သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကာလ ကန် နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မယ့်အပေါ် ထိုင်းပြည်သူတွေ ဝေဖန်


အမေရိကန် နဲ့ထိုင်း စစ်သည်များ ရွှွှေမြွေဟောက် ပူးတွဲစစ်ရေးလေ့ကျင့်မှုမြင်ကွင်း (ဖေဖော်ဝါရီ ၂၈, ၂၀၂၀)
အမေရိကန် နဲ့ထိုင်း စစ်သည်များ ရွှွှေမြွေဟောက် ပူးတွဲစစ်ရေးလေ့ကျင့်မှုမြင်ကွင်း (ဖေဖော်ဝါရီ ၂၈, ၂၀၂၀)

(Zawgyi/Unicode)

ဒီလထဲမှာ အမေရိကန်နဲ့ ထိုင်းနိုင်ငံတို့ ပူးတွဲ စစ်ရေး လေ့ကျင့်မှု လုပ်မယ့် ကိစ္စအပေါ် ထိုင်းပြည်သူ ပြည်သားတွေက ဆိုရှယ်မီဒီယာတွေကတဆင့် ဝေဖန်လာကြပါတယ်။ စစ်ရေးလေ့ကျင့်မှုထဲ ပါဝင်မယ့် ဒါဇင်နဲ့ချီရှိတဲ့ အမေရိကန်တပ်သားတွေ ဘန်ကောက်ဟိုတယ်တွေမှာ ၁၄ ရက် ကြာ မဖြစ်မနေ Quarantine သီးခြားခွဲနေရမယ်လို့ ထိုင်းအစိုးရက ကြေညာအပြီးမှာ အခုလို ဝေဖန်ချက် တွေ ထွက်ပေါ်လာတာပါ။

ဩဂုတ်လ ၁၈ ရက်ကနေ ၃၀ ရက်နေ့အထိ ပြည်နယ် ၃ ခုမှာ သီးခြားစီ ပြုလုပ်မယ့် ပူးတွဲ စစ်ရေး လေ့ကျင့်မှုတွေထဲ အမေရိကန် တပ်သား ၁၀၆ ယောက် ပါဝင်မှာ ဖြစ်ပြီး သူတို့လည်း quarantine စည်းကမ်းကို လိုက်နာရမှာ ဖြစ်တယ်လို့ ထိုင်း စစ်တပ်က COVID 19 တိုက်ဖျက်ရေး ယူနစ် အကြီးအကဲ Nattapon Srisawat က ပြောပါတယ်။

ထိုင်းနိုင်ငံထဲ COVID 19 ပြည်တွင်း ကူးစက်မှု မရှိတာ ၂ ကျော်လာပြီ ဖြစ်ပြီး ကူးစက်မှု ၃၃၀၀ ကျော်မှာ ထိန်းထားနိုင်ခဲ့တာပါ။ ထိုင်းနယ်စပ်နဲ့ လေကြောင်းလိုင်းတွေကို ပိတ်ထားခဲ့ပြီး နိုင်ငံတွင်း ဝင်လာသူ ဘယ်သူမဆို quarantine လုပ်ဖို့ လိုအပ်ပါတယ်။

ဒီလထဲ အမေရိကန်တို့နဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှာနဲ့ ပတ်သက်ပြီး ထိုင်းက လူကြိုက်များတဲ့ Facebook စာမျက်နှာတစ်ခုက နိုင်ငံခြားသား စစ်သားတွေကို အဝင်ခံဖို့ တကယ်ပဲ လိုအပ်ပါသလား။ နှစ်နိုင်ငံ ဆက်ဆံရေး မထိခိုက်ဘူးဆိုရင် ရွှေ့ဆိုင်းလိုက်ပါဆိုပြီး ရေးသားချက်ကို လူအများ ကြိုက်နှစ်သက်ခဲ့ကြပါတယ်။ တကယ် ခရီးထွက်ဖို့ လိုအပ်တဲ့ နိုင်ငံသားတွေတောင်မှာ ခရီးစဉ်တွေကို ရွှေ့ဆိုင်းရရင် စစ်ရေးလေ့ကျင့်မှုကိုကော ဘာလို့ မရွှေ့ဆိုင်းနိုင်ရမှာလဲလို့လည်း မေးခွန်းထုတ်ထား ပါတယ်။

လောလောဆယ် အမေရိကန်ပိုင် Guam ကျွန်းကလာတဲ့ အမေရိကန် စစ်သား အယောက် ၇၀ ကျော် ဘန်ကောက်မြို့ကို ရောက်ရှိနေပြီး သီးခြား ခွဲနေကြမယ်လို့လည်း ထိုင်းနိုင်ငံ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ ပြောခွင့်ရ Taweesin Wisanuyothin က ပြောပါတယ်။

ဒီနေ့ အင်္ဂါနေ့မှာ ဂျပန်ကနေ အမေရိကန် တပ်သားတွေ ထပ်ပြီး ရောက်လာဦးမှာ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စု ဟာဝိုင်အီ ကျွန်းမှာ သင်တန်း တက်ရောက်ပြီး ပြန်လာတဲ့ ထိုင်းတပ်ဖွဲ့ဝင် ၉ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ခဲ့ရတာကြောင့် ထိုင်းစစ်တပ်က တပ်ဖွဲ့ဝင်တွေကို ပြည်ပကို စေလွှတ်မှုကို ရပ်ဆိုင်းလိုက်အပြီးမှာ အခု စစ်ရေး လေ့ကျင့်မှုကို ပြုလုပ်မှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


..............

(Unicode)








XS
SM
MD
LG