သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-ရုရှား ထိပ်သီးဆွေးနွေးပွဲရလဒ်ကို သေးသိမ်အောင်လုပ်သူရှိဟု Putin စွတ်စွဲ


အမေရိကန်သမ္မတ Donald Trump နဲ့ မကြာသေးခင်တုန်းက ဖင်လန်နိုင်ငံ Helsinki မြို့မှာ ထိပ်သီးတွေ့ဆုံမှုဟာ အောင်မြင်မှုတခု ဖြစ်ခဲ့ပေမဲ့၊ ရလဒ်တွေကို သေးသိမ်အောင် အမေရိကန်သမ္မတရဲ့ အတိုက်အခံ အင်အားစုတွေက ကြိုးစားနေကြောင်း ရုရှားသမ္မတ Vladimir Putin ကပြောဆိုလိုက်ပါတယ်။ ထိပ်သီးတွေ့ဆုံမှုကြောင့် ၂ နိုင်ငံကြား လက်တွေ့အသုံးကျမယ့် အစီအမံတွေကို ဦးတည်စေခဲ့သလို၊ အပြုသဘောဆောင် လမ်းကြောင်းကို ရှေ့ရှုတဲ့ အပြောင်းအလဲတွေ ဖြစ်လာနိုင်မယ့် အခွင့်အလန်းတွေ ရရှိခဲ့ကြောင်းလည်း ပြောဆိုခဲ့တာပါ။ ဒါပေမဲ့လည်း အမေရိကန်က နိုင်ငံရေး အင်အားစုတွေကြား တိုးတက်မှုတွေကို ပျက်ပြားအောင်လုပ်ဖို့ လိုလားသူတွေ ရှိနေတယ်လို့လည်း ပြောခဲ့ပါတယ်။

"အမေရိကန်က ပြည်တွင်း နိုင်ငံရေးတိုက်ပွဲမှာ ကိုယ့်ရည်မှန်းချက် အောင်မြင်ဖို့အတွက် အမေရိကန်နဲ့ ရုရှား ဆက်ဆံရေးကို စတေးဖို့ ပြင်ဆင်နေကြတဲ့ နိုင်ငံရေးအင်အားစုတွေကို တွေ့မြင်နေရကြောင်း" ဒီကနေ့ မော်စကိုမြို့မှာ သံတမန်တွေနဲ့ တွေ့ဆုံတဲ့ အခန်းအနားမှာ ရုရှားသမ္မတက ပြောဆိုခဲ့တာပါ။

၂ နိုင်ငံကြား မဟာဗျုဟာမြောက် လက်နက်တွေ လျှော့ချရေး သဘောတူညီချက် သက်တမ်းကုန်ဆုံးဖို့ တနှစ်ခွဲသာ လိုတော့တဲ့အတွက် သဘောတူညီချက်အသစ် ရရှိဖို့ လိုအပ်နေချိန်မှာ၊ အမေရိကန်နဲ့ ရုရှားကြား ဆွေးနွေးမှုတွေ ပျက်ပြားခဲ့ရင် ကြုံရနိုင်တဲ့ အန္တရာယ်တွေကိုလည်း ရုရှားသမ္မတက သတိပေးခဲ့ပါတယ်။

အမေရိကန်နဲ့ ရုရှားသမ္မတတို့ရဲ့ ထိပ်သီးဆွေးနွေးပွဲနဲ့ နောက်ဆက်တွဲ သတင်းစာရှင်းလင်းပွဲအတွင်း ၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ကြားဝင်စွက်ဖက်မှုအတွက် သမ္မတ Trump က ရုရှားကို အပြစ်တင်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် ဝေဖန်မှုတွေ အပြင်းအထန် ထွက်ပေါ်ခဲ့သလို၊ နောက်ပိုင်းမှာလည်း သမ္မတက သူ့မှတ်ချက်တွေကို ပြင်ဆင်ဖို့ ကြိုးပမ်းမှုတွေ ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG