သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အစိုးရနဲ႔ စီးပြားေရးလုပ္ငန္းေတြ လူ႔အခြင့္အေရးအေလးထားဖို႔ လူ႔အခြင့္အေရးေကာ္မရွင္တိုက္တြန္း


ျမန္မာႏိုင္ငံ အမ်ဳိးသားလူ႔အခြင့္အေရးေကာ္မ႐ွင္။

[Zawgyi/Unicode]

ကခ်င္ျပည္နယ္ ဖားကန္႔ၿမိဳ႕နယ္ထဲက ေက်ာက္မ်က္လုပ္ကြက္ တခုမွာ ေျမစာပံုၿပိဳက်လို႔ အသက္ေပါင္းမ်ားစြာ ဆံုး႐ႈံးရတဲ့ ျဖစ္ရပ္ေၾကာင့္ စီးပြားေရးလုပ္ငန္းေတြ အထိန္းအကြပ္ေလ်ာ့လ်ဲစြာ လုပ္ကိုင္ေနတာကို ထိန္းသိမ္းသင့္ၿပီလို႔ ျမန္မာႏိုင္ငံ အမ်ဳိးသားလူ႔အခြင့္အေရးေကာ္မ႐ွင္က ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။

ေက်ာက္မ်က္တူးေဖာ္ေရး လုပ္ခြင့္ရထားတဲ့ လုပ္ငန္းေတြဟာ ေဒၚလာသန္းေပါင္းမ်ားစြာ ဝင္ေငြရ႐ွိေနၾကေပမဲ့ လူ႔အခြင့္အေရးကို အေလးထားၿပီး ျဖစ္လာႏိုင္တဲ့ အႏၲရာယ္ေတြကို ကာကြယ္ဖုိ႔ ႀကိဳတင္ျပင္ဆင္ထားမႈ အားနည္းတယ္လို႔ အမ်ဳိးသားလူ႔အခြင့္အေရးေကာ္မ႐ွင္က ေထာက္ျပပါတယ္။

စီးပြားေရးလုပ္ငန္းေတြလုပ္တဲ့ေနရာမွာ အစိုးရနဲ႔ စီးပြားေရးလုပ္သူေတြအေနနဲ႔ လူ႔အခြင့္အေရးကို အေလးထားဖုိ႔ တာဝန္႐ွိတယ္လို႔လည္း ေျပာထားပါတယ္။ ဒါေၾကာင့္ ျမန္မာႏိုင္ငံက စီးပြားေရးလုပ္ငန္းေတြ လုပ္ကိုင္တဲ့ေနရာမွာ လူ႔အခြင့္အေရးနဲ႔ ပတ္သက္လို႔ ျပင္ဆင္ဖုိ႔လိုတာေတြ ေဆာင္႐ြက္ဖုိ႔၊ အခုအသက္ဆံုး႐ႈံးခဲ့ရသူေတြ ထိခိုက္နစ္နာသူေတြကို စာနာေထာက္ထားၿပီး သင့္ေတာ္တဲ့ျပန္လည္ကုစားမႈေတြ လုပ္ေပးဖု႔ိ စဥ္းစားေပးသင့္တယ္လို႔ ေကာ္မ႐ွင္ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ေျမစာပံုၿပိဳက်မႈမွာ ေသဆံုးခဲ့ရသူေတြရဲ႕ မိသားစုေတြနဲ႔ထပ္တူ ျမန္မာႏိုင္ငံ အမ်ဳိးသား လူ႔အခြင့္အေရးေကာ္မ႐ွင္ကလည္း ဝမ္းနည္း ေၾကကြဲ တုန္လႈပ္ရတယ္လို႔ ထုတ္ျပန္ခ်က္မွာ ေရးသားထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အစိုးရနဲ့ စီးပွားရေးလုပ်ငန်းတွေ လူ့အခွင့်အရေးအလေးထားဖို့ လူ့အခွင့်အရေးကော်မရှင်တိုက်တွန်း

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက ကျောက်မျက်လုပ်ကွက် တခုမှာ မြေစာပုံပြိုကျလို့ အသက်ပေါင်းများစွာ ဆုံးရှုံးရတဲ့ ဖြစ်ရပ်ကြောင့် စီးပွားရေးလုပ်ငန်းတွေ အထိန်းအကွပ်လျော့လျဲစွာ လုပ်ကိုင်နေတာကို ထိန်းသိမ်းသင့်ပြီလို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ကြေညာချက် ထုတ်ပြန်ပါတယ်။

ကျောက်မျက်တူးဖော်ရေး လုပ်ခွင့်ရထားတဲ့ လုပ်ငန်းတွေဟာ ဒေါ်လာသန်းပေါင်းများစွာ ဝင်ငွေရရှိနေကြပေမဲ့ လူ့အခွင့်အရေးကို အလေးထားပြီး ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို ကာကွယ်ဖို့ ကြိုတင်ပြင်ဆင်ထားမှု အားနည်းတယ်လို့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ထောက်ပြပါတယ်။

စီးပွားရေးလုပ်ငန်းတွေလုပ်တဲ့နေရာမှာ အစိုးရနဲ့ စီးပွားရေးလုပ်သူတွေအနေနဲ့ လူ့အခွင့်အရေးကို အလေးထားဖို့ တာဝန်ရှိတယ်လို့လည်း ပြောထားပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်တဲ့နေရာမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ပြင်ဆင်ဖို့လိုတာတွေ ဆောင်ရွက်ဖို့၊ အခုအသက်ဆုံးရှုံးခဲ့ရသူတွေ ထိခိုက်နစ်နာသူတွေကို စာနာထောက်ထားပြီး သင့်တော်တဲ့ပြန်လည်ကုစားမှုတွေ လုပ်ပေးဖု့ိ စဉ်းစားပေးသင့်တယ်လို့ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြေစာပုံပြိုကျမှုမှာ သေဆုံးခဲ့ရသူတွေရဲ့ မိသားစုတွေနဲ့ထပ်တူ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကလည်း ဝမ်းနည်း ကြေကွဲ တုန်လှုပ်ရတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG