[Zawgyi/Unicode]
Video ႐ုပ္သံအတိုေလးေတြ မ ွ်ေဝႏိုင္တဲ့ TikTok လူမႈကြန္ယက္ကုိ Microsoft ကုမၸဏီက ဝယ္ယူေရးနဲ႔ ပတ္သက္လို႔ အမႈေဆာင္အရာ႐ွိခ်ဳပ္ Satya Nadella က သမၼတ Donald Trump နဲ႔ ေဆြးေႏြးခဲ့တယ္လို႔ Microsoft ကုမၸဏီက ေျပာၾကားလိုက္ပါတယ္။
TikTok ကို Microsoft ကဝယ္မယ္ဆိုတဲ့ သတင္းထြက္ေနခ်ိန္မွာ Microsoft က သူ႔ရဲ႕ Blog post မွာ ပထမဆံုး အတည္ျပဳ အသိေပးလိုက္တာလည္း ျဖစ္ပါတယ္။
မိခင္ကုမၸဏီက တ႐ုတ္ႏိုင္ငံကျဖစ္ေနတာေၾကာင့္ TikTok ဟာ အေမရိကန္ႏိုင္ငံရဲ႕ လံုၿခံဳေရးကို ထိခိုက္ႏိုင္တယ္လို႔ သမၼတ Trump ကေျပာဆိုၿပီး TikTok app ကို အေမရိကန္ျပည္ေထာင္စုမွာ မသံုးႏိုင္ေအာင္ ပိတ္မယ္လို႔ ၿပီးခဲ့တဲ့ ေသာၾကာေန႔ကပဲ ၿခိမ္းေျခာက္ထားတာပါ။
TikTok နဲ႔ပတ္သက္လို႔ သမၼတရဲ႕ စိုးရိမ္မႈေတြကို ေျဖ႐ွင္းဖို႔ အေရးႀကီးတယ္ဆိုတာ Microsoft က အျပည့္အဝ နားလည္ေၾကာင္း ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။ လံုၿခံဳေရးပိုင္းဆိုင္ရာကိစၥကို အလံုးစံု ျပန္လည္သံုးသပ္မွာျဖစ္ၿပီး အေမရိကန္ဘ႑ာေရးဌာနအပါအဝင္ အေမရိကန္ျပည္ေထာင္စုအတြက္ စီးပြားေရး အက်ဳိးအျမတ္ အေသအခ်ာ ရေအာင္လုပ္သြားမွာျဖစ္တယ္လို႔လည္း Microsoft ရဲ႕ ထုတ္ျပန္ခ်က္မွာ ေရးထားပါတယ္။
TikTok ကုမၸဏီကို ဝယ္ယူမယ့္ကိစၥကို သူ႔ရဲ႕ မိခင္ကုမၸဏီျဖစ္တဲ့ ByteDance တ႐ုတ္နည္းပညာကုမၸဏီနဲ႔ စက္တင္ဘာ ၁၅ ရက္ ေနာက္ဆံုးထားၿပီး ညွိႏႈိင္း ေဆြးေႏြးသြားမယ္လို႔ Microsoft ကုမၸဏီက ေျပာပါတယ္။
[Unicode Version]
TikTok ဝယ်ယူရေး မက်ကရိုဆော့ဖ်အကြီးအကဲ သမ္မတနဲ့ ဆွေးနွေးခဲ့
Video ရုပ်သံအတိုလေးတွေ မ ျှဝေနိုင်တဲ့ TikTok လူမှုကွန်ယက်ကို Microsoft ကုမ္ပဏီက ဝယ်ယူရေးနဲ့ ပတ်သက်လို့ အမှုဆောင်အရာရှိချုပ် Satya Nadella က သမ္မတ Donald Trump နဲ့ ဆွေးနွေးခဲ့တယ်လို့ Microsoft ကုမ္ပဏီက ပြောကြားလိုက်ပါတယ်။
TikTok ကို Microsoft ကဝယ်မယ်ဆိုတဲ့ သတင်းထွက်နေချိန်မှာ Microsoft က သူ့ရဲ့ Blog post မှာပထမဆုံး အတည်ပြု အသိပေးလိုက်တာလည်း ဖြစ်ပါတယ်။
မိခင်ကုမ္ပဏီက တရုတ်နိုင်ငံကဖြစ်နေတာကြောင့် TikTok ဟာ အမေရိကန်နိုင်ငံရဲ့ လုံခြုံရေးကို ထိခိုက်နိုင်တယ်လို့ သမ္မတ Trump ကပြောဆိုပြီး TikTok app ကို အမေရိကန်ပြည်ထောင်စုမှာ မသုံးနိုင်အောင် ပိတ်မယ်လို့ ပြီးခဲ့တဲ့ သောကြာနေ့ကပဲ ခြိမ်းခြောက်ထားတာပါ။
TikTok နဲ့ပတ်သက်လို့ သမ္မတရဲ့ စိုးရိမ်မှုတွေကို ဖြေရှင်းဖို့ အရေးကြီးတယ်ဆိုတာ Microsoft က အပြည့်အဝ နားလည်ကြောင်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ လုံခြုံရေးပိုင်းဆိုင်ရာကိစ္စကို အလုံးစုံ ပြန်လည်သုံးသပ်မှာဖြစ်ပြီး အမေရိကန်ဘဏ္ဍာရေးဌာနအပါအဝင် အမေရိကန်ပြည်ထောင်စုအတွက် စီးပွားရေး အကျိုးအမြတ် အသေအချာ ရအောင်လုပ်သွားမှာဖြစ်တယ်လို့လည်း Microsoft ရဲ့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။
TikTok ကုမ္ပဏီကို ဝယ်ယူမယ့်ကိစ္စကို သူ့ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ ByteDance တရုတ်နည်းပညာကုမ္ပဏီနဲ့ စက်တင်ဘာ ၁၅ ရက် နောက်ဆုံးထားပြီး ညှိနှိုင်း ဆွေးနွေးသွားမယ်လို့ Microsoft ကုမ္ပဏီက ပြောပါတယ်။