သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လူငယ္ေတြအၾကား COVID-19 ကူးစက္မႈ တိုးလာ


ျပင္သစ္ႏိုင္ငံ Biarritz ၿမိဳ႕ရွိ ကမ္းေျခတခုမွာ ေတြ႔ရတဲ့ ျမင္ကြင္း။ (ၾသဂုတ္ ၀၃၊ ၂၀၂၀)

[Zawgyi/Unicode]

လူငယ္ေတြၾကား COVID-19 ကူးစက္မႈႏႈန္း လြန္ခဲ့တဲ့ ၅ လအတြင္း ၃ ဆ တိုးလာတယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႔ WHO က သတိေပးလိုက္ ပါတယ္။ လူခ်င္းခ်ဲ ခပ္ခြါခြါေနရမဲ့ စည္းကမ္းေတြကို မလိုက္နာတာေၾကာင့္ အခုလို ကူးစက္မႈႏႈန္းတက္လာရေၾကာင္း လည္း WHO က ျပစ္တင္ ေဝဖန္လိုက္ပါတယ္။

WHO အႀကီးအကဲ Tedros Adhanom Ghebreyesus
WHO အႀကီးအကဲ Tedros Adhanom Ghebreyesus

ေဖေဖာ္ဝါရီလေႏွာင္းပိုင္းကေန ဇူလိုင္လ အလယ္ပိုင္းအထိ COVID-19 ကူးစက္မႈေတြရဲ႕ ၁၅ ရာခိုင္ႏႈန္း က အသက္ ၁၅ ႏွစ္နဲ႔ ၂၄ ႏွစ္ၾကား လူငယ္ေတြမွာျဖစ္တယ္လို႔လည္း WHO ကေျပာတာပါ။ ေဖေဖာ္ဝါရီ မတိုင္ခင္ လူငယ္ေတြၾကား ကူးစက္မႈႏႈန္းက ၄.၅ ရာခိုင္ႏႈန္း ပဲရွိပါတယ္။ လူငယ္ေတြၾကားမွာလည္း ဒီေရာဂါက ကူးစက္ႏိုင္သလို၊ ေသဆုံးႏိုင္ၿပီး သူတို႔ကေန တျခားလူေတြကို ကူးစက္ႏိုင္တဲ့ အႏၲရာယ္ရွိေၾကာင္း WHO အႀကီးအကဲ Tedros Adhanom Ghebreyesus က သတိေပးလိုက္ပါတယ္။

လူငယ္ေတြၾကား ႏွာေခါင္းစည္းဝတ္ဆင္ဖို႔နဲ႔ လူခ်င္းခ်ဲေနဖို႔ စည္းကမ္းေတြကို သိပ္မလိုက္နာၾကတဲ့ အျပင္သူတို႔က အလုပ္သြားေနၾကၿပီး တျခား စားေသာက္ဆိုင္ေတြ၊ အရက္ဘားနဲ႔ ကမ္းေျခေတြသြားတာ၊ ေစ်းဝယ္ထြက္တာ စတာေတြကို ျပဳလုပ္ေနၾကတာပါ။

လူငယ္ေတြၾကား COVID-19 ကူးစက္မႈႏႈန္းျမင့္တက္ေနတဲ့ ႏိုင္ငံေတြထဲ အေမရိကန္၊ ျပင္သစ္၊ ဂ်ာမဏီ၊ စပိန္နဲ႔ ဂ်ပန္ႏိုင္ငံေတြပါဝင္ပါတယ္။ ဂ်ပန္ႏိုင္ငံ Tokyo ၿမိဳ႕တြင္း ေဖ်ာ္ေျဖေရးလုပ္ငန္းေတြရွိတဲ့ေနရာေတြမွာ ေရာဂါစစ္ေဆးတဲ့ အစီအစဥ္ေတြလုပ္သြားမယ္လို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။

Johns Hopkins တကၠသိုလ္ စာရင္းေတြအရ လက္ရွိ တကမာၻလုံးမွာ COVID-19 ကူးစက္သူ ၁၈.၅ သန္းနဲ႔ ေသဆုံးသူ ၇၀၀,၀၀၀ ေက်ာ္ရွိပါတယ္။

လူငယ္ေတြအၾကား COVID-19 ကူးစက္မႈ တိုးလာ
please wait

No media source currently available

0:00 0:01:11 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

လူငယ်တွေအကြား COVID-19 ကူးစက်မှု တိုးလာ

လူငယ်တွေကြား COVID-19 ကူးစက်မှုနှုန်း လွန်ခဲ့တဲ့ ၅ လအတွင်း ၃ ဆ တိုးလာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးလိုက် ပါတယ်။ လူချင်းချဲ ခပ်ခွါခွါနေရမဲ့ စည်းကမ်းတွေကို မလိုက်နာတာကြောင့် အခုလို ကူးစက်မှုနှုန်းတက်လာရကြောင်း လည်း WHO က ပြစ်တင် ဝေဖန်လိုက်ပါတယ်။

ဖေဖော်ဝါရီလနှောင်းပိုင်းကနေ ဇူလိုင်လ အလယ်ပိုင်းအထိ COVID-19 ကူးစက်မှုတွေရဲ့ ၁၅ ရာခိုင်နှုန်း က အသက် ၁၅ နှစ်နဲ့ ၂၄ နှစ်ကြား လူငယ်တွေမှာဖြစ်တယ်လို့လည်း WHO ကပြောတာပါ။ ဖေဖော်ဝါရီ မတိုင်ခင် လူငယ်တွေကြား ကူးစက်မှုနှုန်းက ၄.၅ ရာခိုင်နှုန်း ပဲရှိပါတယ်။ လူငယ်တွေကြားမှာလည်း ဒီရောဂါက ကူးစက်နိုင်သလို၊ သေဆုံးနိုင်ပြီး သူတို့ကနေ တခြားလူတွေကို ကူးစက်နိုင်တဲ့ အန္တရာယ်ရှိကြောင်း WHO အကြီးအကဲ Tedros Adhanom Ghebreyesus က သတိပေးလိုက်ပါတယ်။

လူငယ်တွေကြား နှာခေါင်းစည်းဝတ်ဆင်ဖို့နဲ့ လူချင်းချဲနေဖို့ စည်းကမ်းတွေကို သိပ်မလိုက်နာကြတဲ့ အပြင်သူတို့က အလုပ်သွားနေကြပြီး တခြား စားသောက်ဆိုင်တွေ၊ အရက်ဘားနဲ့ ကမ်းခြေတွေသွားတာ၊ ဈေးဝယ်ထွက်တာ စတာတွေကို ပြုလုပ်နေကြတာပါ။

လူငယ်တွေကြား COVID-19 ကူးစက်မှုနှုန်းမြင့်တက်နေတဲ့ နိုင်ငံတွေထဲ အမေရိကန်၊ ပြင်သစ်၊ ဂျာမဏီ၊ စပိန်နဲ့ ဂျပန်နိုင်ငံတွေပါဝင်ပါတယ်။ ဂျပန်နိုင်ငံ Tokyo မြို့တွင်း ဖျော်ဖြေရေးလုပ်ငန်းတွေရှိတဲ့နေရာတွေမှာ ရောဂါစစ်ဆေးတဲ့ အစီအစဉ်တွေလုပ်သွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

Johns Hopkins တက္ကသိုလ် စာရင်းတွေအရ လက်ရှိ တကမ္ဘာလုံးမှာ COVID-19 ကူးစက်သူ ၁၈.၅ သန်းနဲ့ သေဆုံးသူ ၇၀၀,၀၀၀ ကျော်ရှိပါတယ်။

XS
SM
MD
LG