သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ ရုရှားနှောင့်ယှက်ရန်ကြိုးပမ်းမှု ကန်ထောက်လှမ်းရေး အကြီးအကဲတွေစိုးရိမ်


Trump
Trump

အမေရိကန် ရွေးကောက်ပွဲကို ရုရှားရဲ့ ကြားဝင်စွက်ဖက်မှုတွေနဲ့ ပတ်သက်တဲ့ အထောက်အထားတွေ ဆက် လက်ထွက်ပေါ်နေပေမဲ့ ရုရှားသမ္မတ Vladimir Putin အပေါ် သမ္မတ Donald Trump က ပြင်းပြင်းထန်ထန် ဝေဖန်လိုတဲ့ သဘောထားမျိုး မနေ့တုန်းက လူထုကိုပြောတဲ့ မိန့်ခွန်းမှာလည်း မတွေ့ခဲ့ရပါဘူး။

အမေရိကန်မှာ ကျင်းပဖို့ရှိနေတဲ့ ရွေးကောက်ပွဲတွေကို ရုရှားနဲ့ တခြားနိုင်ငံတွေက ကြားဝင်နှောင့်ယှက် လာနိုင်တဲ့အပေါ် စိုးရိမ်မှုတွေနဲ့ အခိုင်အမာ တုံ့ပြန်ဆောင်ရွက်မယ့် အစီအစဉ်တွေကို အများပြည်သူထံ အသိပေးဖို့ အမေရိကန် အမျိုးသားလုံခြုံရေး ထိပ်တန်း ခေါင်းဆောင်တွေ ရှားရှားပါးပါး ပူးတွဲပြီး မနေ့တုန်းက သမ္မတအိမ်ဖြူတော်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပြီး နာရီပိုင်းအကြာမှာပဲ ကျင်းပခဲ့တဲ့ ပင်ဆယ်ဗေးနီးယားပြည်နယ်က မိန့်ခွန်းမှာ သမ္မတက ရုရှားသမ္မတနဲ့ မကြာသေးခင်က ထိပ်သီးတွေ့ဆုံမှုနဲ့ ပတ်သက်လို့ ထည့်သွင်းပြောဆိုလိုက်တာပါ။

ရုရှားသမ္မတ ပူတင်နဲ့ ပြေပြေလည်လည် ဆက်ဆံနိုင်ခဲ့ပြီး အားလုံးကလည်း အံ့သြတကြီးနဲ့ ချီးမွမ်းစကား ပြောခဲ့ကြကြောင်း၊ ဒါပေမဲ့လည်း သိပ်မကြာခင်မှာပဲ သတင်းမီဒီယာတွေမှာ ရန်တိုက်ချင်တဲ့ ရေးသား ဖော်ပြ ချက်တွေ ထွက်ပေါ်လာ ခဲ့ကြောင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ မီဒီယာတွေဟာ သတင်းမှားတွေ ဖော်ပြနေ ကြပြီး ရွေးကောက်ပွဲမှာ ရုရှားက စွက်ဖက်ခဲ့တယ်ဆိုတာဟာ အတုအယောင် သတင်းသာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။

သမ္မတရဲ့မိန့်ခွန်းဟာ အမျိုးသားလုံခြုံရေး ထိပ်တန်းအရာရှိတွေရဲ့ အစောပိုင်း ပြောကြားချက်တွေနဲ့တော့ ကွဲလွဲ နေပါတယ်။ အမျိုးသားထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူး Dan Coats ကတော့ အမေရိကန် ပြည်ထောင်စု အားအင် ချည့်နဲ့ပြီး သဘောထားကွဲပြားအောင် ရုရှားကကြိုးပမ်းနေတာတွေကို ဆက်လက် တွေ့မြင်နေရပြီး အမေရိကန် နိုင်ငံရေးလောကကို သြဇာလွှမ်းမိုးလိုတဲ့ နိုင်ငံတွေ ကတော့ ရုရှားတနိုင်ငံတည်း မဟုတ်ကြောင်း လည်း ပြောဆိုခဲ့တာပါ။

ရွေးကောက်ပွဲကို ကြားဝင်စွက်ဖက်မှုတွေနဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ် လုံခြုံ စိတ် ချမှုရှိရေး ထိပ်တန်းဦးစားပေး ဖို့လည်း သမ္မတ Donald Trump ကိုယ်တိုင်က အတိအကျ ညွှန်ကြားထားတယ်လို့လည်း ပြောပါတယ်။ မနေ့တုန်းက သတင်းစာ ရှင်းလင်းပွဲမှာတော့ ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရို (FBI) ညွှန်ကြားရေးမှူး Christoper Wray ၊ အမိမြေလုံခြုံရေးဝန်ကြီး Kirstjen Nielsen ၊ အမျိုးသား လုံခြုံရေးအေဂျင်စီ (NSA) ညွှန်ကြားရေးမှူး ကြည်းတပ်ဗိုလ်ချုပ်ကြီး Paul Nakasone တို့လည်း ပါဝင် တက်ရောက်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG