(Zawgyi / Unicode)
ကခ်င္ျပည္နယ္ ဖားကန္႔ေဒသက ေက်ာက္စိမ္းရွာေဖြေရးလုပ္ငန္းမွာ စြန္႔ပစ္ေျမစာပုံ ၿပဳိၿပီး လူအမ်ားအျပား ေသဆုံးခဲ့ရတာအတြက္ ျမန္မာအစိုးရနဲ႔ ျပည္သူတို႔နဲ႔အတူ လြန္စြာ စိတ္ထိခိုက္ရေၾကာင္း အေရွ႕ေတာင္အာရွ ႏုိင္ငံမ်ားအသင္း (အာဆီယံ) ႏုိင္ငံျခားေရးဝန္ႀကီးေတြက ဇူလိုင္လ ၄ ရက္ ေန႔စဲြနဲ႔ ေၾကညာခ်က္တေစာင္ ထုတ္ျပန္ပါတယ္။
ဒီေဘးဒုကၡရဲ႕ ေနာက္ဆက္တြဲ ထိခိုက္မႈေတြကေန ျမန္မာႏုိင္ငံအေနနဲ႔ အလွ်င္အျမန္ ေက်ာ္လႊားႏုိင္မယ္လို႔ ယံုၾကည္ေၾကာင္း၊ အာဆီယံႏုိင္ငံေတြ အေနနဲ႔ ျမန္မာႏုိင္ငံနဲ႔ စည္းလံုးညီညြတ္စြာ ရပ္တည္ေနၿပီး လိုအပ္တဲ့ ေထာက္ပံ့မႈေတြနဲ႔ ပူးေပါင္းေဆာင္ရြက္မႈေတြ လုပ္ေဆာင္မယ္လို႔လည္း ေၾကညာခ်က္မွာ ကတိျပဳ ေျပာဆိုထားပါတယ္။
ကခ်င္ျပည္နယ္ ဖားကန္႔ ရတနာနယ္ေျမမွာ ေျမၿပိဳက်ခဲ့တဲ့ကိစၥကို စံုစမ္းဖုိ႔ သမၼတ ဦးဝင္းျမင့္က ဇူလိုင္ ၃ ရက္ေန႔မွာ စံုစမ္းေရးအဖဲြ႔ ဖဲြ႔စည္းလုိက္ပါတယ္။ ဘာေၾကာင့္ ေျမၿပိဳက်ခဲ့သလဲ၊ ေျမၿပိဳက်တဲ့ျဖစ္စဥ္မွာ တာဝန္ရွိသူ အဆင့္အဆင့္ကို ေဖာ္ထုတ္ဖုိ႔နဲ႔ ေသဆံုးသူေတြ၊ ထိခိုက္ဒဏ္ရာရသူေတြရဲ႕ မိသားစုေတြအတြက္ လိုအပ္တဲ့ ေထာက္ပံ့ကူညီမႈေတြ စီစဥ္ေပးဖုိ႔၊ ေနာင္မွာ ေျမၿပိဳက်တာ ထပ္မျဖစ္ရေအာင္ ေဆာင္ရြက္သြားဖို႔ ညႊန္ၾကားထားပါတယ္။
-----------------------------------
(Unicode)
လူပေါင်းများစွာ သေဆုံးရတဲ့ ဖားကန့် မြေပြိုမှုအတွက် ဝမ်းနည်းရကြောင်း အာဆီယံ ထုတ်ပြန်
ကချင်ပြည်နယ် ဖားကန့်ဒေသက ကျောက်စိမ်းရှာဖွေရေးလုပ်ငန်းမှာ စွန့်ပစ်မြေစာပုံ ပြိုပြီး လူအများအပြား သေဆုံးခဲ့ရတာအတွက် မြန်မာအစိုးရနဲ့ ပြည်သူတို့နဲ့အတူ လွန်စွာ စိတ်ထိခိုက်ရကြောင်း အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နိုင်ငံခြားရေးဝန်ကြီးတွေက ဇူလိုင်လ ၄ ရက် နေ့စွဲနဲ့ ကြေညာချက်တစောင် ထုတ်ပြန်ပါတယ်။
ဒီဘေးဒုက္ခရဲ့ နောက်ဆက်တွဲ ထိခိုက်မှုတွေကနေ မြန်မာနိုင်ငံအနေနဲ့ အလျှင်အမြန် ကျော်လွှားနိုင်မယ်လို့ ယုံကြည်ကြောင်း၊ အာဆီယံနိုင်ငံတွေ အနေနဲ့ မြန်မာနိုင်ငံနဲ့ စည်းလုံးညီညွတ်စွာ ရပ်တည်နေပြီး လိုအပ်တဲ့ ထောက်ပံ့မှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်မယ်လို့လည်း ကြေညာချက်မှာ ကတိပြု ပြောဆိုထားပါတယ်။
ကချင်ပြည်နယ် ဖားကန့် ရတနာနယ်မြေမှာ မြေပြိုကျခဲ့တဲ့ကိစ္စကို စုံစမ်းဖို့ သမ္မတ ဦးဝင်းမြင့်က ဇူလိုင် ၃ ရက်နေ့မှာ စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းလိုက်ပါတယ်။ ဘာကြောင့် မြေပြိုကျခဲ့သလဲ၊ မြေပြိုကျတဲ့ဖြစ်စဉ်မှာ တာဝန်ရှိသူ အဆင့်အဆင့်ကို ဖော်ထုတ်ဖို့နဲ့သေဆုံးသူတွေ၊ ထိခိုက်ဒဏ်ရာရသူတွေရဲ့ မိသားစုတွေအတွက် လိုအပ်တဲ့ ထောက်ပံ့ကူညီမှုတွေ စီစဉ်ပေးဖို့၊ နောင်မှာ မြေပြိုကျတာ ထပ်မဖြစ်ရအောင် ဆောင်ရွက်သွားဖို့ ညွှန်ကြားထားပါတယ်။