သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖားကန္႔ ေက်ာက္စိမ္းတြင္းေျမၿပိဳမႈ လူ ၁၆၀ ေက်ာ္ ေသဆံုး


ကခ်င္ျပည္နယ္ ဖားကန္႔ၿမိဳ႕နယ္ ဆိပ္မူေက်းရြာအုပ္စု ေ၀ခါရြာက ေက်ာက္စိမ္းလုပ္ကြက္ေဟာင္းေနရာမွာ ေျမၿပိဳက်မႈမွာ ေသဆံုးသြားတဲ့သူမ်ားကို သယ္ေဆာင္ေနၾကတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - U Cho, Hpakant - ဇူလိုင္ ၀၂၊ ၂၀၂၀)

[Zawgyi/Unicode]

ကခ်င္ျပည္နယ္၊ ဖားကန္႔ေက်ာက္စိမ္းတြင္းမွာ ဒီကေန႔ ေျမၿပိဳတာကေန ေသဆံုးသူ ၁၆၀ ေက်ာ္နဲ႔ ဒဏ္ရာရသူ ၅၀ ေက်ာ္ရွိတယ္လို႔ ျမန္မာႏုိင္ငံမီးသတ္တပ္ဖြဲ႔က သတင္းထုတ္ျပန္ပါတယ္။

အခုလို ေက်ာက္စိမ္းတူးလုပ္ကြက္ေတြမွာ ေျမၿပိဳက်တာဟာ တာဝန္မဲ့ေက်ာက္စိမ္းတူးေဖာ္ေရးလုပ္ငန္းေတြကို အေရးယူဖုိ႔ အစိုးရရဲ႕ ပ်က္ကြက္မႈကို ထပ္မံသတိေပးလိုက္တာျဖစ္တယ္လို႔ သဘာဝသယံဇာတေတြကို မတရားအျမတ္ထုတ္မႈ ေလ့လာေစာင့္ၾကည့္ေနတဲ့ Global Witness အဖဲြ႔က ေျပာၾကားလိုက္ပါတယ္။

အဂတိလိုက္စားမႈ ႐ွိေနတဲ့ သယံဇာတတူးေဖာ္ေရးက႑ကို ျပဳျပင္မယ္လို႔ ဂတိေပးထားတဲ့ NLD အစိုးရတက္လာတာ ၅ ႏွစ္ၾကာၿပီျဖစ္ေပမဲ့ အင္မတန္လိုအပ္ေနတဲ့ ျပဳျပင္ေျပာင္းလဲမႈေတြကို မလုပ္တဲ့အတြက္ ေက်ာက္မ်က္တြင္းေတြမွာ ေသဆံုးမႈေတြ ဆက္ျဖစ္ေနသလုိ ေက်ာက္စိမ္းတြင္းေတြမွာ အလုပ္လုပ္ေနၾကတဲ့ အႏၲရာယ္မ်ားတဲ့ လုပ္သားေတြရဲ႕ အသက္ေတြ စေတးခံရသလို ျဖစ္ေနတယ္လို႔ Global Witness အဖဲြ႔ရဲ႕ ထုတ္ျပန္ခ်က္မွာ ေထာက္ျပထားပါတယ္။

လႊတ္ေတာ္က ၂၀၁၉ ခုႏွစ္မွာ အတည္ျပဳထားတဲ့ ေက်ာက္မ်က္တူးေဖာ္ေရးဥပေဒနဲ႔ ႏွစ္ေတာ္ေတာ္ၾကာထဲက ထုတ္ျပန္ဖုိ႔ႀကိဳးစားေနတဲ့ ေက်ာက္မ်က္ဆိုင္ရာ မူဝါဒေတြအတိုင္း ခုထိ လက္ေတြ႔အေကာင္အထည္ မေဖာ္ေသးဘူးလို႔လည္း ဆိုပါတယ္။

အသက္အႏၲရာယ္မ်ားတဲ့ က႑ကိုျပဳျပင္ပါမယ္လို႔ အစိုးရက ကတိျပဳထားေပမဲ့ ဖားကန္႔ေဒသက ေလာဘေ႐ွ႕တန္းတင္တဲ့ ေက်ာက္မ်က္တူးေဖာ္ေရးလုပ္ငန္းေတြမွာ တရားမဝင္လုပ္ေဆာင္မႈေတြကို ဆက္ၿပီး မသိက်ဳိးကၽြံျပဳထားတယ္လို႔ Global Witness ရဲ႕စည္း႐ံုးလႈပ္႐ွားမႈ ေခါင္းေဆာင္ Paul Donowitz ကေျပာပါတယ္။ ျပဳျပင္ေျပာင္းလဲမႈေတြ မလုပ္သေ႐ြ႕ ေသဆံုးမႈေတြ ဆက္႐ွိေနမွာျဖစ္လို႔ အစိုးရအေနနဲ႕ အေရးတႀကီးလုပ္ဖုိ႔လိုၿပီဆိုတဲ့ အသိဝင္သင့္ၿပီလို႔သူကေျပာပါတယ္။ ေၾကကြဲစရာ ေသဆံုးရတဲ့အျဖစ္က လံုးဝႀကိဳတင္ကာကြယ္လုိ႔ရတယ္လို႔လည္း ေျပာထားပါတယ္။

ႏွစ္စဥ္ေဒၚလာသန္းေထာင္ခ်ီ ရ႐ွိေနတဲ့ ေက်ာက္စိမ္းတူးေဖာ္ေရးလုပ္ငန္းေတြကုိ စစ္တပ္နဲ႔ဆက္ႏြယ္ေနတဲ့ လုပ္ငန္းေတြ၊ လက္နက္ကိုင္အဖဲြ႔ေတြက လုပ္ကိုင္ေနၾကတာျဖစ္ပါတယ္။

[Unicode Version]

ဖားကန့် ကျောက်စိမ်းတွင်းမြေပြိုမှု လူ ၁၆၀ ကျော် သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်ကျောက်စိမ်းတွင်းမှာ ဒီကနေ့ မြေပြိုတာကနေ သေဆုံးသူ ၁၆၀ ကျော်နဲ့ ဒဏ်ရာရသူ ၅၀ ကျော်ရှိတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

အခုလို ကျောက်စိမ်းတူးလုပ်ကွက်တွေမှာ မြေပြိုကျတာဟာ တာဝန်မဲ့ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေကို အရေးယူဖို့ အစိုးရရဲ့ ပျက်ကွက်မှုကို ထပ်မံသတိပေးလိုက်တာဖြစ်တယ်လို့ သဘာဝသယံဇာတတွေကို မတရားအမြတ်ထုတ်မှု လေ့လာစောင့်ကြည့်နေတဲ့ Global Witness အဖွဲ့က ပြောကြားလိုက်ပါတယ်။

အဂတိလိုက်စားမှု ရှိနေတဲ့ သယံဇာတတူးဖော်ရေးကဏ္ဍကို ပြုပြင်မယ်လို့ ဂတိပေးထားတဲ့ NLD အစိုးရတက်လာတာ ၅ နှစ်ကြာပြီဖြစ်ပေမဲ့ အင်မတန်လိုအပ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို မလုပ်တဲ့အတွက် ကျောက်မျက်တွင်းတွေမှာ သေဆုံးမှုတွေ ဆက်ဖြစ်နေသလို ကျောက်စိမ်းတွင်းတွေမှာ အလုပ်လုပ်နေကြတဲ့ အန္တရာယ်များတဲ့ လုပ်သားတွေရဲ့ အသက်တွေ စတေးခံရသလို ဖြစ်နေတယ်လို့ Global Witness အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ထောက်ပြထားပါတယ်။

လွှတ်တော်က ၂၀၁၉ ခုနှစ်မှာ အတည်ပြုထားတဲ့ ကျောက်မျက်တူးဖော်ရေးဥပဒေနဲ့ နှစ်တော်တော်ကြာထဲက ထုတ်ပြန်ဖို့ကြိုးစားနေတဲ့ ကျောက်မျက်ဆိုင်ရာ မူဝါဒတွေအတိုင်း ခုထိ လက်တွေ့အကောင်အထည် မဖော်သေးဘူးလို့လည်း ဆိုပါတယ်။

အသက်အန္တရာယ်များတဲ့ ကဏ္ဍကိုပြုပြင်ပါမယ်လို့ အစိုးရက ကတိပြုထားပေမဲ့ ဖားကန့်ဒေသက လောဘရှေ့တန်းတင်တဲ့ ကျောက်မျက်တူးဖော်ရေးလုပ်ငန်းတွေမှာ တရားမဝင်လုပ်ဆောင်မှုတွေကို ဆက်ပြီး မသိကျိုးကျွံပြုထားတယ်လို့ Global Witness ရဲ့စည်းရုံးလှုပ်ရှားမှု ခေါင်းဆောင် Paul Donowitz ကပြောပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေ မလုပ်သရွေ့ သေဆုံးမှုတွေ ဆက်ရှိနေမှာဖြစ်လို့ အစိုးရအနေနဲ့ အရေးတကြီးလုပ်ဖို့လိုပြီဆိုတဲ့ အသိဝင်သင့်ပြီလို့သူကပြောပါတယ်။ ကြေကွဲစရာ သေဆုံးရတဲ့အဖြစ်က လုံးဝကြိုတင်ကာကွယ်လို့ရတယ်လို့လည်း ပြောထားပါတယ်။

နှစ်စဉ်ဒေါ်လာသန်းထောင်ချီ ရရှိနေတဲ့ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေကို စစ်တပ်နဲ့ဆက်နွယ်နေတဲ့ လုပ်ငန်းတွေ၊ လက်နက်ကိုင်အဖွဲ့တွေက လုပ်ကိုင်နေကြတာဖြစ်ပါတယ်။

XS
SM
MD
LG