သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

TikTok ကုိ အေမရိကန္ အေရးယူေတာ့မလား


(Zawgyi/Unicode)

တ႐ုတ္ပိုင္ အက္ပလီေကးရွင္း APP TikTok ကို ႏိုင္ငံလုံၿခဳံေရး ကိစၥေအာက္မွာ အေမရိကန္အစိုးရက သုံးသပ္စစ္ေဆးေနၿပီး ဒါနဲ႔ ပတ္သက္လို႔ သမၼတ Donald Trump ကို လာမယ့္ သီတင္းပတ္အတြင္း အႀကံျပဳတင္ျပဖို႔ရွိေၾကာင္း ဘ႑ာေရးဝန္ႀကီး Steve Mnuchin ကေျပာပါတယ္။

TikTok နဲ႔ ပတ္သက္လို႔ ဘယ္လိုကိုင္တြယ္မလဲဆိုတာ စဥ္းစားေနေၾကာင္း Trump ကလည္း ဗုဒၶဟူးေန႔မွာ ေျပာၾကားခဲ့ပါတယ္။

ဗြီဒီယိုဖိုင္ေတြ တင္ျပလို႔ရတဲ့ ဆိုရွယ္မီဒီယာ အက္ပလီေကရွင္းဟာ အေမရိကန္နဲ႔ ကမာၻတဝွမ္းမွာ အလြန္လူႀကိဳက္မ်ားေနတာပါ။ ကမာၻတဝွမ္းကေန အဲဒီမွာ တင္ထားတဲ့ ဗြီဒီယိုဖိုင္ေပါင္း ၂ ဘီလီယံေလာက္ရွိၿပီး အဲဒီထဲက ဗြီဒီယိုေပါင္း ၁၆၅ သန္းဟာ အေမရိကန္က ျဖစ္ပါတယ္။

TikTok အက္ပလီေကးရွင္းမွာ ေဖ်ာ္ေျဖေရး ဗြီဒီယိုေတြသာမက ႏိုင္ငံေရး၊ လူမ်ိဳးေရးခြဲျခားမႈ နဲ႔ မၾကာခင္က်င္းပေတာ့မယ့္ သမၼတေ႐ြးေကာက္ပြဲ ဆိုင္ရာ ေဆြးေႏြးပြဲေတြ၊ စကားရည္လုပြဲေတြ စတာေတြလည္း ပါဝင္ပါတယ္။

TikTok ကုမၸဏီအေနနဲ႔ သူအက္ပလီေကးရွင္း အသုံးျပဳေနသူေတြရဲ႕ အခ်က္အလက္ေတြကို တ႐ုတ္အစိုးရဆီ ေပးပို႔ႏိုင္တဲ့ အေနအထား စိုးရိမ္ရတာေၾကာင့္ လုံၿခဳံေရး ၿခိမ္းေျခာက္မႈ တခုျဖစ္လာႏိုင္တယ္လို႔ အေမရိကန္အရာရွိေတြက စိုးရိမ္ေနၾကတာပါ။

TikTok ရဲ႕ မိခင္ကုမၸဏီျဖစ္တဲ့ ByteDance ကေတာ့ သူတို႔အေနနဲ႔ တ႐ုတ္အစိုးရဆီကို အက္ပလီေကးရွင္းသုံးသူေတြရဲ႕အခ်က္အလက္ေတြ မွ်ေ၀ျခင္းမရွိသလို၊ အေမရိကန္က အသုံးျပဳေနသူေတြနဲ႔ အခ်က္အလက္ေတြကို အေမရိကန္နဲ႔ စကၤာပူမွာသာ

စုေဆာင္း သိုေလွာင္ထားတာျဖစ္တယ္လို႔ အေၾကာင္းျပန္ခဲ့ပါတယ္။ ဒါ့အျပင္ တ႐ုတ္အစိုးရနဲ႔ ဘာမွမဆိုင္ေၾကာင္းျပသတဲ့အေနနဲ႔ Disney ကုမၸဏီ အမႈေဆာင္ေဟာင္းKevin Mayer ကို TikTokကုမၸဏီရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္အျဖစ္ မၾကာေသးခင္ကမွ ေ႐ြးခ်ယ္ခန႔္အပ္ထားတာပါ။

အေမရိကန္ ဘ႑ာေရးဌာနက ဦးေဆာင္တဲ့ အေမရိကန္အစိုးရရဲ႕ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီ (CFIUS) ကေန TikTok နဲ႔ ပတ္သက္လို႔ စုံစမ္းမႈေတြ ျပဳလုပ္မွာျဖစ္တယ္လို႔ အေမရိကန္ ဘ႑ာေရးဝန္ႀကီး Mnuchin ကေျပာပါတယ္။ဒီေကာ္မတီရဲ႕ အလုပ္ဟာ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈေတြကို ႀကီးၾကပ္ဖို႔နဲ႔ ျဖစ္ႏိုင္ေျခရွိတဲ့ အမ်ိဳးသားလုံၿခဳံေရးအႏၲရာယ္ေတြ အတြက္အကဲျဖတ္ဖို႔ ျဖစ္ပါတယ္။

TikTok ကုိ အေမရိကန္ အေရးယူေတာ့မလား
please wait

No media source currently available

0:00 0:00:36 0:00
တိုက္႐ိုက္ လင့္ခ္


...............

TikTok ကို အမေရိကန် အရေးယူတော့မလား

(Unicode)

တရုတ်ပိုင် အက်ပလီကေးရှင်း APP TikTok ကို နိုင်ငံလုံခြုံရေး ကိစ္စအောက်မှာ အမေရိကန်အစိုးရက သုံးသပ်စစ်ဆေးနေပြီး ဒါနဲ့ ပတ်သက်လို့ သမ္မတ Donald Trump ကိုလာမယ့် သီတင်းပတ်အတွင်း အကြံပြုတင်ပြဖို့ရှိကြောင်း ဘဏ္ဍာရေးဝန်ကြီး Steve Mnuchin ကပြောပါတယ်။

TikTok နဲ့ ပတ်သက်လို့ ဘယ်လိုကိုင်တွယ်မလဲဆိုတာ စဉ်းစားနေကြောင်း Trump ကလည်း ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။

ဗွီဒီယိုဖိုင်တွေ တင်ပြလို့ရတဲ့ ဆိုရှယ်မီဒီယာ အက်ပလီကေရှင်းဟာ အမေရိကန်နဲ့ ကမ္ဘာတဝှမ်းမှာ အလွန်လူကြိုက်များနေတာပါ။ ကမ္ဘာတဝှမ်းကနေ အဲဒီမှာ တင်ထားတဲ့ ဗွီဒီယိုဖိုင်ပေါင်း ၂ ဘီလီယံလောက်ရှိပြီး အဲဒီထဲက ဗွီဒီယိုပေါင်း ၁၆၅ သန်းဟာ အမေရိကန်က ဖြစ်ပါတယ်။

TikTok အက်ပလီကေးရှင်းမှာ ဖျော်ဖြေရေး ဗွီဒီယိုတွေသာမက နိုင်ငံရေး၊ လူမျိုးရေးခွဲခြားမှု နဲ့ မကြာခင်ကျင်းပတော့မယ့် သမ္မတရွေးကောက်ပွဲ ဆိုင်ရာ ဆွေးနွေးပွဲတွေ၊ စကားရည်လုပွဲတွေ စတာတွေလည်း ပါဝင်ပါတယ်။

TikTok ကုမ္ပဏီအနေနဲ့ သူအက်ပလီကေးရှင်း အသုံးပြုနေသူတွေရဲ့ အချက်အလက်တွေကို တရုတ်အစိုးရဆီ ပေးပို့နိုင်တဲ့ အနေအထား စိုးရိမ်ရတာကြောင့် လုံခြုံရေး ခြိမ်းခြောက်မှု တခုဖြစ်လာနိုင်တယ်လို့ အမေရိကန်အရာရှိတွေက စိုးရိမ်နေကြတာပါ။

TikTok ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ ByteDance ကတော့ သူတို့အနေနဲ့ တရုတ်အစိုးရဆီကို အက်ပလီကေးရှင်းသုံးသူတွေရဲ့အချက်အလက်တွေ မျှဝေခြင်းမရှိသလို၊ အမေရိကန်က အသုံးပြုနေသူတွေနဲ့ အချက်အလက်တွေကို အမေရိကန်နဲ့ စင်္ကာပူမှာသာ

စုဆောင်း သိုလှောင်ထားတာဖြစ်တယ်လို့ အကြောင်းပြန်ခဲ့ပါတယ်။ ဒါ့အပြင် တရုတ်အစိုးရနဲ့ ဘာမှမဆိုင်ကြောင်းပြသတဲ့အနေနဲ့ Disney ကုမ္ပဏီ အမှုဆောင်ဟောင်းKevin Mayer ကို TikTokကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်အဖြစ် မကြာသေးခင်ကမှ ရွေးချယ်ခန့်အပ်ထားတာပါ။

အမေရိကန် ဘဏ္ဍာရေးဌာနက ဦးဆောင်တဲ့ အမေရိကန်အစိုးရရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကော်မတီ (CFIUS) ကနေ TikTok နဲ့ ပတ်သက်လို့ စုံစမ်းမှုတွေ ပြုလုပ်မှာဖြစ်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Mnuchin ကပြောပါတယ်။ဒီကော်မတီရဲ့ အလုပ်ဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ကြီးကြပ်ဖို့နဲ့ ဖြစ်နိုင်ခြေရှိတဲ့ အမျိုးသားလုံခြုံရေးအန္တရာယ်တွေ အတွက်အကဲဖြတ်ဖို့ ဖြစ်ပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG