သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖားကန္႔ေျမၿပိဳမႈ လူ ၁၀၀ ေက်ာ္ ေသဆံုး


ကခ်င္ျပည္နယ္ ဖားကန္႔ၿမိဳ႔နယ္ ဆိပ္မူေက်းရြာအုပ္စု ေ၀ခါရြာက ေက်ာက္စိမ္းလုပ္ကြက္ေဟာင္းေနရာမွာ ေျမၿပိဳတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - U Cho, Hpakant - ဇူလိုင္ ၀၂၊ ၂၀၂၀)

[Zawgyi/Unicode]

ကခ်င္ျပည္နယ္ ဖားကန္႔ၿမိဳ႕နယ္ ဆိပ္မူေက်းရြာအုပ္စု ေ၀ခါရြာက ေက်ာက္စိမ္းလုပ္ကြက္ေဟာင္းေနရာမွာ မိုးမ်ားၿပီး ေျမၿပိဳတာေၾကာင့္ ေက်ာက္တူးသူနဲ႔ ေရမေဆးေက်ာက္ရွာသူ ၁၀၀ ေက်ာ္ထက္မနည္း ေသဆုံးတဲ့သတင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုမိုးေဇာ္က တင္ျပေပးပါမယ္။

ဖားကန္႔ၿမိဳ႕နယ္က ေက်ာက္စိမ္းလုပ္ကြက္ေတြမွာ ေျမၿပိဳတာေၾကာင့္ မၾကာခဏ လူအေသအေပ်ာက္ရွိခဲ့ရာက ဒီတစ္ႀကိမ္ျဖစ္ပြားတာကေတာ့ ေသဆံုးမႈအမ်ားဆံုးျဖစ္ပါတယ္။ အေရးေပၚ ကယ္ဆယ္ေရးလုပ္ငန္းေတြ ေဆာင္ရြက္ေနတဲ့ ျမန္မာႏုိင္ငံ မီးသတ္တပ္ဖဲြ႔ကေတာ့ ဒီေန႔မြန္းလဲြပုိင္းအထိ အေလာင္း ၁၁၃ ေလာင္းကုိ ရွာေဖြေတြ႔ရွိထားေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။

ေျမၿပိဳမႈျဖစ္ပြားခဲ့တဲ့ ဖားကန္႔ၿမိဳ႕နယ္ ဆိပ္မူရြာက ဦးေနာ္လြန္ကေတာ့ ေသဆုံးသူအေရအတြက္ဟာ ဒီထက္ပုိမ်ားႏုိင္တယ္လုိ႔ ခန္႔မွန္းထားေၾကာင္း ေျပာပါတယ္။

“ဒီကေန႔ မနက္ ၈ နာရီခဲြမွာ က်ေနာ္တို႔ ဒီ လခူးေခ်ာင္ဆိုတဲ့ ရပ္ကြက္ဘက္က ကမ္းပါးၿပိဳက်လာတာေလ။ ၿပိဳက်လာတဲ့အခါက်ေတာ့ ေရကန္ရွိတယ္ ေအာက္မွာ။ အဲဒီေျမစာေတြက ေရကန္မွာ ေနရာယူလိုက္တဲ့အခါက်ေတာ့ ေရက တခါတည္းတက္လာၿပီးေတာ့ အဲဒီ ကမ္းပါးမွာ က်င္းသားေတြ၊ ေရမေဆးေက်ာက္ရွာသူေတြ အကုန္လံုး ဆဲြခ်သြားတာေပါ့။ ဆဲြခ်ၿပီးမွ ျမဳပ္ၿပီးမွ ေသကုန္ၾကတာ။ အခုခ်ိန္ထိေတာ့ အေလာင္း ၈၀ ေက်ာ္ေတာ့ ထုတ္ထားၿပီ။ သူတို႔ အဲဒီက လူႀကီးေတြ ခန္႔မွန္းတာကေတာ့ ၁၅၀နဲ႔ ၂၀၀ ၾကား ခန္႔မွန္းထားပါတယ္။”

ၿပိဳက်သြားတဲ့ကမ္းပါးဟာ အနည္းဆံုး ေပ ၅၀၀ ေက်ာ္ေလာက္ရွိေၾကာင္းနဲ႔ ကမ္းပါးၿပိဳက်တဲ့ ေျမစာေတြဟာ ေအာက္က ေရကန္ထဲက်ေရာက္ၿပီး ေရကန္ထဲမွာ ေပ ၅၀ ေက်ာ္လိႈင္းလံုးျဖစ္ေပၚခဲ့တာေၾကာင့္ ေရကန္ေဘးမွာ အလုပ္လုပ္ေနသူေတြကို တိုက္စားသြားတာျဖစ္ေၾကာင္း ေျပာပါတယ္။

ေျမၿပိဳက်တဲ့ေနရာမွာ ေဒသခံရြာသားေတြ၊ လူမႈအသင္းအဖဲြ႕ေတြ၊ အာဏာပိုင္ေတြ၊ တပ္၊ရဲနဲ႔ မီးသတ္တပ္ဖဲြ႕၀င္ေတြက ရွာေဖြကယ္ဆယ္ေရးေဆာင္ရြက္ေနပါတယ္။

ၿပီးခဲ့တဲ့ ဇြန္လ ၂၃ ရက္ေန႔ကလည္း ဆိတ္မူေက်းရြာအုပ္စု၊ စေပါ့ရြာမွာ အလားတူေျမၿပိဳက်ၿပီး ေရကန္အတြင္းက်ခဲ့ရာက ေရလိႈင္း႐ိုက္တဲ့အတြက္ အနည္းဆံုး လူ၂ ေယာက္ ေသဆံုးခဲ့သလို လူ ၆ ေယာက္ေလာက္ ထိခိုက္ဒဏ္ရာရခဲ့ပါတယ္။

ဖားကန္႔ေက်ာက္စိမ္းတြင္း ေဒသမွာ အခုလို လူအေသအေပ်ာက္ေတြ မၾကာခဏ ျဖစ္ရတာဟာ ေက်ာက္စိမ္းကုမၸဏီေတြက စက္ယႏၲရားေတြ အသံုးျပဳၿပီး အလြန္အကြ်ံ တူးေဖာ္တာနဲ႔ ေျမစာေတြကို စနစ္တက် စြန္႔ပစ္မႈမရွိတာေၾကာင့္လို႔ သဘာ၀ပတ္၀န္းက်င္ ထိန္းသိမ္းေရးအဖဲြ႕ေတြက ေ၀ဖန္ေထာက္ျပၾကပါတယ္။

ဖားကန္႔ၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္ျမင့္ကေတာ့ လက္ရွိ ျဖစ္ပ်က္ေနတဲ့အေျခအေနကို ထိန္းသိမ္းဖို႔ဆိုရင္ တိက်တဲ့ ဥပေဒျပဌာန္းၿပီး ထိထိေရာက္ေရာက္ ကိုင္တြယ္ေျဖရွင္းဖို႔ လိုအပ္ေၾကာင္း ေျပာပါတယ္။

ေလာေလာဆယ္မွာေတာ့ ေက်ာက္မ်က္တူးေဖာ္ေရးဆိုင္ရာ ဥပေဒသစ္ကို ေရးဆဲြျပဌာန္းထားေပမဲ့ နည္းဥပေဒ အတည္မျပဳႏိုင္ေသးတဲ့အတြက္ တိတိက်က် ကိုင္တြယ္ဖို႔ ခက္ခဲေနေၾကာင္း ဆက္ေျပာပါတယ္။

“၂၀၁၉ မွာ ေက်ာက္မ်က္ဥပေဒသစ္ထြက္တယ္။ ၂၀၁၉ ဇန္နဝါရီလမွာ သမၼတ လက္မွတ္ထိုးၿပီးေတာ့မွ။ အဲဒီ ေက်ာက္မ်က္ဥပေဒက ဒီဥစၥာ သဘာ၀ပတ္၀န္းက်င္ ပ်က္ဆီးတယ္၊ လူေတြ ေသတယ္ဆိုလို႔ က်ေနာ္တို႔က ဒီဥစၥာ အလြန္အကၽြံ တူးေဖာ္တဲ့အတြက္ ဒီလိုျဖစ္တဲ့အတြက္ က်ေနာ္တို႔က ၅ ဧက ၃ ႏွစ္၊ ၃ ဧက ၂ ႏွစ္၊ ၁ ဧက ၁ ႏွစ္ အဲလို သတ္မွတ္ထားတယ္။ ဥပေဒကေတာ့ ၂၀၁၉ ဇန္နဝါရီလမွာ ထြက္ၿပီ။ ဒါေပမဲ့ နည္းဥပေဒ မထြက္ေသးဘူး။ နည္းဥပေဒ မထြက္ေသးေတာ့ ဒီဥစၥာ အသက္မ၀င္ဘူးေျပာတယ္။ သူတို႔က အဲေတာ့ ဒီဥစၥာကို ေစာင့္ရင္း ေစာင့္ရင္းနဲ႔ ဒီလို ျဖစ္ေနတာ။ အဓိကကေတာ့ နည္းဥပေဒ ၾကာလို႔ ဒီလိုျဖစ္တာ။”

ညေန ၃ နာရီေလာက္မွာ ေသဆံုးသူ႐ုပ္အေလာင္း ၁၁၃ ေက်ာ္ေတြ႕ရွိထားေၾကာင္း၊ ထိခိ္ုက္ဒဏ္ရာရသူ ၅၄ ေယာက္္ရွိေၾကာင္းနဲ႔ မိုးသည္းေနတာေၾကာင့္ ရွာေဖြတာေတြ ေခတၱရပ္ေနေၾကာင္း ဦးခင္ေမာင္ျမင့္က ေျပာပါတယ္။

ဖားကန္႔ေက်ာက္စိမ္းေဒသအပါအ၀င္ ရတနာေျမေတြမွာ မိုးတြင္းကာလ တူးေဖာ္ ထုတ္လုပ္မႈကို ဒီလ ၁ ရက္ေန႔ကေန စတင္ၿပီး စက္တင္ဘာလကုန္အထိ ၃ လ ရပ္ဆိုင္းဖို႔ အစိုးရက ၫႊန္ၾကားထားခ်ိန္မွာ အခုလို ေျမၿပိဳမႈျဖစ္ခဲ့တာပါ။

လြန္ခဲ့တဲ့ ၂၀၁၅ ခုႏွစ္ ႏို၀င္ဘာ ၂၁ ရက္ေန႔က ျဖစ္ခဲ့တဲ့ ဖားကန္႔ေဒသ ေျမၿပိဳမႈမွာ ေသဆံုးသူ ႐ုပ္အေလာင္း ၁၁၄ ေလာင္းေတြ႕ရွိခဲ့ၿပီး ေသဆံုးမႈျဖစ္စဥ္မွာ အမ်ားဆံုးျဖစ္ခဲ့ပါတယ္။ ေဒသခံေတြကေတာ့ ၄ ရက္ၾကာ ရွင္းလင္းေရးလုပ္ငန္းေဆာင္ရြက္ၿပီးခ်ိန္မွာ ေျမၿပိဳမႈရဲ႕ တ၀က္ေလာက္ကိုသာ ရွာေဖြႏိုင္တာေၾကာင့္ အဲဒီျဖစ္စဥ္မွာ ေသဆံုးသူ ၂၀၀ ေလာက္ရွိမယ္လို႔လည္း ခန္႔မွန္းခဲ့ပါတယ္။

ဖားကန္႔ေျမၿပိဳမႈ လူ ၁၀၀ ေက်ာ္ ေသဆံုး
please wait

No media source currently available

0:00 0:04:07 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဖားကန့်မြေပြိုမှု လူ ၁၀၀ ကျော် သေဆုံး

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝေခါရွာက ကျောက်စိမ်းလုပ်ကွက်ဟောင်းနေရာမှာ မိုးများပြီး မြေပြိုတာကြောင့် ကျောက်တူးသူနဲ့ ရေမဆေးကျောက်ရှာသူ ၁၀၀ ကျော်ထက်မနည်း သေဆုံးတဲ့သတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြပေးပါမယ်။

ဖားကန့်မြို့နယ်က ကျောက်စိမ်းလုပ်ကွက်တွေမှာ မြေပြိုတာကြောင့် မကြာခဏ လူအသေအပျောက်ရှိခဲ့ရာက ဒီတစ်ကြိမ်ဖြစ်ပွားတာကတော့ သေဆုံးမှုအများဆုံးဖြစ်ပါတယ်။ အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကတော့ ဒီနေ့မွန်းလွဲပိုင်းအထိ အလောင်း ၁၁၃ လောင်းကို ရှာဖွေတွေ့ရှိထားကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

မြေပြိုမှုဖြစ်ပွားခဲ့တဲ့ ဖားကန့်မြို့နယ် ဆိပ်မူရွာက ဦးနော်လွန်ကတော့ သေဆုံးသူအရေအတွက်ဟာ ဒီထက်ပိုများနိုင်တယ်လို့ ခန့်မှန်းထားကြောင်း ပြောပါတယ်။

“ဒီကနေ့ မနက် ၈ နာရီခွဲမှာ ကျနော်တို့ ဒီ လခူးချောင်ဆိုတဲ့ ရပ်ကွက်ဘက်က ကမ်းပါးပြိုကျလာတာလေ။ ပြိုကျလာတဲ့အခါကျတော့ ရေကန်ရှိတယ် အောက်မှာ။ အဲဒီမြေစာတွေက ရေကန်မှာ နေရာယူလိုက်တဲ့အခါကျတော့ ရေက တခါတည်းတက်လာပြီးတော့ အဲဒီ ကမ်းပါးမှာ ကျင်းသားတွေ၊ ရေမဆေးကျောက်ရှာသူတွေ အကုန်လုံး ဆွဲချသွားတာပေါ့။ ဆွဲချပြီးမှ မြုပ်ပြီးမှ သေကုန်ကြတာ။ အခုချိန်ထိတော့ အလောင်း ၈၀ ကျော်တော့ ထုတ်ထားပြီ။ သူတို့ အဲဒီက လူကြီးတွေ ခန့်မှန်းတာကတော့ ၁၅၀နဲ့ ၂၀၀ ကြား ခန့်မှန်းထားပါတယ်။”

ပြိုကျသွားတဲ့ကမ်းပါးဟာ အနည်းဆုံး ပေ ၅၀၀ ကျော်လောက်ရှိကြောင်းနဲ့ ကမ်းပါးပြိုကျတဲ့ မြေစာတွေဟာ အောက်က ရေကန်ထဲကျရောက်ပြီး ရေကန်ထဲမှာ ပေ ၅၀ ကျော်လှိုင်းလုံးဖြစ်ပေါ်ခဲ့တာကြောင့် ရေကန်ဘေးမှာ အလုပ်လုပ်နေသူတွေကို တိုက်စားသွားတာဖြစ်ကြောင်း ပြောပါတယ်။

မြေပြိုကျတဲ့နေရာမှာ ဒေသခံရွာသားတွေ၊ လူမှုအသင်းအဖွဲ့တွေ၊ အာဏာပိုင်တွေ၊ တပ်၊ရဲနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်နေပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့ကလည်း ဆိတ်မူကျေးရွာအုပ်စု၊ စပေါ့ရွာမှာ အလားတူမြေပြိုကျပြီး ရေကန်အတွင်းကျခဲ့ရာက ရေလှိုင်းရိုက်တဲ့အတွက် အနည်းဆုံး လူ၂ ယောက် သေဆုံးခဲ့သလို လူ ၆ ယောက်လောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်း ဒေသမှာ အခုလို လူအသေအပျောက်တွေ မကြာခဏ ဖြစ်ရတာဟာ ကျောက်စိမ်းကုမ္ပဏီတွေက စက်ယန္တရားတွေ အသုံးပြုပြီး အလွန်အကျွံ တူးဖော်တာနဲ့ မြေစာတွေကို စနစ်တကျ စွန့်ပစ်မှုမရှိတာကြောင့်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေက ဝေဖန်ထောက်ပြကြပါတယ်။

ဖားကန့်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်ကတော့ လက်ရှိ ဖြစ်ပျက်နေတဲ့အခြေအနေကို ထိန်းသိမ်းဖို့ဆိုရင် တိကျတဲ့ ဥပဒေပြဌာန်းပြီး ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်ကြောင်း ပြောပါတယ်။

လောလောဆယ်မှာတော့ ကျောက်မျက်တူးဖော်ရေးဆိုင်ရာ ဥပဒေသစ်ကို ရေးဆွဲပြဌာန်းထားပေမဲ့ နည်းဥပဒေ အတည်မပြုနိုင်သေးတဲ့အတွက် တိတိကျကျ ကိုင်တွယ်ဖို့ ခက်ခဲနေကြောင်း ဆက်ပြောပါတယ်။

ကခ်င္ျပည္နယ္ ဖားကန္႔ၿမိဳ႔နယ္ ဆိပ္မူေက်းရြာအုပ္စု ေ၀ခါရြာက ေက်ာက္စိမ္းလုပ္ကြက္ေဟာင္းေနရာမွာ မိုးမ်ားၿပီး ေျမၿပိဳတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - U Cho, Hpakant - ဇူလိုင္ ၀၂၊ ၂၀၂၀)
ကခ်င္ျပည္နယ္ ဖားကန္႔ၿမိဳ႔နယ္ ဆိပ္မူေက်းရြာအုပ္စု ေ၀ခါရြာက ေက်ာက္စိမ္းလုပ္ကြက္ေဟာင္းေနရာမွာ မိုးမ်ားၿပီး ေျမၿပိဳတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - U Cho, Hpakant - ဇူလိုင္ ၀၂၊ ၂၀၂၀)

“၂၀၁၉ မှာ ကျောက်မျက်ဥပဒေသစ်ထွက်တယ်။ ၂၀၁၉ ဇန်နဝါရီလမှာ သမ္မတ လက်မှတ်ထိုးပြီးတော့မှ။ အဲဒီ ကျောက်မျက်ဥပဒေက ဒီဥစ္စာ သဘာဝပတ်ဝန်းကျင် ပျက်ဆီးတယ်၊ လူတွေ သေတယ်ဆိုလို့ ကျနော်တို့က ဒီဥစ္စာ အလွန်အကျွံ တူးဖော်တဲ့အတွက် ဒီလိုဖြစ်တဲ့အတွက် ကျနော်တို့က ၅ ဧက ၃ နှစ်၊ ၃ ဧက ၂ နှစ်၊ ၁ ဧက ၁ နှစ် အဲလို သတ်မှတ်ထားတယ်။ ဥပဒေကတော့ ၂၀၁၉ ဇန်နဝါရီလမှာ ထွက်ပြီ။ ဒါပေမဲ့ နည်းဥပဒေ မထွက်သေးဘူး။ နည်းဥပဒေ မထွက်သေးတော့ ဒီဥစ္စာ အသက်မဝင်ဘူးပြောတယ်။ သူတို့က အဲတော့ ဒီဥစ္စာကို စောင့်ရင်း စောင့်ရင်းနဲ့ ဒီလို ဖြစ်နေတာ။ အဓိကကတော့ နည်းဥပဒေ ကြာလို့ ဒီလိုဖြစ်တာ။”

ညနေ ၃ နာရီလောက်မှာ သေဆုံးသူရုပ်အလောင်း ၁၁၃ ကျော်တွေ့ရှိထားကြောင်း၊ ထိခိုက်ဒဏ်ရာရသူ ၅၄ ယောက်ရှိကြောင်းနဲ့ မိုးသည်းနေတာကြောင့် ရှာဖွေတာတွေ ခေတ္တရပ်နေကြောင်း ဦးခင်မောင်မြင့်က ပြောပါတယ်။

ဖားကန့်ကျောက်စိမ်းဒေသအပါအဝင် ရတနာမြေတွေမှာ မိုးတွင်းကာလ တူးဖော် ထုတ်လုပ်မှုကို ဒီလ ၁ ရက်နေ့ကနေ စတင်ပြီး စက်တင်ဘာလကုန်အထိ ၃ လ ရပ်ဆိုင်းဖို့ အစိုးရက ညွှန်ကြားထားချိန်မှာ အခုလို မြေပြိုမှုဖြစ်ခဲ့တာပါ။

လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက်နေ့က ဖြစ်ခဲ့တဲ့ ဖားကန့်ဒေသ မြေပြိုမှုမှာ သေဆုံးသူ ရုပ်အလောင်း ၁၁၄ လောင်းတွေ့ရှိခဲ့ပြီး သေဆုံးမှုဖြစ်စဉ်မှာ အများဆုံးဖြစ်ခဲ့ပါတယ်။ ဒေသခံတွေကတော့ ၄ ရက်ကြာ ရှင်းလင်းရေးလုပ်ငန်းဆောင်ရွက်ပြီးချိန်မှာ မြေပြိုမှုရဲ့ တဝက်လောက်ကိုသာ ရှာဖွေနိုင်တာကြောင့် အဲဒီဖြစ်စဉ်မှာ သေဆုံးသူ ၂၀၀ လောက်ရှိမယ်လို့လည်း ခန့်မှန်းခဲ့ပါတယ်။

XS
SM
MD
LG