သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမာၻတ၀န္း ပညာေရးမၾကံဳစဖူးထိခိုက္လာႏိုင္ ကုလအတြင္းေရးမွဴးခ်ဳပ္ သတိေပး


တရုတ္ႏိုင္ငံ ေဟာင္ေကာင္က ေက်ာင္း တခုမွာ စာသင္ၾကားေနၾကတဲ့ ေက်ာင္းသားေက်ာင္းသူမ်ား။ (ဧၿပီ ၂၄၊ ၂၀၂၀)

[Zawgyi/Unicode]

ကို႐ိုနာဗိုင္းရပ္စ္ကပ္ေဘးေၾကာင့္ ကေလးငယ္ေတြ ပညာသင္ၾကားေရးမွာ သမိုင္းတေလွ်ာက္ မႀကဳံစဖူး ႀကီးမားတဲ့႐ိုက္ခတ္မႈေတြရွိလာႏိုင္တယ္လို႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ António Guterres က ေျပာပါတယ္။ ႏိုင္ငံ အစိုးရေတြအေနနဲ႔ ပညာေရးပိုင္းကို ဦးစားေပး လုပ္ေဆာင္ျခင္းမရွိရင္ ေနာင္မ်ိဳးဆက္ေတြအတြက္ စိုးရိမ္ပူပန္စရာ အေျခအေနေတြနဲ႔ ရင္ဆိုင္ရလိမ့္မယ္လို႔ သူကေျပာပါတယ္။

ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ António Guterres
ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ António Guterres

COVID-19 ကပ္ေရာဂါ တကမာၻလုံးကို ပ်ံ႕ႏွံ႔ ကူးစက္မလာခင္တုန္းက ေက်ာင္းေနအ႐ြယ္ကေလး သန္း ၂၅၀ ေက်ာ္ ေက်ာင္းမတက္ၾကရပါဘူး။ ဇူလိုင္လ လယ္ပိုင္းေလာက္မွာေတာ့ ေရာဂါထိန္းခ်ဳပ္ႏိုင္ဖို႔ ႏိုင္ငံေပါင္း ၁၆၀ ေလာက္က ေက်ာင္းေတြကို ပိတ္ထားခဲ့ရပါတယ္။ ကပ္ေရာဂါေၾကာင့္ စီးပြါးေရးအရ ႐ိုက္ခတ္မႈေတြၾကား လာမယ့္ႏွစ္မွာ ကေလးငယ္ ၂၄ သန္းေလာက္ ေက်ာင္းကထြက္ရတာ ဒါမွမဟုတ္ ေက်ာင္းပညာေရးနဲ႔ လက္လွမ္းမမွီႏိုင္တာေတြနဲ႔ ႀကဳံလာရႏိုင္တယ္လို႔ ကုလသမဂၢက သတိေပးလိုက္ပါတယ္။

အခုအခ်ိန္ အစိုးရေတြရဲ႕ ဆုံးျဖတ္ခ်က္ေတြေၾကာင့္ သန္းေပါင္းမ်ားစြာေသာ ကေလးငယ္ေတြအေပၚမွာ ေရရွည္ ႐ိုက္ခတ္မႈေတြရွိလာႏိုင္ၿပီးေနာင္လာမယ့္ ၁၀ စုႏွစ္ေတြအတြင္း ႏိုင္ငံတိုးတက္ဖြံ႕ၿဖိဳးေရးေတြမွာ ထိခိုက္မႈေတြ ရွိလာႏိုင္တယ္လို႔ အတြင္းေရးမွဴးခ်ဳပ္ Guterres က သတိေပးေျပာၾကားခဲ့ပါတယ္။ အစိုးရေတြအေနနဲ႔ COVID-19 ျပန္လည္ ကုစားေရး ရံပုံေငြေတြကို အသုံးျပဳတာမွာ ပညာေရးက႑ကို ဦးစားေပးဖို႔နဲ႔ မိန္းကေလးငယ္ေတြ၊ မသန္စြမ္းေတြ၊ လူနည္းစုဝင္ေတြနဲ႔ ဒုကၡသည္ေတြအပါအဝင္ ပညာေရးနဲ႔အလွမ္းေဝးသြားႏိုင္တဲ့ ကေလးငယ္ေတြကို အဓိကထား ကူညီေပးသြားဖို႔ Guterres က တိုက္တြန္းခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကမ္ဘာတဝန်း ပညာရေးမကြုံစဖူးထိခိုက်လာနိုင် ကုလအတွင်းရေးမှူးချုပ် သတိပေး

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ကလေးငယ်တွေ ပညာသင်ကြားရေးမှာ သမိုင်းတလျှောက် မကြုံစဖူး ကြီးမားတဲ့ရိုက်ခတ်မှုတွေရှိလာနိုင်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres က ပြောပါတယ်။ နိုင်ငံ အစိုးရတွေအနေနဲ့ ပညာရေးပိုင်းကို ဦးစားပေး လုပ်ဆောင်ခြင်းမရှိရင် နောင်မျိုးဆက်တွေအတွက် စိုးရိမ်ပူပန်စရာ အခြေအနေတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ သူကပြောပါတယ်။

COVID-19 ကပ်ရောဂါ တကမ္ဘာလုံးကို ပျံ့နှံ့ ကူးစက်မလာခင်တုန်းက ကျောင်းနေအရွယ်ကလေး သန်း ၂၅၀ ကျော် ကျောင်းမတက်ကြရပါဘူး။ ဇူလိုင်လ လယ်ပိုင်းလောက်မှာတော့ ရောဂါထိန်းချုပ်နိုင်ဖို့ နိုင်ငံပေါင်း ၁၆၀ လောက်က ကျောင်းတွေကို ပိတ်ထားခဲ့ရပါတယ်။ ကပ်ရောဂါကြောင့် စီးပွါးရေးအရ ရိုက်ခတ်မှုတွေကြား လာမယ့်နှစ်မှာ ကလေးငယ် ၂၄ သန်းလောက် ကျောင်းကထွက်ရတာ ဒါမှမဟုတ် ကျောင်းပညာရေးနဲ့ လက်လှမ်းမမှီနိုင်တာတွေနဲ့ ကြုံလာရနိုင်တယ်လို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။

အခုအချိန် အစိုးရတွေရဲ့ ဆုံးဖြတ်ချက်တွေကြောင့် သန်းပေါင်းများစွာသော ကလေးငယ်တွေအပေါ်မှာ ရေရှည် ရိုက်ခတ်မှုတွေရှိလာနိုင်ပြီးနောင်လာမယ့် ၁၀ စုနှစ်တွေအတွင်း နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးတွေမှာ ထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့ အတွင်းရေးမှူးချုပ် Guterres က သတိပေးပြောကြားခဲ့ပါတယ်။ အစိုးရတွေအနေနဲ့ COVID-19 ပြန်လည် ကုစားရေး ရံပုံငွေတွေကို အသုံးပြုတာမှာ ပညာရေးကဏ္ဍကို ဦးစားပေးဖို့နဲ့ မိန်းကလေးငယ်တွေ၊ မသန်စွမ်းတွေ၊ လူနည်းစုဝင်တွေနဲ့ ဒုက္ခသည်တွေအပါအဝင် ပညာရေးနဲ့အလှမ်းဝေးသွားနိုင်တဲ့ ကလေးငယ်တွေကို အဓိကထား ကူညီပေးသွားဖို့ Guterres က တိုက်တွန်းခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG