သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖားကန္႔ေျမၿပိဳမႈျဖစ္ရပ္အတြက္ စံုစမ္းစစ္ေဆးေရးအဖြဲ႔ ဖြဲ႔စည္း


ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ ႏိုင္ငံေတာ္သမၼတ႐ုံးရဲ႕ စံုစမ္းစစ္ေဆးေရးအဖြဲ႔ ဖြဲ႔စည္းျခင္း အမိန႔္ေၾကာ္ျငာခ်က္ (ဓာတ္ပံု - Myanmar President Office - ဇူလိုင္ ၀၃၊ ၂၀၂၀)

[Zawgyi/Unicode]

ကခ်င္ျပည္နယ္ ဖားကန္႔ၿမိဳ႕နယ္ ဖားကန္႔ရတနာနယ္ေျမမွာ ေျမၿပိဳက်ခဲ့တဲ့ကိစၥကို စံုစမ္းဖုိ႔ သမၼတဦးဝင္းျမင့္က စံုစမ္းေရးအဖဲြ႔ ဖဲြ႔စည္းလုိက္ပါတယ္။

လံုးခင္း၊ ဖားကန္႔ ရတနာနယ္ေျမအတြင္း ေျမၿပိဳက်မႈျဖစ္စဥ္နဲ႔ စပ္လ်ဥ္း၍ စံုစမ္းစစ္ေဆးေရးအဖဲြ႔လို႔ နာမည္ေပးထားတဲ့အဖဲြ႔မွာ သယံဇာတနဲ႔ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီး ဦးအုန္းဝင္းက ဥကၠ႒အျဖစ္ ေဆာင္႐ြက္ရမွာျဖစ္ပါတယ္။

အဖဲြ႔အေနနဲ႔ လုပ္ရမွာေတြကေတာ့ ဘာေၾကာင့္ ေျမၿပိဳက်ခဲ့သလဲဆိုတာကို စံုစမ္းဖုိ႔၊ ေျမၿပိဳက်တဲ့ျဖစ္စဥ္မွာ တာဝန္႐ွိသူအဆင့္အဆင့္ကို ေဖာ္ထုတ္ဖုိ႔၊ ေသဆံုးသြားသူေတြနဲ႔ ထိခိုက္ဒဏ္ရာရသူေတြရဲ႕ မိသားစုေတြအတြက္ လိုအပ္တဲ့ေထာက္ပံ့ကူညီမႈေတြ စီစဥ္ေပးဖုိ႔၊ ေနာင္မွာ ေျမၿပိဳမႈေတြ မျဖစ္ေအာင္ လံုျခံဳေရးအပါအဝင္ ေဆာင္႐ြက္ဖုိ႔လိုအပ္တာေတြကို အႀကံျပဳတင္ျပဖုိ႔တုိ႔ျဖစ္ပါတယ္။

စံုစမ္းစစ္ေဆးမႈ အစီရင္ခံစာကို သမၼတ႐ံုးကို အျမန္ဆံုးတင္ျပရမယ္လို႔ သမၼတဦးဝင္းျမင့္လက္မွတ္နဲ႔ ထုတ္ျပန္ခ်က္ထဲမွာ ေျပာထားပါတယ္။

စံုစမ္းေရးအဖဲြ႔ထဲမွာ ျပည္ထဲေရးဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီးစိုးထြဋ္၊ လူကယ္ျပန္ဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအး၊ ကခ်င္ျပည္နယ္အစိုးရအဖဲြ႔ဝင္ႀကီးခ်ဳပ္ ေဒါက္တာခက္ေအာင္တုိ႔က အဖဲြ႔ဝင္ေတြအျဖစ္ ပါဝင္ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဖားကန့်မြေပြိုမှုဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဖားကန့်ရတနာနယ်မြေမှာ မြေပြိုကျခဲ့တဲ့ကိစ္စကို စုံစမ်းဖို့ သမ္မတဦးဝင်းမြင့်က စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းလိုက်ပါတယ်။

လုံးခင်း၊ ဖားကန့် ရတနာနယ်မြေအတွင်း မြေပြိုကျမှုဖြစ်စဉ်နဲ့ စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့လို့ နာမည်ပေးထားတဲ့အဖွဲ့မှာ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရမှာဖြစ်ပါတယ်။

အဖွဲ့အနေနဲ့ လုပ်ရမှာတွေကတော့ ဘာကြောင့် မြေပြိုကျခဲ့သလဲဆိုတာကို စုံစမ်းဖို့၊ မြေပြိုကျတဲ့ဖြစ်စဉ်မှာ တာဝန်ရှိသူအဆင့်အဆင့်ကို ဖော်ထုတ်ဖို့၊ သေဆုံးသွားသူတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေရဲ့ မိသားစုတွေအတွက် လိုအပ်တဲ့ထောက်ပံ့ကူညီမှုတွေ စီစဉ်ပေးဖို့၊ နောင်မှာ မြေပြိုမှုတွေ မဖြစ်အောင် လုံခြုံရေးအပါအဝင် ဆောင်ရွက်ဖို့လိုအပ်တာတွေကို အကြံပြုတင်ပြဖို့တို့ဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို သမ္မတရုံးကို အမြန်ဆုံးတင်ပြရမယ်လို့ သမ္မတဦးဝင်းမြင့်လက်မှတ်နဲ့ ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

စုံစမ်းရေးအဖွဲ့ထဲမှာ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်ကြီးချုပ် ဒေါက်တာခက်အောင်တို့က အဖွဲ့ဝင်တွေအဖြစ် ပါဝင်ကြပါတယ်။

XS
SM
MD
LG