သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှု ရုရှား စတင်


 ရုရှားစစ်ရေးလေ့ကျင့်မှု စတင်
ရုရှားစစ်ရေးလေ့ကျင့်မှု စတင်

ရုရှားနိုင်ငံမှာ ကျင်းပတဲ့ အကြီးမှားဆုံး စစ်ရေးလေ့ကျင့်မှုကို ဒီကနေ့ အင်္ဂါနေ့မှာ စတင်လိုက်ပါတယ်။ ရုရှားအရှေ့ဘက် ဆိပ်ကမ်းမြို့ဖြစ်တဲ့ Vladivostok မြို့မှာ ရုရှားသမ္မတ Vladimir Putin နဲ့ တရုတ်သမ္မတ Xi Jinping တို့ရဲ့ စီးပွါးရေးထိပ်သီးဆွေးနွေးပွဲမတိုင်ခင်လေးမှာပဲ အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုကို စတင်လိုက်တာပါ။

ရုရှားနိုင်ငံဟာ အနောက်နိုင်ငံတွေရဲ့ အရေးကိစ္စတွေ၊ ယူကရိန်းနဲ့ ဆီးရီးယားအရေးတွေမှာ ဝင်ရောက်စွက်ဖက်တယ်လို့ အနောက်နိုင်ငံတွေက စွပ်စွဲတာကြောင့် အခြေအနေ တင်းမာနေချိန်မှာပဲ ရုရှား၊ တရုတ်၊ မွန်ဂိုလီးယား ၃ နိုင်ငံက တပ်ဖွဲ့ဝင်တွေဟာ Vostok-2018 (EAST-2018) စစ်ရေးလေ့ကျင့်မှုကို စတင်လိုက်တာလည်း ဖြစ်ပါတယ်။

အရင် ဆိုဗီယက်ပြည်ထောင်စု လက်ထက် ၁၉၈၁ ခုနှစ်မှာကျင်းပတဲ့ Zapad-81 (WEST-81) အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုမှာတော့ ဝါဆောစာချုပ်အဖွဲ့ဝင်နိုင်ငံတွေအပါအဝင် တပ်ဖွဲ့ဝင် ၁ သိန်းနဲ့ ၁ သိန်းခွဲ ခန့်ပါဝင်ခဲ့ပြီး အခုကျင်းပတဲ့ စစ်ရေးလေ့ကျင့်မှုကတော့ ပိုကြိးမားပြီး တပ်ဖွဲ့ဝင် ၃ သိန်းနဲ့ စစ်ဖက်သုံး ယာဉ် ၃၆၀၀၀၊ စစ်လေယာဉ်ပေါင်း ၁ ထောင်နဲ့ စစ်သင်္ဘော ၆၀ လောက် ပါဝင်တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီး Sergey shoigu က ပြောပါတယ်။

၄ နှစ်တကြိမ်ကျင်းပတဲ့ ဒီစစ်ရေးလေ့ကျင့်မှုမှာ တရုတ်နိုင်ငံက အရင်ကနဲ့ မတူဘဲ တပ်ဖွဲ့ဝင် ၃၂၀၀ နဲ့ လက်နက်ကြီး ပစ်ခတ်တဲ့ တပ်ဖွဲ့အစု ၉၀၀ လောက် စေလွှတ်ပါဝင်စေခဲ့တာဟာလည်း အမေရိကန်အပါအဝင် ဥရောပနိုင်ငံတွေအပေါ် တရုတ်က သတိပေးရာ ရောက်တယ်လို့ တချို့အကဲခတ်တွေက သုံးသပ်ပါတယ်။ Vostok-2018 စစ်ရေးလေ့ကျင့်မှုမှာ ရုရှားတိုက်လေယာဉ် Su-34 နဲ့ Su-35 တိုက်လေယာဉ်တွေ၊ T80 နဲ့ T90 တင့်ကားတွေ၊ နျူကလီးယားထိပ်ဖူးတပ်ဆင် ပစ်ခတ်နိုင်တဲ့ Iskander မစ်စိုင်းဒုံးတွေပါဝင်နိုင်မယ်လို့ သတင်းမီဒီယာတွေမှာ ရေးသားကြပါတယ်။ ရေကြောင်း စစ်ရေးလေ့ကျင့်မှုမှုမှာတော့ ဆီးရီးယားမှာ အသုံးပြုခဲ့တဲ့ Kalibr မစ်ဇိုင်း ဒုံး ပစ်ခတ်နိုင်တဲ့ ဖရီးဂိတ် စစ်ရေယာဉ်အုပ်စုတွေ ပါဝင်ပါတယ်။

စက်တင်ဘာ ၁၁ ရက်ကနေ ၁၇ ရက်နေ့ထိ ကျင်းပတဲ့ စစ်ရေးလေ့ကျင့်မှုကို ရုရှားသမ္မတ Vladimir Putin လည်း သွားရောက် ကြည့်ရှုမှာဖြစ်ပေမယ့် NATO မြောက်အတ္တလန်တိတ် စစ်စာချုပ်အဖွဲ့ကတော့ စစ်ရေးလေ့ကျင့်မှုကို တက်ရောက်လေ့လာဖို့ ဖိတ်ကြားခံထားရပေမယ့်လည်း ကိုယ်စားလှယ် စေလွှတ်ဖို့တော့ စဉ်းစားနေဆဲဖြစ်တယ်လို့ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG