သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္မွာ ကိုဗစ္ဗိုင္းရပ္စ္ အတည္ျပဳ လူ ၅ သန္းေက်ာ္ၿပီ


ဖေလာ္ရီဒါျပည္နယ္ မုိင္ယာမီၿမိဳ႕မွာ အိမ္ေျခရာမဲ့တဦးကုိ ကို႐ိုနာဗုိင္းရပ္စ္ စစ္ေဆးေပးဖုိ႔ ျပင္ဆင္ေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (ဧၿပီ ၁၆၊ ၂၀၂၀)

(Zawgyi / Unicode)

အေမရိကန္ျပည္ေထာင္စုဟာ ကမာၻေပၚမွာ ကို႐ိုနာဗုိင္းရပ္စ္ပိုး ကူးစက္ခံရမႈ အမ်ားဆုံးႏုိင္ငံျဖစ္ၿပီး အခုဆုိရင္ ဗုိင္းရပ္စ္ကူးစက္ခံရသူ ၅ သန္းေက်ာ္သြားၿပီ ျဖစ္တယ္လို႔ နယူးေယာက္တုိင္းမ္စ္ သတင္းစာက ေဖာ္ျပလိုက္ပါတယ္။ အဲဒီေနာက္ ဘရာဇီးလ္ႏုိင္ငံနဲ႔ အိႏၵိယႏုိင္ငံေတြက ဒုတိယနဲ႔ တတိယအမ်ားဆုံး ႏုိင္ငံေတြအျဖစ္ ရွိေနပါတယ္။

ဘရာဇီးလ္ႏုိင္ငံမွာေတာ့ မေန႔ကအထိ ကူးစက္သူ ၃ သန္းေက်ာ္ရွိၿပီး ေသဆုံးသူက ၁ သိန္းေက်ာ္ရွိတာေၾကာင့္ ဘရာဇီးလ္ႏုိင္ငံမွာ အေမရိကန္ၿပီးရင္ ကမာၻေပၚမွာ ဗုိင္းရပ္စ္ေၾကာင့္ လူေသဆုံးမႈ ၁ သိန္းေက်ာ္တဲ့ ဒုတိယေျမာက္ႏုိင္ငံ ျဖစ္လာပါတယ္။ အေမရိကန္မွာေတာ့ ဗုိင္းရပ္စ္ေၾကာင့္ ေသဆုံးသူဟာ ၁၆၂,၀၀၀ ေက်ာ္ ရွိပါတယ္။

တုိင္းျပည္တြင္းမွာ ကူးစက္မႈႏႈန္းနဲ႔ ေသဆုံးမႈႏႈန္းေတြ မ်ားေနေပမယ့္လည္း သူ႔အေနနဲ႔ လူေတြရဲ႕အသက္ကို္ ကယ္တင္ႏုိင္ဖို႔အတြက္ လုပ္ႏုိင္သမွ် အစြမ္းကုန္ လုပ္ေပးခဲ့တာျဖစ္လို႔ သူ႔အေနနဲ႔ လိပ္ျပာသန္႔တယ္လို႔ ဘရာဇီးလ္သမၼတ Jair Bolsonaro က ေျပာပါတယ္။

Mr. Bolsanor ဟာ သူကိုယ္တုိင္လည္း ၿပီးခဲ့တဲ့လက ဗုိင္းရပ္စ္ ကူးစက္ခံခဲ့ရတာ ျဖစ္ပါတယ္။

ကၽြမ္းက်င္သူေတြကေတာ့ ဗုိင္းရပ္စ္ စစ္ေဆးတာေတြကို အလုံအေလာက္ လုပ္ႏုိင္ခဲ့မယ္ဆုိရင္ ကူးစက္ခံရသူ အေရအတြက္ဟာ ဒီထက္မက ၆ ဆ ေလာက္ ရွိလာႏုိင္တယ္လို႔ ေျပာပါတယ္။

အေမရိကန္မွာေတာ့ ႏွာေခါင္းစည္း မ်က္ႏွာဖုံးေတြကို တသမတ္တည္း မတပ္ဆင္ဘူးဆုိရင္ လာမယ့္ ဒီဇင္ဘာ ၁ ရက္ေန႔ မတုိင္ခင္မွာ ေသဆုံးသူဟာ ၃ သိန္းေလာက္ ျဖစ္လာႏုိင္တယ္လို႔ အေမရိကန္ႏုိင္ငံ က်န္းမာေရး ေစာင့္ၾကည့္တုိင္းတာတဲ့ အဖဲြ႔တခုက ထုတ္ျပန္လိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------------

(Unicode)

အမေရိကန်မှာ ကိုဗစ်ဗိုင်းရပ်စ် အတည်ပြု လူ ၅ သန်းကျော်ပြီ

အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှု အများဆုံးနိုင်ငံဖြစ်ပြီး အခုဆိုရင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၅ သန်းကျော်သွားပြီ ဖြစ်တယ်လို့ နယူးယောက်တိုင်းမ်စ် သတင်းစာက ဖော်ပြလိုက်ပါတယ်။ အဲဒီနောက် ဘရာဇီးလ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတွေက ဒုတိယနဲ့ တတိယအများဆုံး နိုင်ငံတွေအဖြစ် ရှိနေပါတယ်။

ဘရာဇီးလ်နိုင်ငံမှာတော့ မနေ့ကအထိ ကူးစက်သူ ၃ သန်းကျော်ရှိပြီး သေဆုံးသူက ၁ သိန်းကျော်ရှိတာကြောင့် ဘရာဇီးလ်နိုင်ငံမှာ အမေရိကန်ပြီးရင် ကမ္ဘာပေါ်မှာ ဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှု ၁ သိန်းကျော်တဲ့ ဒုတိယမြောက်နိုင်ငံ ဖြစ်လာပါတယ်။ အမေရိကန်မှာတော့ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူဟာ ၁၆၂,၀၀၀ ကျော် ရှိပါတယ်။

တိုင်းပြည်တွင်းမှာ ကူးစက်မှုနှုန်းနဲ့ သေဆုံးမှုနှုန်းတွေ များနေပေမယ့်လည်း သူ့အနေနဲ့ လူတွေရဲ့အသက်ကို ကယ်တင်နိုင်ဖို့အတွက် လုပ်နိုင်သမျှ အစွမ်းကုန် လုပ်ပေးခဲ့တာဖြစ်လို့ သူ့အနေနဲ့ လိပ်ပြာသန့်တယ်လို့ ဘရာဇီးလ်သမ္မတ Jair Bolsonaro က ပြောပါတယ်။
Mr. Bolsanor ဟာ သူကိုယ်တိုင်လည်း ပြီးခဲ့တဲ့လက ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်။

ကျွမ်းကျင်သူတွေကတော့ ဗိုင်းရပ်စ် စစ်ဆေးတာတွေကို အလုံအလောက် လုပ်နိုင်ခဲ့မယ်ဆိုရင် ကူးစက်ခံရသူ အရေအတွက်ဟာ ဒီထက်မက ၆ ဆ လောက်ရှိလာနိုင်တယ်လို့ ပြောပါတယ်။

အမေရိကန်မှာတော့ နှာခေါင်းစည်း မျက်နှာဖုံးတွေကို တသမတ်တည်း မတပ်ဆင်ဘူးဆိုရင် လာမယ့် ဒီဇင်ဘာ ၁ ရက်နေ့ မတိုင်ခင်မှာ သေဆုံးသူဟာ ၃ သိန်းလောက် ဖြစ်လာနိုင်တယ်လို့ အမေရိကန်နိုင်ငံ ကျန်းမာရေး စောင့်ကြည့်တိုင်းတာတဲ့ အဖွဲ့တခုက ထုတ်ပြန်လိုက်ပါတယ်။

XS
SM
MD
LG