(Zawgyi / Unicode)
အင္တာနက္ အြန္လိုင္းေပၚက လူမႈကြန္ရက္ေတြမွာ လူႀကိဳက္မ်ားေနတဲ့ TikTok Application နည္းပညာေဆာ့ဖ္၀ဲ အသုံးျပဳတာကို အေမရိကန္မွာ တားျမစ္ပိတ္ပင္သြားဖို႔ ရည္မွန္းထားတယ္လို႔ အေမရိကန္သမၼတ Trump က ေျပာလိုက္ပါတယ္။
လူမႈကြန္ရက္ေတြမွာ ဗီြဒီယိုေတြ မွ်ေ၀ေနတဲ့ နာမည္ႀကီး TikTok application ကို အေမရိကန္မွာ အသုံးျပဳတာေတြကို ရပ္တန္႔ဖို႔ စေနေန႔ အေစာဆုံးထားၿပီး လုပ္လာႏုိင္တယ္လို႔ သမၼတ Trump က မေန႔ ေသာၾကာေန႔က ေျပာတာပါ။
အေမရိကန္မွာ Tik Tok Application သံုးတာကို သမၼတအမိန္႔နဲ႔ တားျမစ္မယ္လို႔ ဆိုပါတယ္။
အေမရိကန္က TikTok ရဲ႕လုပ္ငန္းေတြကို အေမရိကန္ ကုမၸဏီတခုက ဝယ္မယ့္ သေဘာတူညီခ်က္ တခုကိုလည္း Trump က သေဘာမတူပါဘူး။
Tik Tok application ဟာ အေမရိကန္နဲ႔ ကမာၻတဝန္းမွာ အလြန္လူႀကိဳက္မ်ားၿပီး ကမာၻတ၀န္းမွာ Tik Tok Application ကို သုံးစဲြသူ ၂ ဘီလီယံေက်ာ္ ရွိပါတယ္။ ဒီထဲမွာ ၁၆၅ သန္းကေတာ့ အေမရိကန္က ျဖစ္ပါတယ္။
ဒီ နည္းပညာေဆာ့ဖ္၀ဲက ေဖ်ာ္ေျဖေရးဗီြဒီယို သက္သက္တင္မဟုတ္ဘဲ စကားစစ္ထုိးပဲြေတြ၊ လူမ်ိဳးေရး တရားမွ်တမႈနဲ႔ လာမယ့္ အေမရိကန္သမၼတ ေရြးေကာက္ပဲြ စတဲ့ ႏုိင္ငံေရးနဲ႔ ဆိုင္တာေတြလည္း ပါေလ့ရွိပါတယ္။
အေမရိကန္ အာဏာပိုင္ေတြကေတာ့ Tik Tok ဟာ လုံၿခံဳေရးအရ ၿခိမ္းေျခာက္မႈ ရွိလာႏုိင္တယ္လို႔ စိုးရိမ္ေနၾကၿပီး ကုမၸဏီအေနနဲ႔ အသုံးျပဳတဲ့လူေတြရဲ႕ အခ်က္အလက္ေတြကို တ႐ုတ္အစိုးရနဲ႔ ေ၀မွ်မယ့္အေပၚ စိုးရိမ္ေနၾကတာလည္း ျဖစ္ပါတယ္။
--------------------------
(Unicode)
အမေရိကန်မှာ TikTok သုံးတာ ပိတ်မယ် - သမ္မတ Trump
အင်တာနက် အွန်လိုင်းပေါ်က လူမှုကွန်ရက်တွေမှာ လူကြိုက်များနေတဲ့ TikTok Application နည်းပညာဆော့ဖ်ဝဲ အသုံးပြုတာကို အမေရိကန်မှာ တားမြစ်ပိတ်ပင်သွားဖို့ ရည်မှန်းထားတယ်လို့ အမေရိကန်သမ္မတ Trump က ပြောလိုက်ပါတယ်။
လူမှုကွန်ရက်တွေမှာ ဗွီဒီယိုတွေ မျှဝေနေတဲ့ နာမည်ကြီး TikTok application ကို အမေရိကန်မှာ အသုံးပြုတာတွေကို ရပ်တန့်ဖို့ စနေနေ့ အစောဆုံးထားပြီး လုပ်လာနိုင်တယ်လို့ သမ္မတ Trump က မနေ့ သောကြာနေ့က ပြောတာပါ။
အမေရိကန်မှာ Tik Tok Application သုံးတာကို သမ္မတအမိန့်နဲ့ တားမြစ်မယ်လို့ ဆိုပါတယ်။
အမေရိကန်က TikTok ရဲ့လုပ်ငန်းတွေကို အမေရိကန် ကုမ္ပဏီတခုက ဝယ်မယ့် သဘောတူညီချက် တခုကိုလည်း Trump က သဘောမတူပါဘူး။
Tik Tok application ဟာ အမေရိကန်နဲ့ ကမ္ဘာတဝန်းမှာ အလွန်လူကြိုက်များပြီး ကမ္ဘာတဝန်းမှာ Tik Tok Application ကို သုံးစွဲသူ ၂ ဘီလီယံကျော် ရှိပါတယ်။ ဒီထဲမှာ ၁၆၅ သန်းကတော့ အမေရိကန်က ဖြစ်ပါတယ်။
ဒီ နည်းပညာဆော့ဖ်ဝဲက ဖျော်ဖြေရေးဗွီဒီယို သက်သက်တင်မဟုတ်ဘဲ စကားစစ်ထိုးပွဲတွေ၊ လူမျိုးရေး တရားမျှတမှုနဲ့ လာမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲ စတဲ့ နိုင်ငံရေးနဲ့ ဆိုင်တာတွေလည်း ပါလေ့ရှိပါတယ်။
အမေရိကန် အာဏာပိုင်တွေကတော့ Tik Tok ဟာ လုံခြုံရေးအရ ခြိမ်းခြောက်မှု ရှိလာနိုင်တယ်လို့ စိုးရိမ်နေကြပြီး ကုမ္ပဏီအနေနဲ့ အသုံးပြုတဲ့လူတွေရဲ့ အချက်အလက်တွေကို တရုတ်အစိုးရနဲ့ ဝေမျှမယ့်အပေါ် စိုးရိမ်နေကြတာလည်း ဖြစ်ပါတယ်။