[Zawgyi/Unicode]
COVID-19 ကပ္ေရာဂါကို ထိန္းခ်ဳပ္ႏုိင္ဖို႔အတြက္ က်န္းမာေရးေစာင့္ေရွာက္မႈက႑မွာ ရင္ႏွီးျမွဳပ္ႏွံမႈလုပ္ဖို႔ အေရးႀကီးတယ္လို႔ ကမာၻ႔က်န္းမာေရးအဖဲြ႔ခ်ဳပ္ (WHO) အႀကီးအကဲ Dr. Tedros Ahdanom Ghebreyesus က ၾကာသပေတးေန႔က ေျပာလိုက္ပါတယ္။
“က်န္းမာေရးက စရိတ္စကႀကီးမားလြန္းတယ္လို႔ မၾကာခဏ ျမင္ေနၾကခ်ိန္မွာပဲ၊ သမုိင္းမွာ ပထမဆုံးျဖစ္လာတဲ့ ကို႐ိုနာဗုိင္းရပ္စ္ကပ္ေရာဂါက က်န္းမာေရးမွာ ရင္းႏွီးျမွဳပ္ႏွံတာဟာ အမ်ိဳးသားလုံၿခဳံေရးအတြက္ ဘယ္ေလာက္အေရးႀကီးသလဲဆုိတာကို ျပသေနပါတယ္။ ေကင္းမြန္တဲ့ က်န္းမာေရးစနစ္ေတြ ျပန္တည္ေဆာက္ဖို႔အတြက္ ခ်မ္းသာတဲ့ ႏုိင္ငံေတြမွာေရာ ဆင္းရဲတဲ့ႏုိင္ငံေတြမွာပါ ႏုိင္ငံေရးအရ ဆႏၵရွိရမွာျဖစ္သလို အရင္းအျမစ္ေတြနဲ႔ နည္းပညာပိုင္း ကၽြမ္းက်င္မႈေတြလည္း ရွိရမွာျဖစ္ပါတယ္။ ဒါေၾကာင့္ WHO ရဲ႕ ထိပ္ဆုံး ဦးစားေပးမႈက ႏုိင္ငံအားလုံး က်န္းမာေရးစနစ္ေတြ အားေကာင္းလာေအာင္ အကူအညီေပးဖို႔ျဖစ္ၿပီး ဒါမွ လူတုိင္း ေနရာတုိင္း လိုအပ္တဲ့အခ်ိန္မွာ ေကာင္းမြန္တဲ့ က်န္းမာေရး၀န္ေဆာင္မႈေတြ ရႏုိင္မွာျဖစ္ပါတယ္။”လို႔ Dr. Ghebreyesus က ေျပာပါတယ္။
ကမာၻတ၀န္းမွာ COVID-19 ေရာဂါကူးစက္ခံရသူ ၁၈ သန္းခဲြေက်ာ္နဲ႔ ေသဆုံးသူ ၇၀၀,၀၀၀ ေက်ာ္ရွိသြားၿပီလို႔ WHO က ေျပာပါတယ္။
အဲဒီထဲက ထက္၀က္ေလာက္ဟာ အေမရိကန္၊ ဘရာဇီးလ္နဲ႔ အိႏၵိယႏုိင္ငံေတြကျဖစ္တယ္လို႔ Dr. Ghebreyesus က ေျပာပါတယ္။
ကမာၻေပၚမွာ ဘယ္ႏုိင္ငံမွ ဒီကပ္ေရာဂါကေန လြတ္ကင္းတာမရွိေၾကာင္းနဲ႔ ဒီဗုိင္းရပ္စ္ကို တုိက္ဖ်က္တဲ့ေနရာမွာ ႏုိင္ငံတနုိင္ငံတည္း တုိက္လို႔မရဘဲ သိပၸံနည္းက် ေဖာ္ထုတ္ စမ္းသပ္မႈေတြနဲ႔ အေျဖရွာၿပီး အားလုံးစည္းစည္းလုံးလုံးနဲ႔ လုပ္သြားမွသာ ဒီကပ္ေရာဂါႀကီးကို ေက်ာ္လႊားႏုိင္မွာျဖစ္တယ္လို႔ Dr.Ghebreyesus က ေျပာပါတယ္။
[Unicode Version]
COVID-19 ထိန်းချုပ်နိုင်ရေး ကျန်းမာရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့ WHO တိုက်တွန်း
COVID-19 ကပ်ရောဂါကို ထိန်းချုပ်နိုင်ဖို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍမှာ ရင်နှီးမြှုပ်နှံမှုလုပ်ဖို့ အရေးကြီးတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) အကြီးအကဲ Dr. Tedros Adhanom Ghebreyesus က ကြာသပတေးနေ့က ပြောလိုက်ပါတယ်။
“ကျန်းမာရေးက စရိတ်စကကြီးမားလွန်းတယ်လို့ မကြာခဏ မြင်နေကြချိန်မှာပဲ၊ သမိုင်းမှာ ပထမဆုံးဖြစ်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါက ကျန်းမာရေးမှာ ရင်းနှီးမြှုပ်နှံတာဟာ အမျိုးသားလုံခြုံရေးအတွက် ဘယ်လောက်အရေးကြီးသလဲဆိုတာကို ပြသနေပါတယ်။ ကေင်းမွန်တဲ့ ကျန်းမာရေးစနစ်တွေ ပြန်တည်ဆောက်ဖို့အတွက် ချမ်းသာတဲ့ နိုင်ငံတွေမှာရော ဆင်းရဲတဲ့နိုင်ငံတွေမှာပါ နိုင်ငံရေးအရ ဆန္ဒရှိရမှာဖြစ်သလို အရင်းအမြစ်တွေနဲ့ နည်းပညာပိုင်း ကျွမ်းကျင်မှုတွေလည်း ရှိရမှာဖြစ်ပါတယ်။ ဒါကြောင့် WHO ရဲ့ ထိပ်ဆုံး ဦးစားပေးမှုက နိုင်ငံအားလုံး ကျန်းမာရေးစနစ်တွေ အားကောင်းလာအောင် အကူအညီပေးဖို့ဖြစ်ပြီး ဒါမှ လူတိုင်း နေရာတိုင်း လိုအပ်တဲ့အချိန်မှာ ကောင်းမွန်တဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ ရနိုင်မှာဖြစ်ပါတယ်။”လို့ Dr. Ghebreyesus က ပြောပါတယ်။
ကမ္ဘာတဝန်းမှာ COVID-19 ရောဂါကူးစက်ခံရသူ ၁၈ သန်းခွဲကျော်နဲ့ သေဆုံးသူ ၇၀၀,၀၀၀ ကျော်ရှိသွားပြီလို့ WHO က ပြောပါတယ်။
အဲဒီထဲက ထက်ဝက်လောက်ဟာ အမေရိကန်၊ ဘရာဇီးလ်နဲ့ အိန္ဒိယနိုင်ငံတွေကဖြစ်တယ်လို့ Dr. Ghebreyesus က ပြောပါတယ်။
ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှ ဒီကပ်ရောဂါကနေ လွတ်ကင်းတာမရှိကြောင်းနဲ့ ဒီဗိုင်းရပ်စ်ကို တိုက်ဖျက်တဲ့နေရာမှာ နိုင်ငံတနိုင်ငံတည်း တိုက်လို့မရဘဲ သိပ္ပံနည်းကျ ဖော်ထုတ် စမ်းသပ်မှုတွေနဲ့ အဖြေရှာပြီး အားလုံးစည်းစည်းလုံးလုံးနဲ့ လုပ်သွားမှသာ ဒီကပ်ရောဂါကြီးကို ကျော်လွှားနိုင်မှာဖြစ်တယ်လို့ Dr.Ghebreyesus က ပြောပါတယ်။