သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖားကန္႔ေက်ာက္စိမ္းတြင္း ေျမၿပိဳမႈ ေသဆံုးသူအေရအတြက္ တိုးလာ


ကခ်င္ျပည္နယ္ ဖားကန္႔ၿမိဳ႕နယ္က ေျမၿပိဳက်မႈအတြင္း ေသဆံုးသြားသူမ်ားကို သယ္ေဆာင္ေနၾကတဲ့ ျမင္ကြင္း။ (ဇူလိုင္ ၀၂၊ ၂၀၂၀)

[Zawgyi/Unicode]

ၾကာသပေတးေန႔က ဖားကန္႔ေဒသ ေျမၿပိဳက်မႈေၾကာင့္ လူ ၁၀၀ ေက်ာ္ေသဆံုးခဲ့ၿပီး ဒီကေန႔ ထပ္မံရွာေဖြရာမွာ အေလာင္း ၁၁ ေလာင္း ထပ္မံေတြ႕ရွိတာနဲ႔ အစိုးရ၊ တပ္မေတာ္နဲ႔ လုပ္ငန္းရွင္ေတြက ေသဆံုး ဒဏ္ရာရသူေတြအတြက္ ေထာက္ပံ့ၾကတဲ့အေျခအေနကို တင္ျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုမိုးေဇာ္က သတင္းေပးပို႔ထားပါတယ္။

ဖားကန္႔ၿမိဳ႕နယ္ ေ၀ခါေက်းရြာအနီး ေက်ာက္စိမ္းလုပ္ကြက္ေဟာင္းမွာ ေျမၿပိဳက်မႈေၾကာင့္ ေသဆံုးသြားသူေတြကို ဒီကေန႔ ဆက္လက္ရွာေဖြရာမွာ အေလာင္း ၁၁ ေလာင္း ထပ္မံေတြ႔ရွိခဲ့ပါတယ္။

ဒီကေန႔ ရွာေဖြမႈအေျခအေနကို ဖားကန္႔ၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးခင္ေမာင္ျမင့္က အခုလို ေျပာပါတယ္။

“ဒီေန႔က ၁၁ ေလာင္းေတြ႔တယ္။ ၁၁ ေလာင္းေတြ႕ ၿပီးေတာ့မွ သူတို႔က ၃ နာရီခဲြေလာက္မွာ နားသြားၾကတယ္။ ကယ္ဆယ္ေရး team ေတြက။ မေန႔ကေတာ့ ေထြအုပ္ရံုးက ေျပာတာကေတာ့ ၁၆၁ လို႔ ေျပာပါတယ္။ ဒီေန႔ ၁၁ ဆိုရင္ ၁၇၂ ေပါ့။”

ထိခိုက္ဒဏ္ရာရသူ ၅၄ ေယာက္ရွိၿပီး ဖားကန္႔ေဆးရံုမွာ ေဆးကုသေပးေနေၾကာင္းေျပာပါတယ္။

ဒီကေန႔ မနက္မွာေတာ့ အစိုးရနဲ႔ လုပ္ငန္းရွင္ေတြက ေသဆံုး ထိခိုက္သူေတြအတြက္ ေထာက္ပံ့ေငြ ေပးအပ္လႈဒါန္းခဲ့သလို တပ္မေတာ္ကလည္း ပါ၀င္လႈဒါန္းခဲ့ေၾကာင္း ဦးခင္ေမာင္ျမင့္က ဆက္ေျပာပါတယ္။

“ကခ်င္ျပည္နယ္အစိုးရအဖဲြ႕က သိန္း ၅၀၀။ ေက်ာက္မ်က္လုပ္ငန္းရွင္မ်ားအသင္း ဖားကန္႔က သိန္း ၅၀၀။ KNDPC ကုမၸဏီက ၁၀၀ ဆိုေတာ့ ၁၁၀၀ ရတာေပါ့။ ၁၁နာရီေလာက္မွာက်ေတာ့ ေျမာက္ပိုင္းတိုင္းမႈးကိုယ္တိုင္တက္လာပါတယ္။ ဦးေတဇေက်ာ္။ တက္လာၿပီးေတာ့မွ ၾကည္း၊ ေရ၊ေလ တပ္မေတာ္သားေတြကေနၿပီးေတာ့မွ လႈဒါန္းတယ္ဆိုၿပီးမွ သိန္း ၅၀၀ လႈဒါန္းတယ္။ ေနာက္ ဆန္အိတ္ ၁၀၀၊ ဆီပံုး ပံုး ၂၀၊ ဆား ပိႆာ ၈၀၊ ကုလားပဲက ပိႆာ ၃၀၀ ထပ္လႈဒါန္းသြားပါတယ္။”

ဖားကန္႔ေက်ာက္စိမ္းတူးေဖာ္တဲ့ ေဒသမွာ အခုလို ေျမၿပိဳတာေၾကာင့္ မၾကာခဏဆို လူေသဆံုးတာေတြ ရွိခဲ့ၿပီး အဲဒီလိုျဖစ္တာဟာ စက္ယႏၷရားႀကီးေတြ အသံုးျပဳၿပီး အလြန္အကြ်ံ တူးေဖာ္မႈေၾကာင့္လို႔ ေ၀ဖန္ၾကသလို ဒါကို တားဆီးဖို႔အတြက္ ဥပေဒျပဳရာမွာ ၾကန္႔ၾကာေနတယ္လို႔ ဦးခင္ေမာင္ျမင့္က VOA ကို ေျပာဆိုထားပါတယ္။

Green Land သဘာ၀ ပတ္၀န္းက်င္ထိန္းသိမ္းေရးအဖဲြ႔ တာ၀န္ခံ ကိုေနာင္းလတ္ကလည္း ဥပေဒအရ အားနည္းခ်က္ေတြ ရွိသလို လုပ္ငန္းခြင္ႀကီးၾကပ္စိစစ္မႈ အားနည္းတာေတြလည္း ရွိေနေၾကာင္း အခုလို ေထာက္ျပပါတယ္။

“ပိတ္သိမ္းဖို႔ ဆိုတဲ့ေနရာမွာ ဒီကုမၸဏီက ဥပမာ ဒီလုပ္ကြက္ကို ဘယ္လို ပိတ္သိမ္းမလဲ။ ဘယ္လို ပံုစံအေနအထားနဲ႔ ပိတ္သိမ္းမလဲ။ ဒီက်င္းေတြကို ေျပာမယ္ဆိုရင္ အႏၲရာယ္ဆံုး ၅၀ ဒီကရီ ေလွကားထစ္ ေလ်ာဆင္းအေနန႔ဲ လုပ္ထားသလား။ ဒါမွမဟုတ္ နဂို မူရင္းပံုစံ ၿပိဳက်လြယ္တဲ့အေနအထား လုပ္ထားသလား။ ဒါ စိစစ္မႈအားနည္းတာေပါ့ေလ။ အဓိက ျပည္နယ္ကလည္း စိစစ္မႈအားနည္းသလို၊ ဟို သံယံဇာတနဲ႔ သဘာ၀ပတ္၀န္းက်င္ထိန္းသိမ္းေရး ျပည္ေထာင္စုအဆင့္ကလည္း စိစစ္တာအားနည္းတယ္။ လက္ရွိ ေျမျပင္မွာ ရွိတဲ့ ဒီ က်ေနာ္တို႔ ဖားကန္႔ၿမိဳ႕နယ္၊ လံုးခင္းတို႔ ဌာနဆိုင္ရာ ေက်ာက္စိမ္းရံုးတို႔ ဌာနဆိုင္ရာတို႔လည္း စိစစ္တာ အားနည္းတယ္လို႔ ျမင္တယ္။ အဲဒါေၾကာင့္ ေျမၿပိဳမႈက ခဏခဏ ျဖစ္တယ္ေလ။ ဥပေဒ လိုက္နာမႈကလည္း ကုမၸဏီအေနအထားနဲ႔ အားနည္းတာေပါ့ေနာ္။”

ကခ်င္ျပည္နယ္ ဖားကန္႔ၿမိဳ႕နယ္ ဆိပ္မူေက်းရြာအုပ္စု ေ၀ခါရြာက ေက်ာက္စိမ္းလုပ္ကြက္ေဟာင္းေနရာမွာ ေျမၿပိဳက်မႈမွာ ေသဆံုးသြားသူမ်ားကို သယ္ေဆာင္ေနၾကတဲ့ ျမင္ကြင္း။ (ဇူလိုင္ ၀၂၊ ၂၀၂၀)
ကခ်င္ျပည္နယ္ ဖားကန္႔ၿမိဳ႕နယ္ ဆိပ္မူေက်းရြာအုပ္စု ေ၀ခါရြာက ေက်ာက္စိမ္းလုပ္ကြက္ေဟာင္းေနရာမွာ ေျမၿပိဳက်မႈမွာ ေသဆံုးသြားသူမ်ားကို သယ္ေဆာင္ေနၾကတဲ့ ျမင္ကြင္း။ (ဇူလိုင္ ၀၂၊ ၂၀၂၀)

ဖားကန္႔ေဒသအပါအ၀င္ ရတနာေျမေတြမွာ တူးေဖာ္ထုတ္လုပ္တာေတြကို ဒီလ ၁ ရက္ေန႔က စတင္ ၿပီး မိုးတြင္း ၃ လ ရပ္နားဖို႔ အစိုးရက အမိန္႔ထုတ္ျပန္ထားတာျဖစ္ပါတယ္။

ေသဆံုးရသူေတြအေနနဲ႔ကေတာ့ စီးပြားေရးအေျခအေနအရ အႏၲရာယ္ရွိတဲ့ၾကားမွာ လုပ္ကိုင္ေနၾကတာလို႔ ျမင္ေၾကာင္းလည္း ကိုေနာင္းလတ္က ဆက္ေျပာပါတယ္။

“ေျပာမယ္ဆိုရင္ ျမန္မာလူထုအေနအထားနဲ႔ေရာ တိုင္းလူထု၊ ျပည္နယ္လူထုအေနအထားအရ စီးပြားေရးက ရွင္းရွင္းေျပာရရင္ ဒီ NLD လက္ထက္မွာ က်ေနာ္တို႔ က်ပ္တည္းေနတဲ့အေနအထားမွာ ရွိတယ္။ ခု COVID 19 ျဖစ္တဲ့အခ်ိန္မွာ ပိုဆိုးတာေပါ့။ ဖားကန္႔က လူေနမႈ သိပ္သည္းတဲ့အခါက်ေတာ့ ဒီတစ္ေန႔တာရဲ႕ ၀မ္းစာကို ေျဖရွင္းဖို႔အတြက္ လုပ္ရတာကို။ အႏၲရာယ္ရွိမွန္းသိလည္း ဘယ္သူမွေတာ့ မေရွာင္ႏိုင္ဘူးေလ။ ကိုယ့္ရဲ႕ ၀မ္းေရးအတြက္ ရွိတာကိုး။ အဲဒါက အဓိက အေျခခံလိုအပ္ခ်က္ လုပ္ငန္းကိုင္ငန္းအခြင့္အလမ္းကို အစိုးရက ေဖာ္ေဆာင္ေပးမႈ မရွိတဲ့ အေနအထားေၾကာင့္ ဒီလို ျဖစ္ေနတဲ့ အေနအထားေပါ့ေနာ္။ အဲလိုလို႔ပဲ ျမင္ပါတယ္။”

ၾကာသပေတးေန႔က လူရာနဲ႔ခ်ီၿပီး ေသဆံုးရတာနဲ႔ပတ္သက္လို႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္နဲ႔ ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံရံုးက ၀မ္းနည္းေၾကာင္းထုတ္ျပန္သလို ကခ်င္ျပည္နယ္အစိုးရနဲ႔ ႏိုင္ငံေရးပါတီတခ်ိဳ႕ကလည္း ၀မ္းနည္းေၾကာင္း ထုတ္ျပန္ထားပါတယ္။

Global Witness ေခၚ ႏိုင္ငံတကာ သဘာ၀သံယံဇာတအေရး ေစာင့္ၾကည့္ေရးအဖဲြ႕ကေတာ့ အခုလို ေျမၿပိဳက်တာဟာ အစိုးရက တာ၀န္မဲ့ေက်ာက္စိမ္းတူးေဖာ္တာေတြကို အေရးယူဖို႔ ပ်က္ကြက္တာေၾကာင့္ လို႔ ေထာက္ျပထားပါတယ္။

ဖားကန္႔ေဒသမွာ ႏွစ္စဥ္ ေျမၿပိဳတာေၾကာင့္ အေသအေပ်ာက္ေတြ ရွိေနၿပီး ၆ႏွွစ္အတြင္းမွာ လူ ၅၀၀ ေက်ာ္ေလာက္ ေသဆံုးခဲ့ရၿပီ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဖားကန့်ကျောက်စိမ်းတွင်း မြေပြိုမှု သေဆုံးသူအရေအတွက် တိုးလာ

ကြာသပတေးနေ့က ဖားကန့်ဒေသ မြေပြိုကျမှုကြောင့် လူ ၁၀၀ ကျော်သေဆုံးခဲ့ပြီး ဒီကနေ့ ထပ်မံရှာဖွေရာမှာ အလောင်း ၁၁ လောင်း ထပ်မံတွေ့ရှိတာနဲ့ အစိုးရ၊ တပ်မတော်နဲ့ လုပ်ငန်းရှင်တွေက သေဆုံး ဒဏ်ရာရသူတွေအတွက် ထောက်ပံ့ကြတဲ့အခြေအနေကို တင်ပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ဖားကန့်မြို့နယ် ဝေခါကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းမှာ မြေပြိုကျမှုကြောင့် သေဆုံးသွားသူတွေကို ဒီကနေ့ ဆက်လက်ရှာဖွေရာမှာ အလောင်း ၁၁ လောင်း ထပ်မံတွေ့ရှိခဲ့ပါတယ်။

ဒီကနေ့ ရှာဖွေမှုအခြေအနေကို ဖားကန့်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့်က အခုလို ပြောပါတယ်။

“ဒီနေ့က ၁၁ လောင်းတွေ့တယ်။ ၁၁ လောင်းတွေ့ ပြီးတော့မှ သူတို့က ၃ နာရီခွဲလောက်မှာ နားသွားကြတယ်။ ကယ်ဆယ်ရေး team တွေက။ မနေ့ကတော့ ထွေအုပ်ရုံးက ပြောတာကတော့ ၁၆၁ လို့ ပြောပါတယ်။ ဒီနေ့ ၁၁ ဆိုရင် ၁၇၂ ပေါ့။”

ထိခိုက်ဒဏ်ရာရသူ ၅၄ ယောက်ရှိပြီး ဖားကန့်ဆေးရုံမှာ ဆေးကုသပေးနေကြောင်းပြောပါတယ်။

ဒီကနေ့ မနက်မှာတော့ အစိုးရနဲ့ လုပ်ငန်းရှင်တွေက သေဆုံး ထိခိုက်သူတွေအတွက် ထောက်ပံ့ငွေ ပေးအပ်လှုဒါန်းခဲ့သလို တပ်မတော်ကလည်း ပါဝင်လှုဒါန်းခဲ့ကြောင်း ဦးခင်မောင်မြင့်က ဆက်ပြောပါတယ်။

“ကချင်ပြည်နယ်အစိုးရအဖွဲ့က သိန်း ၅၀၀။ ကျောက်မျက်လုပ်ငန်းရှင်များအသင်း ဖားကန့်က သိန်း ၅၀၀။ KNDPC ကုမ္ပဏီက ၁၀၀ ဆိုတော့ ၁၁၀၀ ရတာပေါ့။ ၁၁နာရီလောက်မှာကျတော့ မြောက်ပိုင်းတိုင်းမှုးကိုယ်တိုင်တက်လာပါတယ်။ ဦးတေဇကျော်။ တက်လာပြီးတော့မှ ကြည်း၊ ရေ၊လေ တပ်မတော်သားတွေကနေပြီးတော့မှ လှုဒါန်းတယ်ဆိုပြီးမှ သိန်း ၅၀၀ လှုဒါန်းတယ်။ နောက် ဆန်အိတ် ၁၀၀၊ ဆီပုံး ပုံး ၂၀၊ ဆား ပိဿာ ၈၀၊ ကုလားပဲက ပိဿာ ၃၀၀ ထပ်လှုဒါန်းသွားပါတယ်။”

ဖားကန့်ကျောက်စိမ်းတူးဖော်တဲ့ ဒေသမှာ အခုလို မြေပြိုတာကြောင့် မကြာခဏဆို လူသေဆုံးတာတွေ ရှိခဲ့ပြီး အဲဒီလိုဖြစ်တာဟာ စက်ယန္နရားကြီးတွေ အသုံးပြုပြီး အလွန်အကျွံ တူးဖော်မှုကြောင့်လို့ ဝေဖန်ကြသလို ဒါကို တားဆီးဖို့အတွက် ဥပဒေပြုရာမှာ ကြန့်ကြာနေတယ်လို့ ဦးခင်မောင်မြင့်က VOA ကို ပြောဆိုထားပါတယ်။

Green Land သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ တာဝန်ခံ ကိုနောင်းလတ်ကလည်း ဥပဒေအရ အားနည်းချက်တွေ ရှိသလို လုပ်ငန်းခွင်ကြီးကြပ်စိစစ်မှု အားနည်းတာတွေလည်း ရှိနေကြောင်း အခုလို ထောက်ပြပါတယ်။

“ပိတ်သိမ်းဖို့ ဆိုတဲ့နေရာမှာ ဒီကုမ္ပဏီက ဥပမာ ဒီလုပ်ကွက်ကို ဘယ်လို ပိတ်သိမ်းမလဲ။ ဘယ်လို ပုံစံအနေအထားနဲ့ ပိတ်သိမ်းမလဲ။ ဒီကျင်းတွေကို ပြောမယ်ဆိုရင် အန္တရာယ်ဆုံး ၅၀ ဒီကရီ လှေကားထစ် လျောဆင်းအနေနဲ့ လုပ်ထားသလား။ ဒါမှမဟုတ် နဂို မူရင်းပုံစံ ပြိုကျလွယ်တဲ့အနေအထား လုပ်ထားသလား။ ဒါ စိစစ်မှုအားနည်းတာပေါ့လေ။ အဓိက ပြည်နယ်ကလည်း စိစစ်မှုအားနည်းသလို၊ ဟို သံယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပြည်ထောင်စုအဆင့်ကလည်း စိစစ်တာအားနည်းတယ်။ လက်ရှိ မြေပြင်မှာ ရှိတဲ့ ဒီ ကျနော်တို့ ဖားကန့်မြို့နယ်၊ လုံးခင်းတို့ ဌာနဆိုင်ရာ ကျောက်စိမ်းရုံးတို့ ဌာနဆိုင်ရာတို့လည်း စိစစ်တာ အားနည်းတယ်လို့ မြင်တယ်။ အဲဒါကြောင့် မြေပြိုမှုက ခဏခဏ ဖြစ်တယ်လေ။ ဥပဒေ လိုက်နာမှုကလည်း ကုမ္ပဏီအနေအထားနဲ့ အားနည်းတာပေါ့နော်။”

ဖားကန့်ဒေသအပါအဝင် ရတနာမြေတွေမှာ တူးဖော်ထုတ်လုပ်တာတွေကို ဒီလ ၁ ရက်နေ့က စတင် ပြီး မိုးတွင်း ၃ လ ရပ်နားဖို့ အစိုးရက အမိန့်ထုတ်ပြန်ထားတာဖြစ်ပါတယ်။

သေဆုံးရသူတွေအနေနဲ့ကတော့ စီးပွားရေးအခြေအနေအရ အန္တရာယ်ရှိတဲ့ကြားမှာ လုပ်ကိုင်နေကြတာလို့ မြင်ကြောင်းလည်း ကိုနောင်းလတ်က ဆက်ပြောပါတယ်။

“ပြောမယ်ဆိုရင် မြန်မာလူထုအနေအထားနဲ့ရော တိုင်းလူထု၊ ပြည်နယ်လူထုအနေအထားအရ စီးပွားရေးက ရှင်းရှင်းပြောရရင် ဒီ NLD လက်ထက်မှာ ကျနော်တို့ ကျပ်တည်းနေတဲ့အနေအထားမှာ ရှိတယ်။ ခု COVID 19 ဖြစ်တဲ့အချိန်မှာ ပိုဆိုးတာပေါ့။ ဖားကန့်က လူနေမှု သိပ်သည်းတဲ့အခါကျတော့ ဒီတစ်နေ့တာရဲ့ ဝမ်းစာကို ဖြေရှင်းဖို့အတွက် လုပ်ရတာကို။ အန္တရာယ်ရှိမှန်းသိလည်း ဘယ်သူမှတော့ မရှောင်နိုင်ဘူးလေ။ ကိုယ့်ရဲ့ ဝမ်းရေးအတွက် ရှိတာကိုး။ အဲဒါက အဓိက အခြေခံလိုအပ်ချက် လုပ်ငန်းကိုင်ငန်းအခွင့်အလမ်းကို အစိုးရက ဖော်ဆောင်ပေးမှု မရှိတဲ့ အနေအထားကြောင့် ဒီလို ဖြစ်နေတဲ့ အနေအထားပေါ့နော်။ အဲလိုလို့ပဲ မြင်ပါတယ်။”

ကြာသပတေးနေ့က လူရာနဲ့ချီပြီး သေဆုံးရတာနဲ့ပတ်သက်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဝမ်းနည်းကြောင်းထုတ်ပြန်သလို ကချင်ပြည်နယ်အစိုးရနဲ့ နိုင်ငံရေးပါတီတချို့ကလည်း ဝမ်းနည်းကြောင်း ထုတ်ပြန်ထားပါတယ်။

Global Witness ခေါ် နိုင်ငံတကာ သဘာဝသံယံဇာတအရေး စောင့်ကြည့်ရေးအဖွဲ့ကတော့ အခုလို မြေပြိုကျတာဟာ အစိုးရက တာဝန်မဲ့ကျောက်စိမ်းတူးဖော်တာတွေကို အရေးယူဖို့ ပျက်ကွက်တာကြောင့် လို့ ထောက်ပြထားပါတယ်။

ဖားကန့်ဒေသမှာ နှစ်စဉ် မြေပြိုတာကြောင့် အသေအပျောက်တွေ ရှိနေပြီး ၆နှစ်အတွင်းမှာ လူ ၅၀၀ ကျော်လောက် သေဆုံးခဲ့ရပြီ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG