သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကုိဗစ္ျပန္႔ပြားမႈကာကြယ္ေရး လူငယ္ေတြ စုေ၀းျခင္းမျပဳဖုိ႔ WHO တုိက္တြန္း


၂၀၂၀ ဇူလိုင္လ ၁၅ ရက္ေန႔က Finland ရွိ လူငယ္မ်ား Night club ၀င္ဖို႔တန္းစီေနစဥ္

(Zawgyi/Unicode)

လူငယ္လူရြယ္ေတြ အေနနဲ႔ ကိုဗစ္ ၁၉ ကမာၻ႔ ကပ္ေရာဂါ ကူးစက္ပ်ံ႕ႏွံ႔မႈကာကြယ္ေရး အတြက္ အေပါင္းအသင္းေတြ စုေဝးတာနဲ႔ ပါတီပြဲသြားတာေတြ မလုပ္ၾကဖို႔ WHO ကမာၻ႔က်န္းမာေရးအဖြဲ႔ တာဝန္ရွိသူေတြက ဗုဒၶဟူးေန႔မွာ တိုက္တြန္းလိုက္ပါတယ္။

ဒီဗိုင္းရပ္စ္ပိုး ျပန္႔ပြားမႈေႏွးေကြးေအာင္ ဒါမွမဟုတ္ ရပ္သြားေအာင္ အေရးပါတဲ့ က႑ကေန လူငယ္ေတြ ပါဝင္ကူညီဖို႔ လိုေနၿပီျဖစ္ေၾကာင္း WHO အေရးေပၚဆိုင္ရာ အႀကီးအကဲ Mike Ryan နဲ႔ WHO ရဲ့ ကူးစက္ေရာဂါ ျပန္႔ပြားမႈနဲ႔ ကာကြယ္မႈ ဆိုင္ရာပညာရွင္ Maria Van Kerkhove တို႔က ဗုဒၶဟူးေန႔ WHO ဂ်နီဗာရံုးခ်ဳပ္ သတင္းစာရွင္းလင္းပြဲမွာ တိုက္တြန္းလိုက္တာပါ။

ကမာၻတလႊားမွာ ၾကည့္ရင္ ဒီေရာဂါ မျပန္႔ပြားေအာင္ တျခားႏုိ္င္ငံေတြထက္ ထိန္းခ်ဳပ္မႈ လုပ္ႏိုင္တဲ့ ႏိုင္ငံေတြ မွာေတာင္ ညကလပ္ေတြ အရက္ဘားေတြနဲ႔ လူငယ္ေတြ သြားေရာက္ စုေဝးေလ့ရွိတဲ့ ေနရာေတြမွာ ဒီေရာဂါကူးစက္မႈ တိုးလာတာ ေတြ႔ေနရပါတယ္။

အထူးသျဖင့္ ေႏြရာသီထဲ ေရာက္လာၿပီ ျဖစ္တဲ့ ကမာၻ႔ေျမာက္ျခမ္း ေဒသေတြမွာဆို ေနအိမ္ေတြမွာပဲ ေနရတာကို ၿငီးေငြ႔ေနတဲ့ လူငယ္ေတြ အိမ္ျပင္ ထြက္ဖို႔ စိတ္သန္ေနၾကတာပါ။

ဒါေၾကာင္ ့ ေရာဂါကူးစက္ဖို႔ အခြင့္လန္းပိုမ်ားတဲ့ လူစု ေပ်ာ္ပြဲက်င္းပတာကို လူငယ္ေတြ ဆင္ျခင္ၾကဖို႔ Mike Ryan က သတိေပးသလို Van Kerkhove ကလည္း ပါတီပြဲေတြ အရက္ဘားေတြတင္မကပဲ အားကစားပြဲ အတူၾကည့္တာလို လူစုေဝးမႈကေန အစုလိုက္ အၿပဳံလိုက္ ေရာဂါ ကူးစက္မႈ ျဖစ္ပြားေစတာ ေၾကာင့္ လူခ်င္း ခပ္ခြါခြါေနတဲ့ အေလ့က်င့္ ဆက္လုပ္ၾကဖုိ႔ တုိက္တြန္းလိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

ကိုဗစ်ပြန့်ပွားမှုကာကွယ်ရေး လူငယ်တွေ စုဝေးခြင်းမပြုဖို့ WHO တိုက်တွန်း

(Unicode)

လူငယ်လူရွယ်တွေ အနေနဲ့ ကိုဗစ် ၁၉ ကမ္ဘာ့ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုကာကွယ်ရေး အတွက် အပေါင်းအသင်းတွေ စုဝေးတာနဲ့ ပါတီပွဲသွားတာတွေ မလုပ်ကြဖို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ တာဝန်ရှိသူတွေက ဗုဒ္ဓဟူးနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

ဒီဗိုင်းရပ်စ်ပိုး ပြန့်ပွားမှုနှေးကွေးအောင် ဒါမှမဟုတ် ရပ်သွားအောင် အရေးပါတဲ့ ကဏ္ဍကနေ လူငယ်တွေ ပါဝင်ကူညီဖို့ လိုနေပြီဖြစ်ကြောင်း WHO အရေးပေါ်ဆိုင်ရာ အကြီးအကဲ Mike Ryan နဲ့ WHO ရဲ့ ကူးစက်ရောဂါ ပြန့်ပွားမှုနဲ့ ကာကွယ်မှု ဆိုင်ရာပညာရှင် Maria Van Kerkhove တို့က ဗုဒ္ဓဟူးနေ့WHO ဂျနီဗာရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ တိုက်တွန်းလိုက်တာပါ။

ကမ္ဘာတလွှားမှာ ကြည့်ရင် ဒီရောဂါ မပြန့်ပွားအောင် တခြားနိုင်ငံတွေထက် ထိန်းချုပ်မှု လုပ်နိုင်တဲ့ နိုင်ငံတွေ မှာတောင် ညကလပ်တွေ အရက်ဘားတွေနဲ့ လူငယ်တွေ သွားရောက် စုဝေးလေ့ရှိတဲ့ နေရာတွေမှာ ဒီရောဂါကူးစက်မှု တိုးလာတာ တွေ့နေရပါတယ်။

အထူးသဖြင့် နွေရာသီထဲ ရောက်လာပြီ ဖြစ်တဲ့ ကမ္ဘာ့မြောက်ခြမ်း ဒေသတွေမှာဆို နေအိမ်တွေမှာပဲ နေရတာကို ငြီးငွေ့နေတဲ့ လူငယ်တွေ အိမ်ပြင် ထွက်ဖို့ စိတ်သန်နေကြတာပါ။

ဒါကြောင့် ရောဂါကူးစက်ဖို့ အခွင့်လန်းပိုများတဲ့ လူစု ပျော်ပွဲကျင်းပတာကို လူငယ်တွေ ဆင်ခြင်ကြဖို့ Mike Ryan က သတိပေးသလို Van Kerkhove ကလည်း ပါတီပွဲတွေ အရက်ဘားတွေတင်မကပဲ အားကစားပွဲ အတူကြည့်တာလို လူစုဝေးမှုကနေ အစုလိုက် အပြုံလိုက် ရောဂါ ကူးစက်မှု ဖြစ်ပွားစေတာ ကြောင့် လူချင်း ခပ်ခွါခွါနေတဲ့ အလေ့ကျင့် ဆက်လုပ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

XS
SM
MD
LG