သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

TikTok ရဲ႕ အေမရိကန္ဆုိင္ရာ စီမံခန္႔ခြဲမႈကုိ စက္တင္ဘာ ၁၅ ရက္ ေနာက္ဆုံးထားေရာင္းခ်ဖုိ႔ သမၼတ Trump ရာဇသံေပး


သမၼတ Donald Trump (ၾသဂုတ္လ ၃ ရက္ေန႔)

(Zawgyi/Unicode)

တရုတ္ပိုင္ TikTok ဗီြဒီယို App ရဲ႕ အေမရိကန္ ဆိုင္ရာ စီမံခန္႔ခြဲမႈကို လာမယ့္ စက္တင္ဘာလ ၁၅ ရက္အထိ အေမရိကန္ လုပ္ငန္းႀကီး တခုက မ၀ယ္ဘူးဆိုရင္ေတာ့ လူသံုးမ်ားတဲ႔ TikTok App ကို အေမရိကန္မွာ လံုး၀ ပိတ္ပစ္မယ္လို႔ သမၼတ Donald Trump က တနလာၤေန႔မွာ ေျပာဆို လုိက္ပါတယ္။

“Microsoft ဒါမွမဟုတ္လည္း တေယာက္ေယာက္က သေဘာတူညီခ်က္ရၿပီး မ၀ယ္ႏုိင္ဘူးဆိုရင္ေတာ့ စက္တင္ဘာလ ၁၅ ရက္ေန႔မွာ TikTok ကိုပိတ္ပစ္မယ္” လို႔ သမၼတ Trump က သတင္းေထာက္ေတြကို ေျပာဆုိခဲ႔တာပါ။”

TikTok ကစုေဆာင္းထားတဲ႔ အသံုးျပဳသူေတြရဲ႕ အခ်က္အလက္ေတြကို တရုတ္ အစိုးရက ရယူႏုိင္ၿပီး ေထာက္လွမ္းေရးနဲ႔ တျခား ရည္ရြယ္ခ်က္ေတြနဲ႔ပါ အသံုးျပဳႏုိင္တယ္လို႔ အေမရိကန္ ျပည္ေထာင္စုက ေျပာဆိုထားၿပီး TikTok App ကို အေမရိကန္ အမ်ိဳးသား လံုၿခံဳေရး အရ တရား၀င္ စံုစမ္းစစ္ေဆးေနပါတယ္။

TikTok ကို ၀ယ္ယူေရးနဲ႔ ပတ္သက္ၿပီး Microsoft လုပ္ငန္းႀကီးနဲ႔ ေဆြးေႏြးခဲ႔တယ္ဆိုတာကိုလည္း သမၼတ Trump က အတည္ျပဳ ေျပာဆိုပါတယ္။ တခ်ိန္တည္းမွာဘဲ TikTok ရဲ႕ မိခင္ ကုမၸဏီ ByteDance က TikTok ရံုးခ်ဳပ္ကို ျပည္ပကို ေရႊ႕ဖို႔ စဥ္းစား သံုးသပ္ေနေၾကာင္း တနလာၤေန႔မွာဘဲ ေျပာပါတယ္။ TikTok ရံုးခ်ဳပ္ကို ၿဗိတိန္ ႏုိင္ငံ လန္ဒန္ကို ေရႊ႕ေျပာင္းႏုိင္တယ္လို႔ ၿဗိတိန္ မီဒီယာက ေဖာ္ျပၿပီးေနာက္ ByteDance က အခုလို ေျပာဆိုခဲ႔တာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

TikTok ရဲ့ အမေရိကန်ဆိုင်ရာ စီမံခန့်ခွဲမှုကို စက်တင်ဘာ ၁၅ ရက် နောက်ဆုံးထားရောင်းချဖို့ သမ္မတ Trump ရာဇသံပေး

(Unicode)

တရုတ်ပိုင် TikTok ဗွီဒီယို App ရဲ့ အမေရိကန် ဆိုင်ရာ စီမံခန့်ခွဲမှုကို လာမယ့် စက်တင်ဘာလ ၁၅ ရက်အထိ အမေရိကန် လုပ်ငန်းကြီး တခုက မဝယ်ဘူးဆိုရင်တော့ လူသုံးများတဲ့ TikTok App ကို အမေရိကန်မှာ လုံး၀ ပိတ်ပစ်မယ်လို့ သမ္မတ Donald Trump က တနလာၤနေ့မှာ ပြောဆို လိုက်ပါတယ်။

“Microsoft ဒါမှမဟုတ်လည်း တယောက်ယောက်က သဘောတူညီချက်ရပြီး မဝယ်နိုင်ဘူးဆိုရင်တော့ စက်တင်ဘာလ ၁၅ ရက်နေ့မှာ TikTok ကိုပိတ်ပစ်မယ်” လို့ သမ္မတ Trump က သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။”

TikTok ကစုဆောင်းထားတဲ့ အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို တရုတ် အစိုးရက ရယူနိုင်ပြီး ထောက်လှမ်းရေးနဲ့ တခြား ရည်ရွယ်ချက်တွေနဲ့ပါ အသုံးပြုနိုင်တယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောဆိုထားပြီး TikTok App ကို အမေရိကန် အမျိုးသား လုံခြုံရေး အရ တရားဝင် စုံစမ်းစစ်ဆေးနေပါတယ်။

TikTok ကို ဝယ်ယူရေးနဲ့ ပတ်သက်ပြီး Microsoft လုပ်ငန်းကြီးနဲ့ ဆွေးနွေးခဲ့တယ်ဆိုတာကိုလည်း သမ္မတ Trump က အတည်ပြု ပြောဆိုပါတယ်။ တချိန်တည်းမှာဘဲ TikTok ရဲ့ မိခင် ကုမ္ပဏီ ByteDance က TikTok ရုံးချုပ်ကို ပြည်ပကို ရွှေ့ဖို့ စဉ်းစား သုံးသပ်နေကြောင်း တနလာၤနေ့မှာဘဲ ပြောပါတယ်။ TikTok ရုံးချုပ်ကို ဗြိတိန် နိုင်ငံ လန်ဒန်ကို ရွှေ့ပြောင်းနိုင်တယ်လို့ ဗြိတိန် မီဒီယာက ဖော်ပြပြီးနောက် ByteDance က အခုလို ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG