သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖားကန္႔ေျမၿပိဳမႈ ေသဆံုးသူမ်ားအတြက္ဝမ္းနည္းေၾကာင္း အေမရိကန္သံ႐ံုးထုတ္ျပန္


ကခ်င္ျပည္နယ္ ဖားကန္႔ၿမိဳ႕နယ္က ေျမၿပိဳက်မႈအတြင္း ေသဆံုးသြားသူမ်ားကို သယ္ေဆာင္ေနၾကတဲ့ ျမင္ကြင္း။ (ဇူလိုင္ ၀၂၊ ၂၀၂၀)

[Zawgyi/Unicode]

ကခ်င္ျပည္နယ္ ဖားကန္႔ၿမိဳ႕နယ္အတြင္းက ေက်ာက္စိမ္းတူးေဖာ္တဲ့ေနရာမွာ ေျမၿပိဳက်မႈေၾကာင့္ ေသဆုံးသြားတဲ့သူေတြအတြက္ ၀မ္းနည္း စိတ္မေကာင္းျဖစ္ရေၾကာင္း ရန္ကုန္ၿမိဳ႕ အေမရိကန္သံ႐ုံးက ေျပာၾကားလိုက္ပါတယ္။

ဖားကန္႔ၿမိဳ႕နယ္တြင္းမွာ ရွိတဲ့ ေက်ာက္စိမ္းတူးေဖာ္တဲ့ေနရာမွာ မေန႔က ေျမၿပိဳက်မႈ အႀကီးအက်ယ္ျဖစ္ပြားခဲ့မႈေၾကာင့္ ေသဆုံးသြားတဲ့သူေတြရဲ႕ မိသားစုေတြနဲ႔ထပ္တူ အေမရိကန္သံ႐ုံးအေနနဲ႔ ၀မ္းနည္းစိတ္မေကာင္း ျဖစ္မိတယ္လို႔ သူတုိ႔ရဲ႕ လူမႈကြန္ရက္မွာ ဒီကေန႔ ထုတ္ျပန္ထားပါတယ္။ ဒါ့အျပင္ ေျမၿပိဳက်တဲ့အထဲမွာပါသြားတဲ့သူေတြကို ကယ္ဆယ္ေရးအတြက္ အင္တုိက္အားတုိက္ ေဆာင္ရြက္ၾကတဲ့သူေတြအားလုံးကိုလည္း အေမရိကန္သံ႐ုံးအေနနဲ႔ ခ်ီးက်ဴးဂုဏ္ျပဳတယ္လို႔ ေျပာၾကားလိုက္ပါတယ္။

ဖားကန္႔ၿမိဳ႕နယ္ ေ၀ခါေက်းရြာအနီးက ေက်ာက္စိမ္းလုပ္ကြက္ေဟာင္းမွာ မေန႔က ေျမၿပိဳက်မႈအႀကီးအက်ယ္ ျဖစ္ပြားခဲ့တာေၾကာင့္ ေသဆံုးသူ ၁၇၀ ေက်ာ္၊ ဒဏ္ရာရသူ ၅၀ ေက်ာ္ ရွိထားပါတယ္။

ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ Antonio Guterres
ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ Antonio Guterres

အခုလို ေက်ာက္စိမ္းတြင္း ေျမၿပိဳက်မႈေၾကာင့္ လူ ၁၀၀ ေက်ာ္ေသဆုံးခဲ့တဲ့အေပၚ အလြန္စိတ္မေကာင္းျဖစ္မိတယ္လို႔ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ Antonio Guterres ကလည္း မေန႔ ဇူလိုင္ ၂ ရက္ေန႔ ေန႔စဲြနဲ႔ ေၾကျငာခ်က္ထုတ္ျပန္ခဲ့ပါတယ္။

ျမန္မာအစိုးရနဲ႔ ျပည္သူေတြအပါအ၀င္ ေသဆုံးသြားတဲ့သူေတြ၊ မိသားစု၀င္ေတြနဲ႔ ထပ္တူ၀မ္းနည္းမိၿပီး ကယ္ဆယ္ေရးလုပ္ငန္းေတြကို အကူအညီေပးဖို႔လည္း အဆင္သင့္ရွိတယ္လို႔ေျပာလိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဖားကန့်မြေပြိုမှု သေဆုံးသူများအတွက်ဝမ်းနည်းကြောင်း အမေရိကန်သံရုံးထုတ်ပြန်

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းက ကျောက်စိမ်းတူးဖော်တဲ့နေရာမှာ မြေပြိုကျမှုကြောင့် သေဆုံးသွားတဲ့သူတွေအတွက် ဝမ်းနည်း စိတ်မကောင်းဖြစ်ရကြောင်း ရန်ကုန်မြို့ အမေရိကန်သံရုံးက ပြောကြားလိုက်ပါတယ်။

ဖားကန့်မြို့နယ်တွင်းမှာ ရှိတဲ့ ကျောက်စိမ်းတူးဖော်တဲ့နေရာမှာ မနေ့က မြေပြိုကျမှု အကြီးအကျယ်ဖြစ်ပွားခဲ့မှုကြောင့် သေဆုံးသွားတဲ့သူတွေရဲ့ မိသားစုတွေနဲ့ထပ်တူ အမေရိကန်သံရုံးအနေနဲ့ ဝမ်းနည်းစိတ်မကောင်း ဖြစ်မိတယ်လို့ သူတို့ရဲ့ လူမှုကွန်ရက်မှာ ဒီကနေ့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် မြေပြိုကျတဲ့အထဲမှာပါသွားတဲ့သူတွေကို ကယ်ဆယ်ရေးအတွက် အင်တိုက်အားတိုက် ဆောင်ရွက်ကြတဲ့သူတွေအားလုံးကိုလည်း အမေရိကန်သံရုံးအနေနဲ့ ချီးကျူးဂုဏ်ပြုတယ်လို့ ပြောကြားလိုက်ပါတယ်။

ဖားကန့်မြို့နယ် ဝေခါကျေးရွာအနီးက ကျောက်စိမ်းလုပ်ကွက်ဟောင်းမှာ မနေ့က မြေပြိုကျမှုအကြီးအကျယ် ဖြစ်ပွားခဲ့တာကြောင့် သေဆုံးသူ ၁၇၀ ကျော်၊ ဒဏ်ရာရသူ ၅၀ ကျော် ရှိထားပါတယ်။

အခုလို ကျောက်စိမ်းတွင်း မြေပြိုကျမှုကြောင့် လူ ၁၀၀ ကျော်သေဆုံးခဲ့တဲ့အပေါ် အလွန်စိတ်မကောင်းဖြစ်မိတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ကလည်း မနေ့ ဇူလိုင် ၂ ရက်နေ့ နေ့စွဲနဲ့ ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာအစိုးရနဲ့ ပြည်သူတွေအပါအဝင် သေဆုံးသွားတဲ့သူတွေ၊ မိသားစုဝင်တွေနဲ့ ထပ်တူဝမ်းနည်းမိပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို အကူအညီပေးဖို့လည်း အဆင်သင့်ရှိတယ်လို့ပြောလိုက်ပါတယ်။

XS
SM
MD
LG