သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏိၵယ COVID-19 ကူးစက္သူ ၂ သန္းေက်ာ္ၿပီ


COVID 19 ရွိမရွိ စစ္ေဆးေနတဲ့ က်န္းမာေရး၀န္ထမ္းတဦးကို အိႏၵိယႏိုင္ငံ New Delhi ၿမိဳ႕မွာ ေတြ႔ရ။ (ၾသဂုတ္ ၀၇၊ ၂၀၂၀)

[Zawgyi/Unicode]

အိႏၵိယႏုိင္ငံမွာ COVID-19 ေရာဂါကူးစက္ခံရသူ ၂,၀၀၀,၀၀၀ ေက်ာ္ နဲ႔ ေသဆုံးသူ ၄၁,၀၀၀ ေက်ာ္သြားၿပီျဖစ္ပါတယ္။ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း အိႏၵိယမွာ ေရာဂါကူးစက္ခံရသူ ၆၂,၅၃၈ ေယာက္ရွိတာေၾကာင့္ တႏုိင္ငံလုံးမွာ ကူးစက္သူဟာ ၂,၀၀၀,၀၀၀ ေက်ာ္ ရွိၿပီလို႔ အိႏၵိယက်န္းမာေရး၀န္ႀကီးဌာနက ဒီေန႔ေျပာပါတယ္။ ဒါ့အျပင္ ဗုိင္းရပ္စ္ေၾကာင့္ ေနာက္ထပ္ ၈၈၆ ေယာက္ထက္မနည္း ဒီေန႔ ေသဆုံးခဲ့တယ္လို႔ ေျပာပါတယ္။ အိႏၵိယဟာ အေမရိကန္နဲ႔ ဘရာဇီးလ္ၿပီးရင္ ကမာၻေပၚမွာ ေရာဂါကူးစက္မႈအမ်ားဆုံးႏိုင္ငံျဖစ္ၿပီး ေသဆုံးမႈႏႈန္းမွာေတာ့ ပဥၥမေျမာက္အမ်ားဆုံးႏုိင္ငံ ျဖစ္ပါတယ္။

ေနာ္ေ၀းႏုိင္ငံက ခရီးသည္တင္အေပ်ာ္စီးသေဘၤာေပၚမွာ ဗုိင္းရပ္စ္ ကူးစက္ခံရသူဟာ ၆၂ ေယာက္အထိ ရွိလာၿပီျဖစ္ပါတယ္။ MS Roald Amundsen သေဘၤာေပၚမွာ ဗုိင္းရပ္စ္ကူးစက္မႈျဖစ္ၿပီးတဲ့ေနာက္ သေဘၤာပိုင္ရွင္က အေပ်ာ္စီးသေဘၤာေတြ အားလုံးကို တနလၤာေန႔မွာ ရပ္တန္႔လိုက္ၿပီး ေနာ္ေ၀းႏုိင္ငံကလည္း အေပ်ာ္စီးသေဘၤာေတြကို ကမ္းကပ္ခြင့္မေပးဘဲ ဆိပ္ကမ္းေတြအားလုံးကို ၂ ပတ္ ပိတ္လိုက္ပါတယ္။

ၿပီးခဲ့တဲ့လက ခရီးစဥ္ ၂ ခုအတြင္း အဲဒီသေဘၤာေပၚမွာပါတဲ့ သေဘၤာ၀န္ထမ္း ၄၁ ေယာက္ နဲ႔ ခရီးသည္ ၂၁ ေယာက္ ဗုိင္းရပ္စ္ကူးစက္ခံခဲ့ရၿပီး အားလုံးဟာ ေနာ္ေ၀းႏုိင္ငံမွာ ေနထုိင္သူေတြျဖစ္တယ္လို႔ ေနာ္ေ၀း ျပည္သူ႔က်န္းမာေရး ဌာနက ေျပာပါတယ္။

အဲဒီ အေပ်ာ္စီးသေဘၤာဟာ တခါတရံမွာ ေဒသတြင္းမွာသြားတဲ့ ခရီးသည္တင္သေဘၤာလိုပဲ ေနာ္ေ၀းႏုိင္ငံ အေနာက္ဘက္ကမ္း႐ုိးတန္းက ဆိပ္ကမ္းေတြမွာ တခု၀င္ တခုထြက္ သြားေလ့ရွိၿပီး တခ်ိဳ႕ခရီးသည္ေတြလည္း ခရီးစဥ္တေလွွ်ာက္ အတက္အဆင္းေတြလုပ္ၾကတာေၾကာင့္ ေဒသခံလူမႈအသိုင္းအ၀ိုင္းေတြကိုပါ ဗုိင္းရပ္စ္ကူးစက္လာႏုိင္တယ္လို႔ အာဏာပိုင္ေတြက စိုးရိမ္ေနၾကပါတယ္။

ျပည္နယ္၀န္ႀကီးခ်ဳပ္ Daniel Andrews
ျပည္နယ္၀န္ႀကီးခ်ဳပ္ Daniel Andrews

ၾသစေၾတးလ်ႏုိင္ငံ ဗစ္တုိးရီးယားျပည္နယ္မွာေတာ့ ဒီေန႔မွာ ဗုိင္းရပ္စ္ကူးစက္သူ ၄၅၀ နဲ႔ ေသဆုံးသူ ၁၁ ေယာက္ရွိၿပီး ကူးစက္ခံရသူေတြထဲက ၁၃၉ ေယာက္ဟာ က်န္းမာေရး ၀န္ထမ္းေတြ ျဖစ္တယ္လို႔ ျပည္နယ္၀န္ႀကီးခ်ဳပ္ Daniel Andrews က ေျပာပါတယ္။

အိႏိၵယ COVID-19 ကူးစက္သူ ၂ သန္းေက်ာ္ၿပီ
please wait

No media source currently available

0:00 0:01:25 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အိန္ဒိယ COVID-19 ကူးစက်သူ ၂ သန်းကျော်ပြီ

အိန္ဒိယနိုင်ငံမှာ COVID-19 ရောဂါကူးစက်ခံရသူ ၂,၀၀၀,၀၀၀ ကျော် နဲ့ သေဆုံးသူ ၄၁,၀၀၀ ကျော်သွားပြီဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း အိန္ဒိယမှာ ရောဂါကူးစက်ခံရသူ ၆၂,၅၃၈ ယောက်ရှိတာကြောင့် တနိုင်ငံလုံးမှာ ကူးစက်သူဟာ ၂,၀၀၀,၀၀၀ ကျော် ရှိပြီလို့ အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့ပြောပါတယ်။ ဒါ့အပြင် ဗိုင်းရပ်စ်ကြောင့် နောက်ထပ် ၈၈၆ ယောက်ထက်မနည်း ဒီနေ့ သေဆုံးခဲ့တယ်လို့ ပြောပါတယ်။ အိန္ဒိယဟာ အမေရိကန်နဲ့ ဘရာဇီးလ်ပြီးရင် ကမ္ဘာပေါ်မှာ ရောဂါကူးစက်မှုအများဆုံးနိုင်ငံဖြစ်ပြီး သေဆုံးမှုနှုန်းမှာတော့ ပဉ္စမမြောက်အများဆုံးနိုင်ငံ ဖြစ်ပါတယ်။

နော်ဝေးနိုင်ငံက ခရီးသည်တင်အပျော်စီးသင်္ဘောပေါ်မှာ ဗိုင်းရပ်စ် ကူးစက်ခံရသူဟာ ၆၂ ယောက်အထိ ရှိလာပြီဖြစ်ပါတယ်။ MS Roald Amundsen သင်္ဘောပေါ်မှာ ဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပြီးတဲ့နောက် သင်္ဘောပိုင်ရှင်က အပျော်စီးသင်္ဘောတွေ အားလုံးကို တနင်္လာနေ့မှာ ရပ်တန့်လိုက်ပြီး နော်ဝေးနိုင်ငံကလည်း အပျော်စီးသင်္ဘောတွေကို ကမ်းကပ်ခွင့်မပေးဘဲ ဆိပ်ကမ်းတွေအားလုံးကို ၂ ပတ် ပိတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့လက ခရီးစဉ် ၂ ခုအတွင်း အဲဒီသင်္ဘောပေါ်မှာပါတဲ့ သင်္ဘောဝန်ထမ်း ၄၁ ယောက် နဲ့ ခရီးသည် ၂၁ ယောက် ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီး အားလုံးဟာ နော်ဝေးနိုင်ငံမှာ နေထိုင်သူတွေဖြစ်တယ်လို့ နော်ဝေး ပြည်သူ့ကျန်းမာရေး ဌာနက ပြောပါတယ်။

အဲဒီ အပျော်စီးသင်္ဘောဟာ တခါတရံမှာ ဒေသတွင်းမှာသွားတဲ့ ခရီးသည်တင်သင်္ဘောလိုပဲ နော်ဝေးနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းက ဆိပ်ကမ်းတွေမှာ တခုဝင် တခုထွက် သွားလေ့ရှိပြီး တချို့ခရီးသည်တွေလည်း ခရီးစဉ်တလျှောက် အတက်အဆင်းတွေလုပ်ကြတာကြောင့် ဒေသခံလူမှုအသိုင်းအဝိုင်းတွေကိုပါ ဗိုင်းရပ်စ်ကူးစက်လာနိုင်တယ်လို့ အာဏာပိုင်တွေက စိုးရိမ်နေကြပါတယ်။

သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်မှာတော့ ဒီနေ့မှာ ဗိုင်းရပ်စ်ကူးစက်သူ ၄၅၀ နဲ့ သေဆုံးသူ ၁၁ ယောက်ရှိပြီး ကူးစက်ခံရသူတွေထဲက ၁၃၉ ယောက်ဟာ ကျန်းမာရေး ဝန်ထမ်းတွေ ဖြစ်တယ်လို့ ပြည်နယ်ဝန်ကြီးချုပ် Daniel Andrews က ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG