆေးပညာဆိုင်ရာ လန်ဒန်ဆေးကျောင်းက တီဘီရောဂါ အထူးကျွမ်းကျင်သူ Dr. Finn McQuaid ကလည်း တီဘီရောဂါတိုက်ဖျက်ရေး အတွက် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါရဲ့ သက်ရောက်မှုကြီးမား တဲ့အထောက်အထားတွေ ပိုပြီး တွေ့လာနေရတယ်လို့ ပြောပါတယ်။

ဒီကပ်ရောဂါကြောင့် HIV – AIDS ဝေဒနာရှင်တွေ အတွက် ARV ဆေးအပါအဝင် ကူးစက်ရောဂါတွေ အတွက် မရှိမဖြစ် လိုအပ်တဲ့ ဆေးရဖို့လည်း အခက်အခဲတွေ ရှိနေတာက စိုးရိမ်စရာ အနေထား ဖြစ်နေတာပါ။

လန်ဒန် Imperial College က သုတေသနပညာရှင်တွေ ကတော့ ဒီ ၂၀၂၀ မှာ အာဖရိက ဒေသတွင်း ငှက်ဖျားနဲ့ သေဆုံးရသူ ၂ ဆ တိုးလာနိုင်တယ်လို့ သတိပေးနေပါတယ်။

ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ်အတွက် ကျန်းမာရေး ရင်းနှီးမြှုပ်နှံမှုဟာ တခြားရောဂါတွေ အတွက်ပါ အကျိုးရစေမယ့် အခွင့်အလန်း ရှိနေကြောင်းနဲ့ အစိုးရတွေနဲ့ ကမ္ဘာ့အဖွဲ့အစည်း တွေအနေနဲ့ ငှက်ဖျား ၊ တီဘီနဲ့ HIV – AIDS လို အန္တရာယ်ကြီးတဲ့ ကူးစက်ရောဂါ တွေ တိုက်ဖျက်ရေးကို လ ျှစ်လျူ ရှု မထားကြဖို့လည်း ဆေးပညာရှင်တွေက တိုက်တွန်းနေပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG