သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူေအအီးက လူသုံးမ်ား To Tok App အစုိးရအတြက္ သူလွ်ဳိလုပ္ေန


(Zawgyi/Unicode)

အာရပ္ ေစာ္ဘြားမ်ား ျပည္ေထာင္စု (UAE) ႏုိင္ငံမွာ တစ္မဟုတ္ခ်င္းပဲ လူၾကိဳက္မ်ား လာတဲ့ လူမႈဆက္ဆံေရး app တစ္ခုျဖစ္တဲ့ To Tok app ဟာ အစိုးရက သူလွ်ိဳ လုပ္ေနတဲ့ app တစ္ခုျဖစ္တယ္လို႔ New York Times သတင္းစာၾကီး ေဖာ္ထုတ္ ေရးသားခဲ့ပါတယ္။

မိတ္ေဆြ သူငယ္ခ်င္း ေတြနဲ႔ မိသားစုေတြအၾကား ဆက္သြယ္ရာမွာ ေရပန္စားေနတဲ့ ဒီ To Tok app ကို အသုံးျပဳသူေတြ ဘာေတြေျပာဆိုေနၾကသလဲ၊ သူတို႔ တစ္ေတြ ဘယ္ေနရာမွာ ရွိသလဲနဲ႔ ဘာပုံေတြ ပို႔သလဲ ဆိုတာေတြ အပါအ၀င္ တစ္ျခား အခ်က္အလက္ေတြကို ေျခရာခံ ေထာက္လွမ္း ရာမွာ ယူေအအီး အစိုးရက ဒီ app ကို အသုံးျပဳေနတာလို႔ ဆိုပါတယ္။ The New York Times သတင္းစာၾကီးက ဒီလိုေထာက္လွမ္းေရးကိစၥေတြနဲ႔ ရင္းႏွီးကၽြမ္း၀င္သူ အေမရိကန္ အရာရွိေတြကို ကိုးကားသလို သူတို႔ ကိုယ္ပိုင္ စုံစမ္း ေတြ႕ရွိမႈေတြ အေပၚမွာလည္း အေျခခံျပီး ထုတ္ေဖာ္ ေရးသားခဲ့တာပါ။

ယူေအအီး အစိုးရဟာ apple ရဲ႕ FaceTime၊ Facebook ရဲ႕ WhatsApp နဲ႔ တစ္ျခား ဖုန္းေခၚ ဆက္သြယ္ႏုိင္တဲ့ app ေတြကို ပိတ္ပင္ ထားခဲ့ပါတယ္။ သတင္းစာရဲ႕ အဆိုအရ To Tok အသုံးျပဳတာ လပိုင္းသာ ရွိေသးေပမဲ့ ဒီ app ကို လူေတြ အၾကိမ္ေရ သန္းခ်ီ download လုပ္ခဲ့ျပီး ျဖစ္ေၾကာင္း၊ To Tok ဟာ အသုံးျပဳသူေတြရဲ႕ ပုဂၢိဳလ္ေရး အခ်က္အလက္ေတြ အစိုးရက လြတ္လြတ္လပ္လပ္ ရႏုိင္ေအာင္ ေပးေနတဲ့ app ျဖစ္ေၾကာင္း၊ download လုပ္ျပီး app ကို ဖုန္းမွာ install လုပ္ေနတဲ့ သန္းခ်ီတဲ့ လူေတြဟာ အစိုးရက အခ်က္အလက္ေတြကို ရရွိဖို႔ အသိမဲ့ စြာနဲ႔ အခြင့္ေပးေနသလို ျဖစ္ေနတယ္လို႔ ဆိုပါတယ္။

တစ္ျခား app ေတြလိုပဲ ဒီ To Tok app ဟာလည္း ရာသီဥတု သတင္းေပးဖို႔ ဆိုျပီး အသုံးျပဳသူရဲ႕ ေရာက္ရွိေနတဲ့ ေနရာကို ေျပာဖို႔ ေတာင္းဆိုသလို မိတ္ေဆြေတြနဲ႔ ဆက္သြယ္ဖို႔ဆိုျပီး ဖုန္းထဲရွိတဲ့ အဆက္အသြယ္ ရွိသူေတြရဲ႕ အခ်က္အလက္ေတြလည္း ေတာင္းဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္


........................

ယူအေအီးက လူသုံးများ To Tok App အစိုးရအတွက် သူလျှိုလုပ်နေ

(Unicode)

အာရပ် စော်ဘွားများ ပြည်ထောင်စု (UAE) နိုင်ငံမှာ တစ်မဟုတ်ချင်းပဲ လူကြိုက်များ လာတဲ့ လူမှုဆက်ဆံရေး app တစ်ခုဖြစ်တဲ့ To Tok app ဟာ အစိုးရက သူလျှို လုပ်နေတဲ့ app တစ်ခုဖြစ်တယ်လို့ New York Times သတင်းစာကြီး ဖော်ထုတ် ရေးသားခဲ့ပါတယ်။ မိတ်ဆွေ သူငယ်ချင်း တွေနဲ့ မိသားစုတွေအကြား ဆက်သွယ်ရာမှာ ရေပန်စားနေတဲ့ ဒီ To Tok app ကို အသုံးပြုသူတွေ ဘာတွေပြောဆိုနေကြသလဲ၊ သူတို့ တစ်တွေ ဘယ်နေရာမှာ ရှိသလဲနဲ့ ဘာပုံတွေ ပို့သလဲ ဆိုတာတွေ အပါအဝင် တစ်ခြား အချက်အလက်တွေကို ခြေရာခံ ထောက်လှမ်း ရာမှာ ယူအေအီး အစိုးရက ဒီ app ကို အသုံးပြုနေတာလို့ ဆိုပါတယ်။ The New York Times သတင်းစာကြီးက ဒီလိုထောက်လှမ်းရေးကိစ္စတွေနဲ့ ရင်းနှီးကျွမ်းဝင်သူ အမေရိကန် အရာရှိတွေကို ကိုးကားသလို သူတို့ ကိုယ်ပိုင် စုံစမ်း တွေ့ရှိမှုတွေ အပေါ်မှာလည်း အခြေခံပြီး ထုတ်ဖော် ရေးသားခဲ့တာပါ။

ယူအေအီး အစိုးရဟာ apple ရဲ့ FaceTime၊ Facebook ရဲ့ WhatsApp နဲ့ တစ်ခြား ဖုန်းခေါ် ဆက်သွယ်နိုင်တဲ့ app တွေကို ပိတ်ပင် ထားခဲ့ပါတယ်။ သတင်းစာရဲ့ အဆိုအရ To Tok အသုံးပြုတာ လပိုင်းသာ ရှိသေးပေမဲ့ ဒီ app ကို လူတွေ အကြိမ်ရေ သန်းချီ download လုပ်ခဲ့ပြီး ဖြစ်ကြောင်း၊ To Tok ဟာ အသုံးပြုသူတွေရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေ အစိုးရက လွတ်လွတ်လပ်လပ် ရနိုင်အောင် ပေးနေတဲ့ app ဖြစ်ကြောင်း၊ download လုပ်ပြီး app ကို ဖုန်းမှာ install လုပ်နေတဲ့ သန်းချီတဲ့ လူတွေဟာ အစိုးရက အချက်အလက်တွေကို ရရှိဖို့ အသိမဲ့ စွာနဲ့ အခွင့်ပေးနေသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။ တစ်ခြား app တွေလိုပဲ ဒီ To Tok app ဟာလည်း ရာသီဥတု သတင်းပေးဖို့ ဆိုပြီး အသုံးပြုသူရဲ့ ရောက်ရှိနေတဲ့ နေရာကို ပြောဖို့ တောင်းဆိုသလို မိတ်ဆွေတွေနဲ့ ဆက်သွယ်ဖို့ဆိုပြီး ဖုန်းထဲရှိတဲ့ အဆက်အသွယ် ရှိသူတွေရဲ့ အချက်အလက်တွေလည်း တောင်းဆိုပါတယ်။

XS
SM
MD
LG