သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမၻာတ၀ွမ္း ကုိဗစ္ကူးစက္သူ ၁၉ သန္းေက်ာ္ၿပီ


ဘရာဇီးလ္ ႏိုင္ငံမွာ ကုိဗစ္ကူးစက္ခံရသူတဦးကို ေဆးရံုသို႔ပို႔ေဆာင္ေန

(Zawgyi/Unicode)

ကမာၻတလႊား ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူဟာ ေသာၾကာေန႔မွာ ၁၉ သန္းေက်ာ္ (၁၉,၁၆၀,၈၀၆) သြားၿပီလို႔ အေမရိကန္ Johns Hopkins တကၠသိုလ္ စစ္တမ္းမွာ ေဖၚျပထားပါတယ္။ အေမရိကန္ႏုိင္ငံက အကူးစက္ခံရသူ ၅ သန္းနီးပါး (၄,၈၉၆,၈၆၈) နဲ႔ အမ်ားဆံုးျဖစ္ၿပီး ဘရာဇီးလ္က လူေပါင္း ၃ သန္းနီးပါးနဲ႔ အိႏၵိယက ၂ သန္းေက်ာ္ ကူးစက္ခံေနရတာ ျဖစ္ပါတယ္။

အေမရိကန္ႏုိင္ငံမွာ ဒီေရာဂါေၾကာင့္ ေသဆံုးရသူ တသိန္း ၆ ေသာင္းေက်ာ္ရွိေနၿပီး ၾကာသပေတးေန႔ မွာ ၂၄ နာရီအတြင္း ေသဆံုးသူ ၂၀၀၀ ေက်ာ္ရွိတဲ့အတြက္ ဒါဟာ ေမလကစၿပီး တရက္အတြင္း ေသဆံုးသူ အမ်ားဆံုးျဖစ္ေၾကာင္းလည္း စစ္တမ္းမွာ ေဖၚျပပါတယ္။
ကူးစက္ေရာဂါဆိုင္ရာ အေမရိကန္ ထိပ္တန္းပညာရွင္ Dr. Anthony Fauci က ကမာၻမွာ ကိုရိုနာဗိုင္းရပ္စ္ လံုးဝဆိတ္သုဥ္းဖို႔မရွိေပမယ့္ ဒီႏွစ္ကုန္ေလာက္ ဆိုရင္ေတာ့ ဒီေရာဂါအတြက္ ကာကြယ္ေဆး သန္းနဲ႔ခ်ီထုတ္ႏုိင္မယ္လို႔ သူေမွ်ာ္လင့္ေၾကာင္း ေျပာပါတယ္။

ဒီေရာဂါအတြက္ ကာကြယ္ေဆး ရလာၿပီဆိုရင္ လုံလုံေလာက္ေလာက္ ထုတ္ႏိုင္မယ္လို႔ ထင္ေၾကာင္းနဲ႔ ဒီေဆးကို ၾကြယ္ဝခ်မ္းသာတဲ့ ႏိုင္ငံေတြ တင္မကပဲ မခ်မ္းသာတဲ့ ႏိုင္ငံေတြမွာ ေနထိုင္သူေတြပါ လက္လွမ္းမွီေအာင္ လုပ္ႏုိင္မယ္ လို႔ သူတို႔ ေမွ်ာ္လင့္ေၾကာင္းလည္း VOA အတြက္ သတင္းေပးပို႔သူ Greta Van Susteren ကိုေျပာပါတယ္။

ဒီေရာဂါပိုးရဲ့ သေဘာ သဘာဝက ကူးစက္ဖို႔ သိပ္လြယ္ကူတဲ့အတြက္ ဒီပိုး လံုးဝဆိပ္သုဥ္း မသြားႏိုင္ဘူးလို႔ Dr. Fauci က ရိုက္တာ ေမးျမန္းခန္းမွာ ေျပာၾကားခဲ့တာပါ။ ဒါေပမယ့္ ကာကြယ္ေဆး ေကာင္းရလာၿပီး လူထုက်န္းမာေရး အတြက္ လုပ္သင့္တာေတြ ေသခ်ာလုပ္ေဆာင္မယ္ ဆိုရင္ အႏၱရာယ္ကို ေက်ာ္လႊားႏို္င္မွာ ျဖစ္ေၾကာင္းေျပာပါတယ္။

အေမရိကန္ႏိုင္ငံျခားေရးဌာနနဲ႔ ကူးစက္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးဗဟိုဌာန တို႔က အေမရိကန္ႏိုင္ငံသားေတြ ႏိုင္ငံရပ္ျခား ခရီးမသြားၾကဖို႔ အႀကံေပးထားတာကို ၾသဂုတ္လ ၆ ရက္ ၾကာသပေတးေန႔မွာပဲ ရုတ္သိမ္းလိုက္ၿပီး သတ္မွတ္ႏိုင္ငံေတြဆီ ခရီးသြားလာမႈအတြက္ အဆင့္ျမင့္ သတိေပးခ်က္ေတြ အစားထိုး ထုတ္ျပန္လိုက္ပါတယ္။

အဆင့္ ၄ အျဖစ္ သတ္မွတ္ထားတဲ့့ လံုးဝ ခရီးမသြားသင့္တဲ့ ႏိုင္ငံ ၃၀ ထဲမွာေတာ့ အိႏၵိယ၊ ရုရွား၊ အီဂ်စ္၊ လစ္ဗ်ား၊ ဟြန္ဒူးရပ္စ္ နဲ႔ မက္ဆီကို ႏိုင္ငံေတြ ပါဝင္ပါတယ္။

အဆင့္ ၃ အျဖစ္သတ္မွတ္ထားတဲ့ ခရီးမသြားခင္ ျပန္စဥ္းစားရမယ့္ ႏိုင္ငံေတြထဲမွာေတာ့ ဗီယက္နမ္၊ ဖိလစ္ပိုင္ နဲ႔ အီးယူ ဥေရာပသမဂၢ အဖြဲ႔ဝင္ ႏိုင္ငံေတြ ပါဝင္ပါတယ္။

ကမၻာတ၀ွမ္း ကုိဗစ္ကူးစက္သူ ၁၉ သန္းေက်ာ္ၿပီ
please wait

No media source currently available

0:00 0:01:39 0:00
တိုက္႐ိုက္ လင့္ခ္


...................

ကမ္ဘာတဝှမ်း ကိုဗစ်ကူးစက်သူ ၁၉ သန်းကျော်ပြီ

(Unicode)

ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဟာ သောကြာနေ့မှာ ၁၉ သန်းကျော် (၁၉,၁၆၀,၈၀၆) သွားပြီလို့ အမေရိကန် Johns Hopkins တက္ကသိုလ် စစ်တမ်းမှာ ဖေါ်ပြထားပါတယ်။ အမေရိကန်နိုင်ငံက အကူးစက်ခံရသူ ၅ သန်းနီးပါး (၄,၈၉၆,၈၆၈) နဲ့ အများဆုံးဖြစ်ပြီး ဘရာဇီးလ်က လူပေါင်း ၃ သန်းနီးပါးနဲ့ အိန္ဒိယက ၂ သန်းကျော် ကူးစက်ခံနေရတာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှာ ဒီရောဂါကြောင့် သေဆုံးရသူ တသိန်း ၆ သောင်းကျော်ရှိနေပြီး ကြာသပတေးနေ့ မှာ ၂၄ နာရီအတွင်း သေဆုံးသူ ၂၀၀၀ ကျော်ရှိတဲ့အတွက် ဒါဟာ မေလကစပြီး တရက်အတွင်း သေဆုံးသူ အများဆုံးဖြစ်ကြောင်းလည်း စစ်တမ်းမှာ ဖေါ်ပြပါတယ်။
ကူးစက်ရောဂါဆိုင်ရာ အမေရိကန် ထိပ်တန်းပညာရှင် Dr. Anthony Fauci က ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ် လုံးဝဆိတ်သုဉ်းဖို့မရှိပေမယ့် ဒီနှစ်ကုန်လောက် ဆိုရင်တော့ ဒီရောဂါအတွက် ကာကွယ်ဆေး သန်းနဲ့ချီထုတ်နိုင်မယ်လို့ သူမျှော်လင့်ကြောင်း ပြောပါတယ်။

ဒီရောဂါအတွက် ကာကွယ်ဆေး ရလာပြီဆိုရင် လုံလုံလောက်လောက် ထုတ်နိုင်မယ်လို့ ထင်ကြောင်းနဲ့ ဒီဆေးကို ကြွယ်ဝချမ်းသာတဲ့ နိုင်ငံတွေ တင်မကပဲ မချမ်းသာတဲ့ နိုင်ငံတွေမှာ နေထိုင်သူတွေပါ လက်လှမ်းမှီအောင် လုပ်နိုင်မယ် လို့ သူတို့ မျှော်လင့်ကြောင်းလည်း VOA အတွက် သတင်းပေးပို့သူ Greta Van Susteren ကိုပြောပါတယ်။

ဒီရောဂါပိုးရဲ့ သဘော သဘာဝက ကူးစက်ဖို့ သိပ်လွယ်ကူတဲ့အတွက် ဒီပိုး လုံးဝဆိပ်သုဉ်း မသွားနိုင်ဘူးလို့ Dr. Fauci က ရိုက်တာ မေးမြန်းခန်းမှာ ပြောကြားခဲ့တာပါ။ ဒါပေမယ့် ကာကွယ်ဆေး ကောင်းရလာပြီး လူထုကျန်းမာရေး အတွက် လုပ်သင့်တာတွေ သေချာလုပ်ဆောင်မယ် ဆိုရင် အန္တရာယ်ကို ကျော်လွှားနိုင်မှာ ဖြစ်ကြောင်းပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနနဲ့ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန တို့က အမေရိကန်နိုင်ငံသားတွေ နိုင်ငံရပ်ခြား ခရီးမသွားကြဖို့ အကြံပေးထားတာကို သြဂုတ်လ ၆ ရက် ကြာသပတေးနေ့မှာပဲ ရုတ်သိမ်းလိုက်ပြီး သတ်မှတ်နိုင်ငံတွေဆီ ခရီးသွားလာမှုအတွက် အဆင့်မြင့် သတိပေးချက်တွေ အစားထိုး ထုတ်ပြန်လိုက်ပါတယ်။

အဆင့် ၄ အဖြစ် သတ်မှတ်ထားတဲ့ လုံးဝ ခရီးမသွားသင့်တဲ့ နိုင်ငံ ၃၀ ထဲမှာတော့ အိန္ဒိယ၊ ရုရှား၊ အီဂျစ်၊ လစ်ဗျား၊ ဟွန်ဒူးရပ်စ် နဲ့ မက်ဆီကို နိုင်ငံတွေ ပါဝင်ပါတယ်။

အဆင့် ၃ အဖြစ်သတ်မှတ်ထားတဲ့ ခရီးမသွားခင် ပြန်စဉ်းစားရမယ့် နိုင်ငံတွေထဲမှာတော့ ဗီယက်နမ်၊ ဖိလစ်ပိုင် နဲ့ အီးယူ ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ ပါဝင်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG