သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ဆိုင်ရာ မှားယွင်းသတင်းပါတဲ့ သမ္မတ Trump ရဲ့ Post ကို Facebook နဲ့ Twitter ဖယ်ရှား


(Zawgyi/Unicode)

ကိုရိုနာဗိုင်းရပ်နဲ့ဆိုင်တဲ့ မှားယွင်းတဲ့သတင်းအချက်အလက်တွေ ပါဝင်နေတာကြောင့် သမ္မတ Donald Trump တင်ထားတဲ့ Post တခုကို Facebook လူမှုကွန်ယက်က ဖယ်ရှားလိုက်ပါတယ်။ အခု ဖယ်ရှားခံလိုက်ရတဲ့ Post ထဲမှာ ကလေးငယ်တွေဟာ ကိုဗစ်-၁၉ “လုံး၀ ကူးစက်ခံရနိုင်ခြေ မရှိဘူး” လို့ သမ္မတ Trump ရဲ့ ပြောဆိုချက်ကို ဖော်ပြထားတဲ့ Fox သတင်းဌာနရဲ့ Link ကို တင်ထားတာ ဖြစ်ပါတယ်။

လူအုပ်စုတခုခုအနေနဲ့ ကိုဗစ်-၁၉ ကူးစက်ခံနိုင်ခြေမရှိဘူးဆိုတဲ့ မှားယွင်းတဲ့ ပြောဆိုမှုတွေကို တင်လာတဲ့အတွက် သူတို့အနေနဲ့ သမ္မတရဲ့ Post ကို ဖယ်ရှားလိုက်ရခြင်းဖြစ်ကြောင်း Facebook က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်တဲ့ကြေညာမှာ ဖော်ပြထားပါတယ်။ ဒါဟာ ကိုဗစ်-၁၉ နဲ့ ပတ်သက်တဲ့ မှားယွင်းတဲ့ သတင်းအချက်အလက်တွေ ဖော်ပြခြင်းကို တားမြစ်တဲ့ သူ့ရဲ့ မူဝါဒနဲ့ ညှိစွန်းနေကြာင်းလည်း Facebook ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါဟာ Facebook အနေနဲ့ သမ္မတ Trump တင်တဲ့ Post တွေကို ပထမဆုံးအကြိမ် ဖယ်ရှားခြင်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ်နဲ့ သက်ဆိုင်တဲ့ မှားယွင်းတဲ့ သတင်းအချက်အလက်တွေကို ဖြန့်ချိတဲ့အတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖယ်ရှားတာတော့ ဒါဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

အဲဒီ အလားတူ သတင်းကိုဘဲ Twitter လူမှုကွန်ယက်မှာ သမ္မတ Trump တင်ခဲ့တာမှာ ဗုဒ္ဓဟူးနေ့ ညနေစောင်းအထိ အဲဒီ Post ဟာ ရှိနေခဲ့ပါတယ်။ ဒါပေမယ့် နာရီအနည်းငယ် အကြာမှာတော့ အဲဒီ Post ကို မဖယ်ရှားမချင်း သမ္မတ Trump ရဲ့ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေးအဖွဲ့ကတင်ချင်တဲ့ Post တွေကို Twitter က တင်ခွင့်မပေးဘဲ ပိတ်ထားခဲ့ပါတယ်။ အဲဒီ Video ပါတဲ့ Link ကို ဖယ်ရှားလိုက်တော့မှ နောက်ထပ် Post အသစ်တွေကို တင်ခွင့်ပြုခဲ့ပါတယ်။

ကလေးငယ်တွေဟာ လူကြီးတွေထက်စာရင် ကိုဗစ်-၁၉ ကူးစက်နိုင်တဲ့အခွင့်အလန်းနည်းပြီး တကယ်လို့ ကူးစက်ခံရမယ်ဆိုရင်လည်း ရောဂါလက္ခဏာဟာ သိပ်မပြင်းထန်ဘူးလို့ သုတေသနတချို့က ဆိုပါတယ်။ ဒါပေမယ့် အဲဒီ သုတေသနကိုတော့ အတည်ပြုလို့ မရနိုင်ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီ သုတေသန တွေ့ရှိချက်ဟာ သမ္မတ Trump ပြောတဲ့ “လုံး၀ ကူးစက်ခံရနိုင်ခြေမရှိဘူး” ဆိုတာနဲ့ မတူဘူးလို့ ဆိုပါတယ်။

ကိုဗစ်ဆိုင်ရာ မှားယွင်းသတင်းပါတဲ့ သမ္မတ Trump ရဲ့ Post ကို Facebook နဲ့ Twitter ဖယ်ရှား
please wait

No media source currently available

0:00 0:01:19 0:00
တိုက်ရိုက် လင့်ခ်


.................

(Unicode)






ဆက်စပ်သတင်းများ ...

XS
SM
MD
LG