သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

VOA မြန်မာပိုင်းရဲ့ မိုဘိုင်း Application မြန်မာနိုင်ငံမှာ စတင် ဖြန့်ချိ


သောတရှင်တွေအနေနဲ့ VOA မြန်မာပိုင်းက ထုတ်လွှင့်ပေးနေတဲ့ နေ့စဉ် ရေဒီယိုနဲ့ တီဗွီအစီအစဉ်တွေအားလုံးကို ကိုယ့်ရဲ့ မိုဘိုင်းဖုန်းပေါ်ကနေ အလွယ်တကူ လျင်မြန်စွာ ကြည့်ရှုနိုင်ဖို့ VOA Mobile Application ကို ဒီကနေ့ဘဲ တရားဝင် စတင်မိတ်ဆက်လိုက်ပါပြီ။ ဒီအကြောင်း ရန်ကုန်မြို့ Junction Square မှာ ကျင်းပတဲ့ ဒီအခမ်းအနားကနေ ဝိုင်းတော်သူ မအေးသန္တာကျော်က သတင်း ပေးပို့ထားပါတယ်။

ကျမအခု VOA Mobile Application တယ်လီဖုန်းတွေကို ထည့်သွင်းတဲ့ အခမ်းအနားမှာ ရောက်ရှိနေတာပါ ရန်ကုန်မြို့ Junction Square မှာလုပ်ပါတယ်။ ကျမတို့ VOA Mobile Application ကို ပရိတ်သတ်တွေနဲ့ မိတ်ဆက်တဲ့ပွဲလေးဖြစ်ပါတယ်။ VOA ကိုနားထောင်ချင်တယ်၊ ကြည့်ရှုချင်တယ်ဆိုရင် မိုဘိုင်းဖုန်းကနေ တဆင့်ကြည့်ရှုဖို့ Application လိုပါတယ်။ အဲဒီအခါမှာ သောတရှင်တွေအားလုံး ပရိတ်သတ်တွေအားလုံး ဒီ Applicationကို မထည့်တတ်ဘူးဆိုရင်လည်း အဆင်ပြေချောမွေ့အောင်လို့ ကျမတို့ ထည့်ပေးနေပါတယ်။ နောက်ပြီးတော့ VOA ရဲ့ အမှတ်တရ လက်ဆောင်လေးတွေလည်း ပေးတယ်၊ နောက်ပြီး VOA ဝိုင်းသော်သူ၊ ဝိုင်းသော်သားတွေနဲ့ ဓါတ်ပုံအတူတူတွဲရိုက်တဲ့ ဒီလိုအစီအစဉ်တွေနဲ့ ပရိတ်သတ်တွေကို မိတ်ဆက်ပွဲလေးကျင်းပနေပါတယ်။ ကျမတို့ ရန်ကုန်ရုံးက ကိုစည်သူကို ဒီ Application မှာ ဘာတွေလုပ်လို့ရတယ်ဆိုတာကို ကျမမေးကြည့်ပါမယ်။

ကိုစည်သူ ကျမတို့ရဲ့ VOA Applicationက သောတရှင်တွေ ထည့်လိုက်ရင် သူတို့ကို ဘယ်လိုအထောက်အကူဖြစ်မလဲ ဘာကြောင့် သောတရှင်တွေအနေနဲ့ ကျမတို့ VOA Applicationရှိသင့်သလဲ။

ကိုစည်သူ ။ ။ ကျနော်တို့က VOA သတင်းတွေကို Facebook မှာလည်း ကြည့်လို့ရတယ်၊ Youtube တို့ တခြား Social media မှလည်း ကြည့်လို့ရတယ်။ ဒါပေမယ့် Social media တွေမှာ ကြည့်တဲ့အခါ သတင်းတွေပျောက်သွားတာတို့၊ Facebook မှာ VOA သတင်းတွေ ပြန်ရှာမတွေ့တာတို့ဖြစ်မှာ စိုးရိမ်တဲ့အတွက် ဖုန်းထဲမှာ VOA app ကို သီးသန့်လုပ်ပေးထားပါတယ်။ အဲဒီတော့ VOA app ထဲမှာ VOA ကထုတ်လွှင့်တဲ့ ကမ္ဘာ့သတင်းတွေ မြန်မာ့သတင်းတွေ အားကစားသတင်းတွေ ဖျော်ဖြေရေးသတင်းတွေကို အကန့်လိုက်ခွဲပြီးတော့ အသံပဲ သပ်သပ် နားထောင်ချင်ရင်ရတယ်။ ဗွီဒီယိုကြည့်ချင်ရင်လည်း ရတယ်။ သတင်းစာသားတွေပဲ ဖတ်ချင်တယ်ဆိုရင်လည်းရပါတယ်။ အဲဒီတော့ အလွယ်တကူကြည့်လို့ရအောင် ရည်ရွယ်ပြီးတော့ လုပ်ထားတာပါခင်ဗျ။

မေး။ ။ ဆိုတော့ ရုပ်မြင်သံကြားလည်း လွယ်လွယ်ကူကူကြည့်လို့ရမယ်၊ ဒါမှမဟုတ်ရင်လည်း ရုပ်မြင်သံကြားမကြည့်နိုင်ဘူး ဆိုရင်လည်း သတင်းတွေကို ဖွင့်ချလိုက်တာနဲ့ ကျမတို့ရဲ့ အင်တာနက်ပေါ်မှာတင်တဲ့ သတင်းတွေကို မြင်ပြီးတော့ လွယ်လွယ်ကူကူ ဖတ်လို့ရတယ်ပေါ့နော်။

ကိုစည်သူ ။ ။ ဟုတ်ပါတယ်။ သူက အချိန်နဲ့အမျှ ပြောင်းလဲနေတဲ့ သတင်းတွေအကုန်လုံးကို VOA app မှာ အကုန်လုံးထည့်ထားတယ်။ အရုပ်မကြည့်ချင်ဘူးဆိုရင်လည်း အသံပဲ နားထောင်လို့ရတယ်။ ရေဒီယိုပဲ နားထောင်တဲ့သဘောပေါ့နော် ပြီးတော့ အသံက အရမ်းကြည်လင်တယ်။ Video ဆိုရင်လည်း ကျနော်တို့ ကြည်လင်ပြတ်သားတဲ့ quality နဲ့ ကြည့်လို့ရပါတယ်။

မေး။ ။ ကျေးဇူးတင်ပါတယ် ကိုစည်သူရေ။

ကျမတို့ ဒီနေ့ တွေ့တဲ့အတိုင်း ပရိတ်သတ်လည်း တော်တော်များပါတယ်။ ကျမတို့နဲ့ ဓါတ်ပုံတွေ တော်တော်ရိုက်ကြတယ် နောက်ပြီးတော့ လက်ဆောင်တွေလည်းယူသွားတယ်ဆိုတော့ ကျမတို့တွေဆီရောက်နေတဲ့ ပရိတ်သတ်တွေထဲက တယောက်ကို မေးကြည့်ရအောင်ပါ။

မေး။ ။ မောင်လေးနာမည်ဘယ်လိုခေါ်လဲ။

ဖြေ။ ။ ရန်ငြိမ်းအောင်ပါ။

မေး။ ။ ကိုရန်ငြိမ်းအောင်က ကျမတို့ VOA ပရိတ်သတ်လား။

ဖြေ။ ။ ပြောလို့ရပါတယ်။

မေး။ ။ ကိုရန်ငြိမ်းအောင်က VOA ကိုကြည့်တဲ့အခါမှာ ဘယ်ကနေကြည့်လဲ TV ထဲက ကြည့်တာလား Facebook တို့က ကြည့်တာလား။

ဖြေ။ ။ Facebook ကလည်း ကြည့်တယ် ရေဒီယိုကလည်း နားထောင်တယ်။

မေး။ ။ အမတို့ရဲ့ VOA ကိုကြည့်တဲ့အခါမှာ ဘယ်ကနေ အကြိုက်ဆုံးလဲ။

ဖြေ။ ။ Facebook ကကြည့်ရတာ ကြိုက်တယ် ဘာကြောင့်လဲဆိုတော့ လွယ်တယ်ပေါ့နော်။ ဖုန်းနဲ့ဆိုတော့ ကြည့်ရတာ လွယ်တယ်ပေါ့နော်။

မေး။ ။ အမတို့က အခု VOA Mobile Application ကို မိတ်ဆက်တဲ့ပွဲမှာ မောင်လေးက အခု Application ကို ထည့်တယ်ပေါ့နော် ။ ဒီကနေပြီးတော့ ဘာတွေရဖို့မျှော်လင့်သလဲ ဒီလိုထည့်လိုက်တာ။

ဖြေ။ ။ လွယ်လွယ်ကူကူနဲ့ ကြည့်လို့ရမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။

မေး။ ။ အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။

ကျမတို့က ပြောတဲ့အတိုင်းပဲ ပရိတ်သတ်တွေကိုလည်း အမှတ်တရ လက်ဆောင်လေးတွေလည်း ပေးနေတယ်ဆိုတော့ လက်ဆောင်ပေးတာလည်း ပျော်နေကြပါတယ်။ ကျမတို့ လက်ဆောင်ပေးတဲ့ နေရာကို သွားကြည့်ရအောင်။ ကျမတို့ ရေဘူးတို့၊ ထီးတို့ ၊ ဘောပင်တို့ လက်ဆောင်ပေးပါတယ်။

ကျမတို့ ဒါလေးတွေကို လက်ဆောင်ပေးနေပါတယ်။ ဆိုတော့ သောတရှင်တွေအနေနဲ့ ကျမတို့ ရေဘူးလေးတွေကိုလည်း အမှတ်တရ သိမ်းထားလို့ရတယ်။ ဒီမှာလည်း ကျမတို့ website ကိုရေးထားပါတယ်။ အဓိကတော့ ကျမတို့ အင်တာနက်ကနေပြီးတော့ ထုတ်လွှင့်မှုတွေ သောတရှင်တွေကြားမှာ လွယ်လွယ်ကူကူနဲ့ ပြန့်သွားအောင်လို့ ဒီလိုအစီအစဉ်လေးတွေကို တင်ဆက်ပေးတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG