သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေတာင္တရုတ္ပင္လယ္ျပင္ကိစၥ အာဆီယံေခါင္းေဆာင္ေတြနဲ႔ ကန္ ႏုိင္ငံျခားေရး၀န္ႀကီး ေဆြးေႏြး


အေမရိကန္ နိုင္ငံျခားေရးဝန္ႀကီး Mike Pompeo

(Zawgyi/Unicode)

အေမရိကန္ နိုင္ငံျခားေရးဝန္ႀကီး Mike Pompeo က အေရွ႕ေတာင္ အာရွနိုင္ငံမ်ား အသင္း (ASEAN) အဖြဲ႕ဝင္နိုင္ငံတစ္ခ်ိဳ႕က နိုင္ငံျခားေရးဝန္ႀကီးေတြကို ဒီတပတ္ထဲ တယ္လီဖုန္းနဲ႔ ဆက္သြယ္ၿပီး ႏွစ္နိုင္ငံ ဆက္ဆံေရး ကိစၥနဲ႔ ေတာင္တ႐ုတ္ ပင္လယ္ ကိစၥအေၾကာင္း ေဆြးေႏြးခဲ့ပါတယ္။

ေတာင္တ႐ုတ္ပင္လယ္ထဲ မေလးရွားနိုင္ငံ နယ္ေျမ ေၾကညာပိုင္ခြင့္ မရွိေၾကာင္း တ႐ုတ္တို႔ရဲ့ ေျပာၾကားခ်က္ကို မေလးရွားနိုင္ငံ က ၿပီးခဲ့တဲ့အပတ္ထဲ တင္းတင္းမာမာ တုံ႔ျပန္အၿပီးမွာ ​ဝန္ႀကီး Pompeo က အာဆီယံ နိုင္ငံျခားေရးဝန္ႀကီးေတြကို အခုလို ဆက္သြယ္ ေဆြးေႏြးခဲ့တာလည္း ျဖစ္ပါတယ္။

တနလၤာေန႔က ဝန္ႀကီး Pompeo က အင္ဒိုနီးရွား နိုင္ငံျခားေရးဝန္ႀကီး Retno Marsudi နဲ႔ COVID 19 တုံ႔ျပန္ေရးကိစၥနဲ႔ လုံျခဳံေရး ကိစၥေတြကို ေဆြးေႏြးခဲ့သလို တ႐ုတ္နိုင္ငံနဲ႔ နယ္ေျမအျငင္းပြားေနတဲ့ အေရွ႕ေတာင္ အာရွနိုင္ငံေတြကို ေထာက္ခံတယ္လို႔လည္း ေျပာခဲ့ေၾကာင္း အေမရိကန္နိုင္ငံျခားေရး ဝန္ႀကီးဌာန အဂၤါေန႔က သတင္း ထုတ္ျပန္ ခဲ့ပါတယ္။ အလားတူပဲ စကၤာပူနိုင္ငံ ျခားေရး ဝန္ႀကီး Vivian Balakrishnan နဲ႔ ဆက္သြယ္ၿပီး တ႐ုတ္နဲ႔အျငင္းပြားေနတဲ့ မေလးရွား၊ ဗီယက္နမ္၊ ဖိလစ္ပိုင္နဲ႔ ဘ႐ူနိုင္းလ္ နိုင္ငံေတြကို ေထာက္ခံေၾကာင္း ေျပာခဲ့ပါတယ္။

ဩဂုတ္လ ၆ ရက္ေန႔ ဗုဒၶဟူးေန႔မွာေတာ့ ဗီယက္နမ္ ဒုတိယ ဝန္ႀကီးခ်ဳပ္နဲ႔ နိုင္ငံျခားေရးဝန္ႀကီး Pham Binh Minhနဲ႔ မေလးရွား နိုင္ငံ ျခားေရး ဝန္ႀကီး Hishammuddin တို႔ကို သီးျခားစီ တယ္လီဖုန္းနဲ႔ ဆက္သြယ္ စကားေျပာခဲ့ၿပီး နိုင္ငံတကာ ဥပေဒေအာက္မွာ အေရွ႕ ေတာင္ အာရွနိုင္ငံေတြရဲ႕ အက်ိဳးစီးပြားနဲ႔ အခ်ဳပ္အျခာအာဏာပိုင္ဆိုင္ခြင့္ကို အေမရိကန္နိုင္ငံက ေထာက္ခံတယ္လို႔ ဝန္ႀကီး Pompeo က ေျပာပါတယ္။

ေတာင္တ႐ုတ္ ပင္လယ္ကို တ႐ုတ္တို႔ ပိုင္ဆိုင္ေၾကာင္း ေတာင္းဆိုထားတာကို လက္မခံေၾကာင္း ဇူလိုင္လ ၂၉ ရက္ေန႔က မေလးရွားနိုင္ငံကကုလသမဂၢကို တရားဝင္သံတမန္ေရးဆိုင္ရာ စာတစ္ေစာင္ ေပးပို႔ခဲ့ၿပီး တ႐ုတ္တို႔ရဲ့မ်ဥ္းစက္ ၉ စက္ပါ နယ္နိမိတ္ သတ္မွတ္ခ်က္ကို ပယ္ခ်ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

(Unicode)

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က အရှေ့တောင် အာရှနိုင်ငံများ အသင်း (ASEAN) အဖွဲ့ဝင်နိုင်ငံတစ်ချို့က နိုင်ငံခြားရေးဝန်ကြီးတွေကို ဒီတပတ်ထဲ တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ကိစ္စနဲ့ တောင်တရုတ် ပင်လယ် ကိစ္စအကြောင်း ဆွေးနွေးခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်ထဲ မလေးရှားနိုင်ငံ နယ်မြေ ကြေညာပိုင်ခွင့် မရှိကြောင်း တရုတ်တို့ရဲ့ ပြောကြားချက်ကို မလေးရှားနိုင်ငံ က ပြီးခဲ့တဲ့အပတ်ထဲ တင်းတင်းမာမာ တုံ့ပြန်အပြီးမှာ ဝန်ကြီး Pompeo က အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေကို အခုလို ဆက်သွယ် ဆွေးနွေးခဲ့တာလည်း ဖြစ်ပါတယ်။

တနင်္လာနေ့က ဝန်ကြီး Pompeo က အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi နဲ့ COVID 19 တုံ့ပြန်ရေးကိစ္စနဲ့ လုံခြုံရေး ကိစ္စတွေကို ဆွေးနွေးခဲ့သလို တရုတ်နိုင်ငံနဲ့ နယ်မြေအငြင်းပွားနေတဲ့ အရှေ့တောင် အာရှနိုင်ငံတွေကို ထောက်ခံတယ်လို့လည်း ပြောခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန အင်္ဂါနေ့က သတင်း ထုတ်ပြန် ခဲ့ပါတယ်။ အလားတူပဲ စင်္ကာပူနိုင်ငံ ခြားရေး ဝန်ကြီး Vivian Balakrishnan နဲ့ ဆက်သွယ်ပြီး တရုတ်နဲ့အငြင်းပွားနေတဲ့ မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ ဘရူနိုင်းလ် နိုင်ငံတွေကို ထောက်ခံကြောင်း ပြောခဲ့ပါတယ်။

ဩဂုတ်လ ၆ ရက်နေ့ ဗုဒ္ဓဟူးနေ့မှာတော့ ဗီယက်နမ် ဒုတိယ ဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး Pham Binh Minhနဲ့ မလေးရှား နိုင်ငံ ခြားရေး ဝန်ကြီး Hishammuddin တို့ကို သီးခြားစီ တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောခဲ့ပြီး နိုင်ငံတကာ ဥပဒေအောက်မှာ အရှေ့ တောင် အာရှနိုင်ငံတွေရဲ့ အကျိုးစီးပွားနဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်ခွင့်ကို အမေရိကန်နိုင်ငံက ထောက်ခံတယ်လို့ ဝန်ကြီး Pompeo က ပြောပါတယ်။

တောင်တရုတ် ပင်လယ်ကို တရုတ်တို့ ပိုင်ဆိုင်ကြောင်း တောင်းဆိုထားတာကို လက်မခံကြောင်း ဇူလိုင်လ ၂၉ ရက်နေ့က မလေးရှားနိုင်ငံကကုလသမဂ္ဂကို တရားဝင်သံတမန်ရေးဆိုင်ရာ စာတစ်စောင် ပေးပို့ခဲ့ပြီး တရုတ်တို့ရဲ့မျဉ်းစက် ၉ စက်ပါ နယ်နိမိတ် သတ်မှတ်ချက်ကို ပယ်ချခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG