သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မရွိမျဖစ္ေဆးဝါးေတြ အေမရိကန္ကုမၸဏီထုတ္ပဲဝယ္ဖို႔ သမၼထရမ့္ပ္ အမိန္႔ထုတ္


အေမရိကန္သမၼတ Donald Trump

[Zawgyi/Unicode]

အေမရိကန္ျပည္ေထာင္စုမွာ ကို႐ိုနာဗုိင္းရပ္စ္ ကပ္ေရာဂါကို အလူးအလဲရင္ဆိုင္ေနရခ်ိန္မွာပဲ မရွိအျဖစ္လိုအပ္တယ္ဆိုတဲ့ ေဆး၀ါးေတြကို ျပည္ပကေန ၀ယ္ယူမယ့္အစား အေမရိကန္ေဆးကုမၸဏီေတြဆီကပဲ ၀ယ္ယူရမယ္လို႔ သမၼတ Donald Trump အမိန္႔ထုတ္ျပန္လိုက္ပါတယ္။

အေမရိကန္ သမၼတ Donald Trump
အေမရိကန္ သမၼတ Donald Trump

ကူးစက္ေရာဂါေတြ၊ ဓာတုဇီ၀လက္နက္ေတြ၊ ႏ်ဴကလီးယား ၿခိမ္းေျခာက္မႈေတြအျပင္ ကပ္ေရာဂါေဘးအႏၱရာယ္ေတြကေန အေမရိကန္ျပည္သူျပည္သားေတြ၊ အေရးပါတဲ့ အေဆာက္အအုံေတြ၊ စစ္အင္အားေတြနဲ႔ စီးပြါးေရးလုပ္ငန္းေတြကို ကာကြယ္ဖို႔ ႏုိင္ငံမွာတာ၀န္ရွိတယ္္လို႔ သမၼတအမိန္႔မွာ ေဖာ္ျပထားပါတယ္။ ကပ္ေရာဂါၿခိမ္းေျခာက္မႈနဲ႔ ရင္ဆုိ္င္ေနရတဲ့အခ်ိန္မွာ မရွိမျဖစ္လိုအပ္တဲ့ေဆး၀ါးနဲ႔ အျခားလိုအပ္ခ်က္ေတြအတြက္ ျပည္ပႏုိင္ငံေတြကို သိပ္အားမကိုးရဘဲ ေဆး၀ါးေတြျပတ္လပ္မႈ သိပ္မရွိေအာင္ ျပည္သူ႔က်န္းမာေရးလုပ္ငန္းက႑ အားေကာင္းဖို႔ သိပ္အေရးႀကီးတယ္လို႔လည္း ေဖာ္ျပထားတာပါ။

အစုိးရတာ၀န္ရွိသူေတြျပဳစုမယ့္ ေဆးစာရင္းေတြကို တရုတ္လိုျပည္ပႏုိင္ငံေတြက မ၀ယ္ဘဲ အေမရိကန္ေဆးကုမၸဏီေတြဆီက ၀ယ္ယူဖို႔ သမၼတအမိ္န႔္မွာ ေဖာ္ျပထားတယ္လို႔လည္း သမၼတအိမ္ျဖဴေတာ္ ကုန္သြယ္ေရးအႀကံေပး Peter Navarro ကေျပာပါတယ္။

ခုလိုကပ္ေရာဂါနဲ႔ရင္ဆုိင္ေနရတဲ့အခ်ိ္န္မွာ မရွိမျဖစ္လိုအပ္တဲ့ ႏွာေခါင္းစည္း၊ လက္အိတ္၊ မ်က္လုံးကာေတြနဲ႔ အသက္ရႈကူစက္လို ေဆးပစၥည္းကိရိယာေတြအတြက္ ျပည္ပကုမၸဏီေတြကို လုံး၀ အားကိုးေနရတယ္လို႔လည္း Navarro ကေျပာပါတယ္။ သမၼတအမိန္႔ေၾကာင့္ ျပည္တြင္းနည္းပညာတုိးတက္ၿပီး ေဆးဖိုး သက္သာလာမယ္လို႔ လည္းေျပာပါတယ္။ ဒါေပမယ့္လည္း ဒီအမိန္႔ေၾကာင့္ COVID-19 ကာကြယ္ေဆးထုတ္လုပ္ဖို႔ အဟန္႔အတားေတြ ပိုၿပီးေပၚလာေစတယ္လို႔ အေမရိကန္ေဆးသုေတသနဌာနကေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မရှိမဖြစ်ဆေးဝါးတွေ အမေရိကန်ကုမ္ပဏီထုတ်ပဲဝယ်ဖို့ သမ္မထရမ့်ပ် အမိန့်ထုတ်

အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို အလူးအလဲရင်ဆိုင်နေရချိန်မှာပဲ မရှိအဖြစ်လိုအပ်တယ်ဆိုတဲ့ ဆေးဝါးတွေကို ပြည်ပကနေ ဝယ်ယူမယ့်အစား အမေရိကန်ဆေးကုမ္ပဏီတွေဆီကပဲ ဝယ်ယူရမယ်လို့ သမ္မတ Donald Trump အမိန့်ထုတ်ပြန်လိုက်ပါတယ်။

ကူးစက်ရောဂါတွေ၊ ဓာတုဇီဝလက်နက်တွေ၊ နျူကလီးယား ခြိမ်းခြောက်မှုတွေအပြင် ကပ်ရောဂါဘေးအန္တရာယ်တွေကနေ အမေရိကန်ပြည်သူပြည်သားတွေ၊ အရေးပါတဲ့ အဆောက်အအုံတွေ၊ စစ်အင်အားတွေနဲ့ စီးပွါးရေးလုပ်ငန်းတွေကို ကာကွယ်ဖို့ နိုင်ငံမှာတာဝန်ရှိတယ်လို့ သမ္မတအမိန့်မှာ ဖော်ပြထားပါတယ်။ ကပ်ရောဂါခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ မရှိမဖြစ်လိုအပ်တဲ့ဆေးဝါးနဲ့ အခြားလိုအပ်ချက်တွေအတွက် ပြည်ပနိုင်ငံတွေကို သိပ်အားမကိုးရဘဲ ဆေးဝါးတွေပြတ်လပ်မှု သိပ်မရှိအောင် ပြည်သူ့ကျန်းမာရေးလုပ်ငန်းကဏ္ဍ အားကောင်းဖို့ သိပ်အရေးကြီးတယ်လို့လည်း ဖော်ပြထားတာပါ။

အစိုးရတာဝန်ရှိသူတွေပြုစုမယ့် ဆေးစာရင်းတွေကို တရုတ်လိုပြည်ပနိုင်ငံတွေက မဝယ်ဘဲ အမေရိကန်ဆေးကုမ္ပဏီတွေဆီက ဝယ်ယူဖို့ သမ္မတအမိန့်မှာ ဖော်ပြထားတယ်လို့လည်း သမ္မတအိမ်ဖြူတော် ကုန်သွယ်ရေးအကြံပေး Peter Navarro ကပြောပါတယ်။

သမၼတအိမ္ျဖဴေတာ္ ကုန္သြယ္ေရးအႀကံေပး Peter Navarro
သမၼတအိမ္ျဖဴေတာ္ ကုန္သြယ္ေရးအႀကံေပး Peter Navarro

ခုလိုကပ်ရောဂါနဲ့ရင်ဆိုင်နေရတဲ့အချိန်မှာ မရှိမဖြစ်လိုအပ်တဲ့ နှာခေါင်းစည်း၊ လက်အိတ်၊ မျက်လုံးကာတွေနဲ့ အသက်ရှုကူစက်လို ဆေးပစ္စည်းကိရိယာတွေအတွက် ပြည်ပကုမ္ပဏီတွေကို လုံး၀ အားကိုးနေရတယ်လို့လည်း Navarro ကပြောပါတယ်။ သမ္မတအမိန့်ကြောင့် ပြည်တွင်းနည်းပညာတိုးတက်ပြီး ဆေးဖိုး သက်သာလာမယ်လို့ လည်းပြောပါတယ်။ ဒါပေမယ့်လည်း ဒီအမိန့်ကြောင့် COVID-19 ကာကွယ်ဆေးထုတ်လုပ်ဖို့ အဟန့်အတားတွေ ပိုပြီးပေါ်လာစေတယ်လို့ အမေရိကန်ဆေးသုတေသနဌာနကပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG