သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖားကန္႔ျဖစ္ရပ္ စံုစမ္းစစ္ေဆးေရးအဖြဲ႔ ထိေရာက္မႈအေပၚ ေမးခြန္းထုတ္တာေတြ ရွိေန


ဖားကန္႔ေျမစာပုံၿပိဳက်မႈအတြင္း ကူညီကယ္ဆယ္ေရး ေဆာင္ရြက္ေနတဲ့ ၾကက္ေျခနီတပ္ဖြဲ႔ဝင္တခ်ဳိ႕။ (ဇူလုိင္ ၄၊ ၂၀၂၀)

(Zawgyi / Unicode)

လူအမ်ားအျပား ေသဆံုးခဲ့ရတဲ့ ဖားကန္႔ေက်ာက္စိမ္းနယ္ေျမ ေျမၿပိဳတဲ့ျဖစ္ရပ္ကို စံုစမ္းမယ့္ ႏုိင္ငံေတာ္အဆင့္ စံုစမ္းစစ္ေဆးေရးအဖြဲ႔အေပၚ အျမင္သေဘာထားတခ်ဳိ႕ကို မဆုမြန္ စုစည္းတင္ျပေပးထားပါတယ္။

ကခ်င္ျပည္နယ္ ဖားကန္႔ေဒသမွာ ေက်ာက္စိမ္းတူးေဖာ္ေရး လုပ္ငန္းခြင္ေတြနဲ႔ စြန္႔ပစ္ေျမစာပံုေတြမွာ ေျမၿပိဳက်လို႔ လြန္ခဲ့တဲ့ ၆ ႏွစ္အတြင္းမွာကို အနည္းဆံုး လူ ၅၀၀ ေက်ာ္ေလာက္ ေသဆံုးခဲ့ရၿပီး လတ္တေလာ ဖားကန္႔ ေဝခါေက်းရြာအနီး ေျမၿပိဳက်မႈေၾကာင့္ လူ ၁၇၀ ေက်ာ္ အသက္ဆံုးခဲ့ရတဲ့အတြက္ ကုလသမဂၢ အပါအဝင္ ႏိုင္ငံတကာကပါ စိုးရိမ္တႀကီး ျဖစ္လာၾကရတဲ့ ဒီေက်ာက္စိမ္းတြင္း ေျမၿပိဳက်မႈျဖစ္စဥ္ကို စံုစမ္းစစ္ေဆးဖို႔ အဖြဲ႔တဖြဲ႔ကို သမၼတဦးဝင္းျမင့္ ကိုယ္တုိင္ လက္မွတ္ထိုးၿပီး ဖြဲ႔စည္းေပးထားပါတယ္။

သယံဇာတနဲ႔ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး ဝန္ႀကီး ဦးအုန္းဝင္းကို ဥကၠ႒အျဖစ္ တာဝန္ေပးထားတဲ့ ဒီစံုစမ္းေရးအဖြဲ႔ဟာ တကယ္ပဲ ဒီေက်ာက္စိမ္းေျမထဲက လူအစုလိုက္အၿပံဳလုိက္ ေသဆံုးရမႈေတြ သယံဇာတ တူးေဖာ္မႈဆိုင္ရာ စိန္ေခၚခ်က္ေတြကို စံုစမ္းေဖာ္ထုတ္ႏိုင္ပ့ါမလား ဆိုတဲ့အေပၚ ေမးခြန္းထုတ္တာေတြ ရွိေနပါတယ္။ ဒီထဲမွာ တဦးကေတာ့ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး လႈပ္ရွားသူ စိမ္းလန္းအမိေျမက ဦးဝင္းမ်ိဳးသူ ျဖစ္ပါတယ္။

“ထိေရာက္မယ္လို႔ မထင္ဘူးဗ်ာ။ ဘာလို႔လဲဆိုေတာ့ ဒါက နည္းပညာျပႆနာ မဟုတ္ဘူး၊ ပတ္ဝန္းက်င္ေရးရာျပႆနာ မဟုတ္ဘူး၊ ႏိုင္ငံေရးျပႆနာကိုး။ အဲ့ေတာ့ ႏုိင္ငံေရးျပႆနာနဲ႔ ဆက္ႏႊယ္ၿပီး ျဖစ္လာတဲ့ ႐ႈပ္ေထြးမႈေတြကို အဲ့ဒါေတြေၾကာင့္ ဆက္ျဖစ္ေပၚလာတဲ့ လူမႈဒုကၡေတြေပါ့ေနာ္။ အဲ့ေတာ့ မူလဘူတ အဓိကျဖစ္တဲ့ အေၾကာင္းရင္းျဖစ္တဲ့ ႏုိင္ငံေရးျပႆနာကို ေျဖရွင္းႏုိင္မွ တရားဥပေဒ စိုးမိုးႏုိင္မွသာလွ်င္ နည္းပညာအရ ပတ္ဝန္းက်င္ထိန္းသိမ္းမႈေတြ လုပ္ႏုိင္မွာ။ သို႔ေသာ္ အဲဒီ ေက်ာက္စိမ္းေဒသမွာ ျဖစ္ေနတာက အုပ္ခ်ဳပ္ေရး စီမံခန္႔ခြဲမႈအာဏာ အျပည့္အဝရွိတဲ့ေဒသ မဟုတ္ဘူးဗ်။ စစ္အုပ္ခ်ဳပ္ေရးတပိုင္း ျဖစ္ေနတဲ့ေဒသကိုး။

“ဘာျဖစ္လို႔လဲဆိုေတာ့ နယ္ေျမအေနအထားအရကို မၿငိမ္းခ်မ္းတဲ့ ေနရာဆိုေတာ့ တပ္ရဲ႕လႊမ္းမိုးမႈရွိတယ္၊ ေနာက္ လက္နက္ကိုင္အဖြဲ႔အစည္းေတြရဲ႕ လႈပ္ရွားမႈရွိတယ္၊ ဆိုတဲ့အခါက်ေတာ့ အုပ္ခ်ဳပ္ေရးအာဏာ အျပည့္အဝ မရွိဘူးေပါ့။ မရွိတဲ့အခါက်ေတာ့ အခုသြားတဲ့အဖြဲ႔ထဲ ဝန္ႀကီးေတြပါမယ္၊ ျပည္ထဲေရးဝန္ႀကီးပါမယ္၊ သူတို႔ကေတာ့ ပတ္ဝန္းက်င္အျမင္ အုပ္ခ်ဳပ္ေရးအျမင္ေျပာမယ္။ သို႔ေသာ္ ျဖစ္ေနတာက ခုနကေျပာတဲ့ နယ္ေျမေအးခ်မ္းမႈက အခက္အခဲျဖစ္တဲ့အတြက္ က်ေနာ္ကေတာ့ မျဖစ္ႏုိင္ဘူး၊ သိပ္ၿပီးေတာ့ ထိေရာက္တဲ့ အစီရင္ခံစာေတြ မျဖစ္ႏိုင္ဘူးလို႔ပဲ ျမင္ပါတယ္ဗ်။

“ဟုတ္ၿပီ၊ အေကာင္းဆံုးျဖစ္ေအာင္ ဘာလုပ္ႏုိင္မလဲဆိုရင္ အခု သယံဇာတထုတ္ယူမႈ ပြင့္လင္းျမင္သာေရးအဖြဲ႔ - Extractive Industries Transparency Initiative (EITI) Process ဆိုတာရွိတာပဲ။ သို႔ေသာ္ ႏုိင္ငံေတာ္အဆင့္လုပ္တဲ့ EITI Process ေတာင္ အဲဒီကိုသြားၿပီး ၾကည့္ဖို႔အတြက္ကို အစိုးရက တာဝန္မယူႏုိင္ဘူး၊ လံုၿခံဳေရးအေၾကာင္းျပခ်က္နဲ႔။ ဒါ ႏုိင္ငံေတာ္အဆင့္လုပ္တဲ့ စီမံခ်က္ႀကီးေတာင္ မသြားဖို႔ ကန္႔သတ္ခ်က္ေတြရွိတယ္။ မလုပ္ႏုိင္ရင္ေတာ့ အခုလိုမ်ိဳး ထပ္ခါတလဲလဲ မေတာ္တဆျဖစ္မႈေတြနဲ႔ လူေတြ အသက္ေတြ ဆံုး႐ံႈးမႈေတြက ထပ္ေက်ာ့ၿပီး ျဖစ္ေနဦးမွာပဲ။”

ဒီလို သယံဇာတတူးေဖာ္မႈကေန ေနာက္ဆက္တြဲ ဆိုးက်ိဳးသက္ေရာက္မႈေတြျဖစ္တဲ့ လူေသဆံုးမႈေတြမွာ အဓိက တာဝန္အရွိဆံုးျဖစ္တဲ့ သယံဇာတနဲ႔ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဝန္ႀကီးဌာန ဝန္ႀကီးကိုယ္တုိင္က စံုစမ္းေရးအဖဲြဲ႔ဥကၠ႒ ျဖစ္ေနတဲ့အေပၚ ေမးခြန္းထုတ္စရာ ျဖစ္ေနတယ္လို႔ ဒီေျမၿပိဳမႈျဖစ္စဥ္ေတြကို ေတာက္ေလွ်ာက္ အနီးကပ္ ေစာင့္ၾကည့္လာသူ ေဒသခံ သတင္းသမားတဦးျဖစ္တဲ့ ကိုေဇာ္မိုးထက္က ေျပာပါတယ္။

“အခုလို ဒါမ်ိဳးႀကီးျဖစ္က်မွ အသည္းအသန္ လူၾကားေကာင္းေအာင္လုပ္တဲ့ ပံုစံမ်ိဳးႀကီးက က်ေနာ္တို႔ ဖားကန္႔ေဒသေနတဲ့ သူေတြဆိုေတာ့ ၿပံဳးမိတာေပါ့။ ဦးအုန္းဝင္းကို ဥကၠ႒အျဖစ္ ခန္႔အပ္ထားတယ္။ ဘာေၾကာင့္ၿပိဳတယ္၊ ဘာေၾကာင့္လုပ္တယ္ဆိုတာ စံုစမ္းေဖာ္ထုတ္မယ္တဲ့၊ ေနာက္ဆံုး တာဝန္အရွိဆံုးက ဘယ္သူလဲဆိုရင္ ဦးအုန္းဝင္းပဲ ျပန္ရွိမွာေလ။ ျပည္ေထာင္စုဝန္ႀကီး သယံဇာတဝန္ႀကီး ကိုယ္တုိင္က ၾကပ္ၾကပ္မတ္မတ္နဲ႔ ဥပေဒေဘာင္ထဲအညီ မလုပ္ေဆာင္တဲ့ ကုမၸဏီေတြကို အေရးယူတာမ်ိဳးလည္း မရွိဘူး၊ သတိေပးတာမ်ိဳးလည္း မရွိတဲ့အခါက်ေတာ့ ဒါႀကီးက ရွင္းရွင္းေျပာရရင္ ဒီမွာ ေက်ာက္စိမ္းတူးေနၾကတာက မင္းမဲ့တုိင္းျပည္လို တူးေနၾကတဲ့အခါက်ေတာ့ ဒါမ်ိဳးေတြျဖစ္တာပဲေလ။

“ျပည္ေထာင္စုဝန္ႀကီး ဦးအုန္းဝင္းကို ဒါေတြ ဘာေၾကာင့္ျဖစ္သလဲဆိုတာ စံုစမ္းေဖာ္ထုတ္ခုိင္းတယ္ဆိုေတာ့ စံုစမ္းေဖာ္ထုတ္စရာကို မလိုတာ။ စည္းကမ္းမဲ့ ေက်ာက္စိမ္းတူးေဖာ္ေနလို႔ ျဖစ္တာပဲ။ လူတုိင္းသိတယ္။ ဥပေဒေတြမွာ အတိအလင္း ျပ႒ာန္းထားၿပီးသား။ လုပ္ကြက္တကြက္ကို စက္ ကား ဘယ္ေလာက္သံုးရမယ္၊ ယႏၱရား ဘယ္ေလာက္သံုးရမယ္ ဆိုတာကို သဘာဝသယံဇာတဝန္ႀကီးဌာနက ၾကပ္ၾကပ္မတ္မတ္ ကိုင္တြယ္ေျဖရွင္းခဲ့ျခင္း မရွိဘဲနဲ႔ အခုလိုမ်ိဳး လူေတြ အသက္အႏၱရာယ္ ျဖစ္တဲ့အခါက်ေတာ့မွ စံုစမ္းစစ္ေဆးေရးဖြဲ႔မယ္၊ ၿပီးေတာ့ ဖြဲ႔လိုက္ေတာ့လည္း ဥကၠ႒က ဦးအုန္းဝင္းျဖစ္ေနတယ္။ က်ေနာ္တို႔ ဒီမွာရွိတဲ့သူေတြကေတာ့ ထိေရာက္တဲ့ စီမံေဆာင္ရြက္မႈတခု ျဖစ္မလာႏုိင္ဘူးလို႔ေတာ့ ျမင္တယ္ဗ်။”

ဖားကန္႔ေျမစာပုံ ၿပိဳက်မႈအတြင္း ကူညီကယ္ဆယ္ေရး ေဆာင္ရြက္ေနတဲ့ တပ္္မေတာ္သားနဲ႔ ၾကက္ေျခနီတပ္ဖြဲ႔ဝင္တခ်ဳိ႕။ (ဇူလုိင္ ၄၊ ၂၀၂၀)
ဖားကန္႔ေျမစာပုံ ၿပိဳက်မႈအတြင္း ကူညီကယ္ဆယ္ေရး ေဆာင္ရြက္ေနတဲ့ တပ္္မေတာ္သားနဲ႔ ၾကက္ေျခနီတပ္ဖြဲ႔ဝင္တခ်ဳိ႕။ (ဇူလုိင္ ၄၊ ၂၀၂၀)


ၾကာသပေတးေန႔က ျဖစ္ပြားခဲ့တဲ့ ေျမၿပိဳက်မႈကေန ေသဆံုးသြားသူေတြရဲ႕ ႐ုပ္အေလာင္းေတြထဲက ေနာက္ထပ္ ထပ္ေတြ႔တာနဲ႔ ေနာက္ဆံုးအေျခအေနေတြကိုလည္း ကိုေဇာ္မိုးထက္က ေျပာျပပါတယ္။

“က်ေနာ္တို႔ ဒီေန႔မနက္ပိုင္း ရွာေဖြရရွိတာက ၂ ေလာင္းရတယ္။ အားလံုးေပါင္းက ၁၇၁ ေလာင္းေပါ့။ လက္ရွိ ေဝခါသုသာန္က ေျမျမႇဳပ္သၿဂႋဳဟ္ဖို႔ သရဏဂံုတင္ဖို႔ ကယ္ဆယ္ေရး တာဝန္ခံေတြဆီက သိရတာက မနက္ကေတြ႔တဲ့ ၂ ေလာင္းေပါင္းရင္ ၁၇၁ ေလာင္းရွိၿပီ။ မေန႔ကေတာ့ ၇၇ ေလာင္း သၿဂႋဳဟ္ၿပီးၿပီ။ ဒီကေန႔မနက္ေတာ့ ၈ ေလာင္းကို သၿဂႋဳဟ္ဖို႔ ေျမက်င္းထဲေရာက္ေနၿပီ။ ေနာက္ထပ္လည္း သရဏဂံုတင္ၿပီး အခု သၿဂႋဳဟ္ဖို႔ လုပ္ေနၾကတယ္။ လြတ္ေျမာက္လာတဲ့သူ တေယာက္နဲ႔ ေမးၾကည့္ေတာ့ သူကိုယ္တုိင္က ထြက္ေျပးလာရတာ။ အနည္းဆံုးေတာ့ လူက ၂၀၀ နဲ႔ ၃၀၀ ၾကား ေျပးလို႔မလြတ္ဘူးေပါ့ေနာ္။ သူ႔အိမ္ပါ ပါသြားတယ္။ လူေတြအမ်ားႀကီး ေျမၿပိဳၿပီး လိႈင္း႐ိုက္ၿပီး ပါသြားတာ။ အနည္းဆံုး ၃၀၀ ေတာ့ ေျပးမလြတ္ဘူးလို႔ေျပာတယ္။ ဆယ္မိနစ္ေလာက္အတြင္းမွာ ငရဲပြက္သလိုပဲ ျဖစ္သြားတာ။”

ဖားကန္႔ေျမၿပိဳမႈမွာ ကူညီကယ္ဆယ္ေရး ေဆာင္ရြက္ေနတဲ့ တပ္မေတာ္သားေတြနဲ႔ ၾကက္ေျခနီတပ္ဖြဲ႔ဝင္တခ်ဳိ႕။ (ဇူလုိင္ ၄၊ ၂၀၂၀)
ဖားကန္႔ေျမၿပိဳမႈမွာ ကူညီကယ္ဆယ္ေရး ေဆာင္ရြက္ေနတဲ့ တပ္မေတာ္သားေတြနဲ႔ ၾကက္ေျခနီတပ္ဖြဲ႔ဝင္တခ်ဳိ႕။ (ဇူလုိင္ ၄၊ ၂၀၂၀)


သမၼတဖြဲ႔ေပးထားတဲ့ စံုစမ္းစစ္ေဆးေရးအဖြဲ႔က တာဝန္ရွိသူေတြကေတာ့ ဒီကေန႔မွာပဲ ဖားကန္႔ေဒသကို ေရာက္လာၾကၿပီလို႔ ကခ်င္ျပည္နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ တဦးျဖစ္သူ ဦးခင္ေမာင္ျမင့္က ေျပာပါတယ္။

“သဘာဝသယံဇာတဝန္ႀကီး ဦးအုန္းဝင္းပါတယ္၊ ေသဆံုးသူေတြကို ေထာက္ပံ့ဖို႔ လူကယ္ျပန္ဝန္ႀကီး ပါတယ္၊ ေနာက္ၿပီးေတာ့ ျပည္ထဲေရးဝန္ႀကီး ပါတယ္။ ဒီည ဒီမွာအိပ္မယ္။ အခုကေတာ့ ကားနဲ႔လာေနၾကပါၿပီ။ က်ေနာ္တို႔က သူတို႔ကို လာႀကိဳေနပါတယ္။ ႏုိင္ငံေတာ္က ေထာက္ပံ့မယ့္ဟာလည္း ပါမယ္။ စစ္ေဆးမွာေတြနဲ႔ ေနာက္ လိုအပ္ရင္ လိုအပ္သလို အေရးယူမွာေတြလည္း ပါမယ္။ စစ္ေဆးဖို႔ ဆိုကတည္းက အေရးယူဖို႔ပဲ။ အေလာင္းေတြကေတာ့ ၁၂ နာရီအထိ ေနာက္ထပ္ ၂ ေလာင္း ထပ္ေတြ႔ထားတယ္။ အခု လုပ္ကြက္ေတြ အေျခအေနကေတာ့ အခု ၁ ရက္ေန႔ကစၿပီး ၃ လပိတ္ထားပါတယ္။”

ဖားကန္႔ေဒသ ေက်ာက္စိမ္းတြင္း ေျမၿပိဳက်မႈေတြဟာ ႏွစ္စဥ္ႏွစ္တိုင္း အခုလို မိုးတြင္းကာလေတြမွာ ျဖစ္ေလ့ရွိၿပီး ေျမၿပိဳက်မႈတုိင္းမွာ လူရာခ်ီ ေသဆံုးေလ့ရွိပါတယ္။ ဒီလိုအျဖစ္အပ်က္ေတြနဲ႔ ပတ္သက္ၿပီး သက္ဆုိင္ရာ တာဝန္ရွိသူေတြဘက္က စံုစမ္းစစ္ေဆးမႈေတြ ေပါ့ေလ်ာ့ခဲ့တာရွိသလို ထိေရာက္တဲ့ အေရးယူမႈေတြလည္း မရွိခဲ့တာမို႔ အခု သမၼတဖြဲ႔စည္းေပးလိုက္တဲ့ စံုစမ္းေရးအဖြဲ႔ရဲ႕ စစ္ေဆးမႈကေရာ ထိေရာက္ပါ့မလားဆိုတာ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး လႈပ္ရွားသူေတြနဲ႔ ေဒသခံေတြဘက္က ေစာင့္ၾကည့္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

ဖားကန့်ဖြစ်ရပ် စုံစမ်းစစ်ဆေးရေးအဖွဲ့ ထိရောက်မှုအပေါ် မေးခွန်းထုတ်တာတွေ ရှိနေ

လူအများအပြား သေဆုံးခဲ့ရတဲ့ ဖားကန့်ကျောက်စိမ်းနယ်မြေ မြေပြိုတဲ့ဖြစ်ရပ်ကို စုံစမ်းမယ့် နိုင်ငံတော်အဆင့် စုံစမ်းစစ်ဆေးရေးအဖွဲ့အပေါ် အမြင်သဘောထားတချို့ကို မဆုမွန် စုစည်းတင်ပြပေးထားပါတယ်။

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းခွင်တွေနဲ့ စွန့်ပစ်မြေစာပုံတွေမှာ မြေပြိုကျလို့ လွန်ခဲ့တဲ့ ၆ နှစ်အတွင်းမှာကို အနည်းဆုံး လူ ၅၀၀ ကျော်လောက် သေဆုံးခဲ့ရပြီး လတ်တလော ဖားကန့် ဝေခါကျေးရွာအနီး မြေပြိုကျမှုကြောင့် လူ ၁၇၀ ကျော် အသက်ဆုံးခဲ့ရတဲ့အတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာကပါ စိုးရိမ်တကြီး ဖြစ်လာကြရတဲ့ ဒီကျောက်စိမ်းတွင်း မြေပြိုကျမှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဖို့ အဖွဲ့တဖွဲ့ကို သမ္မတဦးဝင်းမြင့် ကိုယ်တိုင် လက်မှတ်ထိုးပြီး ဖွဲ့စည်းပေးထားပါတယ်။

သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးအုန်းဝင်းကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးထားတဲ့ ဒီစုံစမ်းရေးအဖွဲ့ဟာ တကယ်ပဲ ဒီကျောက်စိမ်းမြေထဲက လူအစုလိုက်အပြုံလိုက် သေဆုံးရမှုတွေ သယံဇာတ တူးဖော်မှုဆိုင်ရာ စိန်ခေါ်ချက်တွေကို စုံစမ်းဖော်ထုတ်နိုင်ပ့ါမလား ဆိုတဲ့အပေါ် မေးခွန်းထုတ်တာတွေ ရှိနေပါတယ်။ ဒီထဲမှာ တဦးကတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူ စိမ်းလန်းအမိမြေက ဦးဝင်းမျိုးသူ ဖြစ်ပါတယ်။

“ထိရောက်မယ်လို့ မထင်ဘူးဗျာ။ ဘာလို့လဲဆိုတော့ ဒါက နည်းပညာပြဿနာ မဟုတ်ဘူး၊ ပတ်ဝန်းကျင်ရေးရာပြဿနာ မဟုတ်ဘူး၊ နိုင်ငံရေးပြဿနာကိုး။ အဲ့တော့ နိုင်ငံရေးပြဿနာနဲ့ ဆက်နွှယ်ပြီး ဖြစ်လာတဲ့ ရှုပ်ထွေးမှုတွေကို အဲ့ဒါတွေကြောင့် ဆက်ဖြစ်ပေါ်လာတဲ့ လူမှုဒုက္ခတွေပေါ့နော်။ အဲ့တော့ မူလဘူတ အဓိကဖြစ်တဲ့ အကြောင်းရင်းဖြစ်တဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မှ တရားဥပဒေ စိုးမိုးနိုင်မှသာလျှင် နည်းပညာအရ ပတ်ဝန်းကျင်ထိန်းသိမ်းမှုတွေ လုပ်နိုင်မှာ။ သို့သော် အဲဒီ ကျောက်စိမ်းဒေသမှာ ဖြစ်နေတာက အုပ်ချုပ်ရေး စီမံခန့်ခွဲမှုအာဏာ အပြည့်အဝရှိတဲ့ဒေသ မဟုတ်ဘူးဗျ။ စစ်အုပ်ချုပ်ရေးတပိုင်း ဖြစ်နေတဲ့ဒေသကိုး။

“ဘာဖြစ်လို့လဲဆိုတော့ နယ်မြေအနေအထားအရကို မငြိမ်းချမ်းတဲ့ နေရာဆိုတော့ တပ်ရဲ့လွှမ်းမိုးမှုရှိတယ်၊ နောက် လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုရှိတယ်၊ ဆိုတဲ့အခါကျတော့ အုပ်ချုပ်ရေးအာဏာ အပြည့်အဝ မရှိဘူးပေါ့။ မရှိတဲ့အခါကျတော့ အခုသွားတဲ့အဖွဲ့ထဲ ဝန်ကြီးတွေပါမယ်၊ ပြည်ထဲရေးဝန်ကြီးပါမယ်၊ သူတို့ကတော့ ပတ်ဝန်းကျင်အမြင် အုပ်ချုပ်ရေးအမြင်ပြောမယ်။ သို့သော် ဖြစ်နေတာက ခုနကပြောတဲ့ နယ်မြေအေးချမ်းမှုက အခက်အခဲဖြစ်တဲ့အတွက် ကျနော်ကတော့ မဖြစ်နိုင်ဘူး၊ သိပ်ပြီးတော့ ထိရောက်တဲ့ အစီရင်ခံစာတွေ မဖြစ်နိုင်ဘူးလို့ပဲ မြင်ပါတယ်ဗျ။

“ဟုတ်ပြီ၊ အကောင်းဆုံးဖြစ်အောင် ဘာလုပ်နိုင်မလဲဆိုရင် အခု သယံဇာတထုတ်ယူမှု ပွင့်လင်းမြင်သာရေးအဖွဲ့ - Extractive Industries Transparency Initiative (EITI)Process ဆိုတာရှိတာပဲ။ သို့သော် နိုင်ငံတော်အဆင့်လုပ်တဲ့ EITI Process တောင် အဲဒီကိုသွားပြီး ကြည့်ဖို့အတွက်ကို အစိုးရက တာဝန်မယူနိုင်ဘူး၊ လုံခြုံရေးအကြောင်းပြချက်နဲ့။ ဒါ နိုင်ငံတော်အဆင့်လုပ်တဲ့ စီမံချက်ကြီးတောင် မသွားဖို့ ကန့်သတ်ချက်တွေရှိတယ်။ မလုပ်နိုင်ရင်တော့ အခုလိုမျိုး ထပ်ခါတလဲလဲ မတော်တဆဖြစ်မှုတွေနဲ့ လူတွေ အသက်တွေ ဆုံးရှုံးမှုတွေက ထပ်ကျော့ပြီး ဖြစ်နေဦးမှာပဲ။”

ဒီလို သယံဇာတတူးဖော်မှုကနေ နောက်ဆက်တွဲ ဆိုးကျိုးသက်ရောက်မှုတွေဖြစ်တဲ့ လူသေဆုံးမှုတွေမှာ အဓိက တာဝန်အရှိဆုံးဖြစ်တဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ကြီးကိုယ်တိုင်က စုံစမ်းရေးအဖွဲ့ဥက္ကဋ္ဌ ဖြစ်နေတဲ့အပေါ် မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ ဒီမြေပြိုမှုဖြစ်စဉ်တွေကို တောက်လျှောက် အနီးကပ် စောင့်ကြည့်လာသူ ဒေသခံ သတင်းသမားတဦးဖြစ်တဲ့ ကိုဇော်မိုးထက်က ပြောပါတယ်။

“အခုလို ဒါမျိုးကြီးဖြစ်ကျမှ အသည်းအသန် လူကြားကောင်းအောင်လုပ်တဲ့ ပုံစံမျိုးကြီးက ကျနော်တို့ ဖားကန့်ဒေသနေတဲ့ သူတွေဆိုတော့ ပြုံးမိတာပေါ့။ ဦးအုန်းဝင်းကို ဥက္ကဋ္ဌအဖြစ် ခန့်အပ်ထားတယ်။ ဘာကြောင့်ပြိုတယ်၊ ဘာကြောင့်လုပ်တယ်ဆိုတာ စုံစမ်းဖော်ထုတ်မယ်တဲ့၊ နောက်ဆုံး တာဝန်အရှိဆုံးက ဘယ်သူလဲဆိုရင် ဦးအုန်းဝင်းပဲ ပြန်ရှိမှာလေ။ ပြည်ထောင်စုဝန်ကြီး သယံဇာတဝန်ကြီး ကိုယ်တိုင်က ကြပ်ကြပ်မတ်မတ်နဲ့ ဥပဒေဘောင်ထဲအညီ မလုပ်ဆောင်တဲ့ ကုမ္ပဏီတွေကို အရေးယူတာမျိုးလည်း မရှိဘူး၊ သတိပေးတာမျိုးလည်း မရှိတဲ့အခါကျတော့ ဒါကြီးက ရှင်းရှင်းပြောရရင် ဒီမှာ ကျောက်စိမ်းတူးနေကြတာက မင်းမဲ့တိုင်းပြည်လို တူးနေကြတဲ့အခါကျတော့ ဒါမျိုးတွေဖြစ်တာပဲလေ။

“ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းကို ဒါတွေ ဘာကြောင့်ဖြစ်သလဲဆိုတာ စုံစမ်းဖော်ထုတ်ခိုင်းတယ်ဆိုတော့ စုံစမ်းဖော်ထုတ်စရာကို မလိုတာ။ စည်းကမ်းမဲ့ ကျောက်စိမ်းတူးဖော်နေလို့ ဖြစ်တာပဲ။ လူတိုင်းသိတယ်။ ဥပဒေတွေမှာ အတိအလင်း ပြဋ္ဌာန်းထားပြီးသား။ လုပ်ကွက်တကွက်ကို စက် ကား ဘယ်လောက်သုံးရမယ်၊ ယန္တရား ဘယ်လောက်သုံးရမယ် ဆိုတာကို သဘာဝသယံဇာတဝန်ကြီးဌာနက ကြပ်ကြပ်မတ်မတ် ကိုင်တွယ်ဖြေရှင်းခဲ့ခြင်း မရှိဘဲနဲ့ အခုလိုမျိုး လူတွေ အသက်အန္တရာယ် ဖြစ်တဲ့အခါကျတော့မှ စုံစမ်းစစ်ဆေးရေးဖွဲ့မယ်၊ ပြီးတော့ ဖွဲ့လိုက်တော့လည်း ဥက္ကဋ္ဌက ဦးအုန်းဝင်းဖြစ်နေတယ်။ ကျနော်တို့ ဒီမှာရှိတဲ့သူတွေကတော့ ထိရောက်တဲ့ စီမံဆောင်ရွက်မှုတခု ဖြစ်မလာနိုင်ဘူးလို့တော့ မြင်တယ်ဗျ။”

ကြာသပတေးနေ့က ဖြစ်ပွားခဲ့တဲ့ မြေပြိုကျမှုကနေ သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေထဲက နောက်ထပ် ထပ်တွေ့တာနဲ့ နောက်ဆုံးအခြေအနေတွေကိုလည်း ကိုဇော်မိုးထက်က ပြောပြပါတယ်။

“ကျနော်တို့ ဒီနေ့မနက်ပိုင်း ရှာဖွေရရှိတာက ၂ လောင်းရတယ်။ အားလုံးပေါင်းက ၁၇၁ လောင်းပေါ့။ လက်ရှိ ဝေခါသုသာန်က မြေမြှုပ်သင်္ဂြိုဟ်ဖို့ သရဏဂုံတင်ဖို့ ကယ်ဆယ်ရေး တာဝန်ခံတွေဆီက သိရတာက မနက်ကတွေ့တဲ့ ၂ လောင်းပေါင်းရင် ၁၇၁ လောင်းရှိပြီ။ မနေ့ကတော့ ၇၇ လောင်း သင်္ဂြိုဟ်ပြီးပြီ။ ဒီကနေ့မနက်တော့ ၈ လောင်းကို သင်္ဂြိုဟ်ဖို့ မြေကျင်းထဲရောက်နေပြီ။ နောက်ထပ်လည်း သရဏဂုံတင်ပြီး အခု သင်္ဂြိုဟ်ဖို့ လုပ်နေကြတယ်။ လွတ်မြောက်လာတဲ့သူ တယောက်နဲ့ မေးကြည့်တော့ သူကိုယ်တိုင်က ထွက်ပြေးလာရတာ။ အနည်းဆုံးတော့ လူက ၂၀၀ နဲ့ ၃၀၀ ကြား ပြေးလို့မလွတ်ဘူးပေါ့နော်။ သူ့အိမ်ပါ ပါသွားတယ်။ လူတွေအများကြီး မြေပြိုပြီး လှိုင်းရိုက်ပြီး ပါသွားတာ။ အနည်းဆုံး ၃၀၀ တော့ ပြေးမလွတ်ဘူးလို့ပြောတယ်။ ဆယ်မိနစ်လောက်အတွင်းမှာ ငရဲပွက်သလိုပဲ ဖြစ်သွားတာ။”

သမ္မတဖွဲ့ပေးထားတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က တာဝန်ရှိသူတွေကတော့ ဒီကနေ့မှာပဲ ဖားကန့်ဒေသကို ရောက်လာကြပြီလို့ ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်သူ ဦးခင်မောင်မြင့်က ပြောပါတယ်။

“သဘာဝသယံဇာတဝန်ကြီး ဦးအုန်းဝင်းပါတယ်၊ သေဆုံးသူတွေကို ထောက်ပံ့ဖို့ လူကယ်ပြန်ဝန်ကြီး ပါတယ်၊ နောက်ပြီးတော့ ပြည်ထဲရေးဝန်ကြီး ပါတယ်။ ဒီည ဒီမှာအိပ်မယ်။ အခုကတော့ ကားနဲ့လာနေကြပါပြီ။ ကျနော်တို့က သူတို့ကို လာကြိုနေပါတယ်။ နိုင်ငံတော်က ထောက်ပံ့မယ့်ဟာလည်း ပါမယ်။ စစ်ဆေးမှာတွေနဲ့ နောက် လိုအပ်ရင် လိုအပ်သလို အရေးယူမှာတွေလည်း ပါမယ်။ စစ်ဆေးဖို့ ဆိုကတည်းက အရေးယူဖို့ပဲ။ အလောင်းတွေကတော့ ၁၂ နာရီအထိ နောက်ထပ် ၂ လောင်း ထပ်တွေ့ထားတယ်။ အခု လုပ်ကွက်တွေ အခြေအနေကတော့ အခု ၁ ရက်နေ့ကစပြီး ၃ လပိတ်ထားပါတယ်။”

ဖားကန့်ဒေသ ကျောက်စိမ်းတွင်း မြေပြိုကျမှုတွေဟာ နှစ်စဉ်နှစ်တိုင်း အခုလို မိုးတွင်းကာလတွေမှာ ဖြစ်လေ့ရှိပြီး မြေပြိုကျမှုတိုင်းမှာ လူရာချီ သေဆုံးလေ့ရှိပါတယ်။ ဒီလိုအဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က စုံစမ်းစစ်ဆေးမှုတွေ ပေါ့လျော့ခဲ့တာရှိသလို ထိရောက်တဲ့ အရေးယူမှုတွေလည်း မရှိခဲ့တာမို့ အခု သမ္မတဖွဲ့စည်းပေးလိုက်တဲ့ စုံစမ်းရေးအဖွဲ့ရဲ့ စစ်ဆေးမှုကရော ထိရောက်ပါ့မလားဆိုတာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတွေနဲ့ ဒေသခံတွေဘက်က စောင့်ကြည့်နေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG