သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံတည်ထောင်ခြင်း ၅၃ နှစ်ပြည့်မှာ အဖွဲ့ဝင်နိုင်ငံတွေကို ကန် ချီးကျူး


အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN အလံ (Hean Socheata/VOA Khmer)
အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN အလံ (Hean Socheata/VOA Khmer)

(Zawgyi/Unicode)

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN ဖွဲ့စည်းတည်ထောင်တဲ့ ၅၃ နှစ်မြောက် အထိမ်းအမှတ်အဖြစ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က အဖွဲ့ဝင် ၁၀ နိုင်ငံကို ချီးကျူး ဂုဏ်ပြုလိုက်ပါတယ်။ အာဆီယံအဖွဲ့ကို စစ်အေးကာလထဲ ၁၉၆၇ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့မှာ အဖွဲ့ဝင် ၅ နိုင်ငံနဲ့ စတင် တည်ထောင်ခဲ့တာပါ။

ဝန်ကြီး Pompeo က ဆယ် စုနှစ်တွေချီပြီး ASEAN ဟာ ဒေသတွင်း တည်ငြိမ် အေးချမ်းပြီး စည်ပင်ဝပြောတဲ့ အခြေအနေတွေကို တည်ဆောက်နိုင်ခဲ့ကြောင်းနဲ့ ASEAN ဦးဆောင်တဲ့ နည်းလမ်းနဲ့ လုပ်ထုံးလုပ်နည်းတွေဟာ Indo-Pacific ဒေသ လွတ်လပ် ပွင့်လင်းမှုရှိရေး အမေရိကန်နိုင်ငံရဲ့ မျှော်မှန်းချက်အတွက် အရေးပါတယ်လို့ ပြောပါတယ်။ အမေရိကန်နဲ့ ASEAN နိုင်ငံ တွေ ကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွေက Indo-Pacific ဒေသကို လွတ်လပ်ပွင့်လင်းတဲ့ ဒေသတခုဖြစ်လာဖို့ အထောက် အကူပြုခဲ့တယ်လို့လည်း ပြောပါတယ်။

COVID-19 ကပ်ရောဂါကို တိုက်ဖျက်ရေးမှာလည်း အမေရိကန်နဲ့ ASEAN နိုင်ငံတွေ အတူပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်လို့လည်း Pompeo ရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

အမေရိကန်နိုင်ငံဟာ COVID-19 တိုက်ဖျက်ရေးအတွက် ASEAN နိုင်ငံတွေကို ဒေါ်လာ ၈၅ သန်းနီးပါး အရေးပေါ်အကူအညီတွေနဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပေးအပ်သွားဖို့ ကတိပြုထားသလိုကပ်ရောဂါပြီးဆုံးသွားတဲ့အခါမှာလည်း အာဆီယံနိုင်ငံတွေနဲ့ အမေရိကန်နိုင်ငံ အကြားပွင့်လင်း မြင်သာတဲ့ စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုတွေ ရရှိရေး ဆက်လက်လုပ်ဆောင်သွားဖို့ ရှိတယ်လို့လည်း ဝန်ကြီး Pompeo က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်


..............


(Unicode)





ဆက်စပ်သတင်းများ ...

XS
SM
MD
LG