သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ေရြးေကာက္ပြဲအတြက္ ျပည္ပဆိုက္ဘာ အႏၱရာယ္ ေထာက္လွမ္းေရး သတိေပး


ကြန္ပ်ဴတာဖန္သားျပင္မွာ ျမင္ရတဲ့ ဆုိက္ဘာကုတ္ဒ္မ်ား။

(Zawgyi / Unicode)

အေမရိကန္သမၼတ ေရြးေကာက္ပြဲ က်င္းပဖို႔ရက္ နီးကပ္လာတာနဲ႔အမၽွ အေမရိကန္ ေရြးေကာက္ပြဲစနစ္အေပၚ ႏုိင္ငံျခားတိုင္းျပည္ေတြရဲ႕ ဆိုက္ဘာတိုက္ခိုက္မႈ အသစ္ေတြကို ေတြ႔လာေနရတယ္လို႔ ေထာက္လွမ္းေရး တာဝန္ရွိသူေတြက ေျပာပါတယ္။

မၾကာေသးခင္ ရက္ပိုင္းေတြကပဲ ႏုိင္ငံရပ္ျခားက တိုက္ခိုက္သူေတြက အေမရိကန္ မဲဆြယ္စည္း႐ုံးေရးအဖြဲ႔ေတြ၊ ကိုယ္စားလွယ္ေလာင္းေတြနဲ႔ တျခား ႏုိင္ငံေရး ပစ္မွတ္ေတြရဲ႕ ပုဂၢိဳလ္ေရး အခ်က္အလက္ေတြ ေပါက္ၾကားေအာင္ ႀကိဳးပမ္းေနၾကတယ္လို႔လည္း ေထာက္လွမ္းေရး တာဝန္ရွိသူေတြက ေျပာပါတယ္။

အေမရိကန္ မဲဆႏၵရွင္ေတြ အျမင္မွား ႐ႈပ္ေထြးမႈေတြ ျဖစ္ေပၚေအာင္လည္း ႏုိင္ငံရပ္ျခားက အုပ္စုေတြက မွားယြင္းတဲ့ သတင္းအခ်က္အလက္ေတြကို ျဖန္႔ခ်ိေနတယ္လို႔လည္း ေျပာပါတယ္။

ဒီမိုကရက္တစ္ပါတီက Joe Biden ရဲ႕ မဲဆြယ္စည္းေရး အဖြဲ႔ကလည္း ဆိုက္ဘာတိုက္ခိုက္မႈ မ်ိဳးစုံကို ႀကဳံေတြ႔ခဲ့ရတယ္လို႔ ဒီအပတ္ထဲ အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။

ရန္ဘက္ႏုိင္ငံေတြကို အသုံးဝင္တဲ့သတင္းေတြ ေပးမိမွာ စိုးရိမ္တာေၾကာင့္ ဘယ္လိုတိုက္ခိုက္ခံရသလဲ ဆိုတာကိုေတာ့ Biden ရဲ႕ မဲဆြယ္ေရးအဖြဲ႔က ထုတ္ျပန္ေျပာၾကားတာ မရွိေသးပါဘူး။

သမၼတ Donald Trump ရဲ႕ မဲဆြယ္စည္း႐ုံးေရး အဖြဲ႔ကေတာ့ ႏုိင္ငံရပ္ျခားက အႏၲရာယ္ေပး ေႏွာင့္ယွက္မႈေတြ မရွိဘူးလို႔ ေျပာပါတယ္။

တခ်ိန္တည္းမွာပဲ မဲေပးရာမွာ ႐ႈပ္ေထြးမႈမရွိေအာင္ ႏုိင္ငံတဝန္း မဲေပးသူေတြမွာ မဲဆႏၵရွင္ မွတ္ပုံတင္ကတ္ ရွိရမယ္ဆိုတဲ့ ရီပတ္ဘလစ္ကန္ပါတီက ႏွစ္ရွည္ၾကာ ေတာင္းဆိုေနတဲ့အခ်က္ကို သမၼတ Trump ရဲ႕ မဲဆြယ္စည္း႐ုံးေရးအဖြဲ႔က ေထာက္ျပ ေျပာဆိုခဲ့ပါတယ္။

ႏုိင္ငံရပ္ျခားကေန ဆိုက္ဘာတိုက္ခိုက္မႈေတြ ေလာေလာဆယ္မွာ အေမရိကန္ မဲဆြယ္စည္း႐ုံးေရးအဖြဲ႔ေတြနဲ႔ ျပည္နယ္ေတြရဲ႕ ေရြးေကာက္ပြဲစနစ္ေတြထဲ ထိုးေဖာက္ဝင္ေရာက္ႏုိင္ျခင္း မရွိေသးေပမယ့္ ၂၀၁၆ ခုႏွစ္ သမၼတ ေရြးေကာက္ပြဲတုန္းကေတာ့ သိသိသာသာ ရွိခဲ့တာပါ။

၂၀၁၆ ခုႏွစ္တုန္းက သမၼတ Trump ရဲ႕ မဲဆြယ္စည္း႐ုံးေရး အသာရေစဖို႔ ႐ုရွားက အုပ္စုေတြက ဒီမိုကရက္ပါတီ အမ်ိဳးသားေကာ္မတီရဲ႕ ကြန္ပ်ဴတာဆာဗာကို ထိုးေဖာက္ဝင္ေရာက္ခဲ့ၿပီး သတင္းအခ်က္အလက္ေတြကို WikiLeaks အဖြဲ႔ကို ေဝမၽွခဲ့တာကို အေမရိကန္ ေထာက္လွမ္းေရး တာဝန္ရွိသူေတြက စုံစမ္းေတြ႔ရွိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

ကန်ရွေးကောက်ပွဲအတွက် ပြည်ပဆိုက်ဘာ အန္တရာယ် ထောက်လှမ်းရေး သတိပေး

အမေရိကန်သမ္မတ ရွေးကောက်ပွဲ ကျင်းပဖို့ရက် နီးကပ်လာတာနဲ့အမျှ အမေရိကန် ရွေးကောက်ပွဲစနစ်အပေါ် နိုင်ငံခြားတိုင်းပြည်တွေရဲ့ ဆိုက်ဘာတိုက်ခိုက်မှု အသစ်တွေကို တွေ့လာနေရတယ်လို့ ထောက်လှမ်းရေး တာဝန်ရှိသူတွေက ပြောပါတယ်။

မကြာသေးခင် ရက်ပိုင်းတွေကပဲ နိုင်ငံရပ်ခြားက တိုက်ခိုက်သူတွေက အမေရိကန် မဲဆွယ်စည်းရုံးရေးအဖွဲ့တွေ၊ ကိုယ်စားလှယ်လောင်းတွေနဲ့ တခြား နိုင်ငံရေး ပစ်မှတ်တွေရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေ ပေါက်ကြားအောင် ကြိုးပမ်းနေကြတယ်လို့လည်း ထောက်လှမ်းရေး တာဝန်ရှိသူတွေက ပြောပါတယ်။

အမေရိကန် မဲဆန္ဒရှင်တွေ အမြင်မှား ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်အောင်လည်း နိုင်ငံရပ်ခြားက အုပ်စုတွေက မှားယွင်းတဲ့ သတင်းအချက်အလက်တွေကို ဖြန့်ချိနေတယ်လို့လည်း ပြောပါတယ်။

ဒီမိုကရက်တစ်ပါတီက Joe Biden ရဲ့ မဲဆွယ်စည်းရေး အဖွဲ့ကလည်း ဆိုက်ဘာတိုက်ခိုက်မှု မျိုးစုံကို ကြုံတွေ့ခဲ့ရတယ်လို့ ဒီအပတ်ထဲ အတည်ပြု ပြောကြားခဲ့ပါတယ်။

ရန်ဘက်နိုင်ငံတွေကို အသုံးဝင်တဲ့သတင်းတွေ ပေးမိမှာ စိုးရိမ်တာကြောင့် ဘယ်လိုတိုက်ခိုက်ခံရသလဲ ဆိုတာကိုတော့ Biden ရဲ့ မဲဆွယ်ရေးအဖွဲ့က ထုတ်ပြန်ပြောကြားတာ မရှိသေးပါဘူး။

သမ္မတ Donald Trump ရဲ့ မဲဆွယ်စည်းရုံးရေး အဖွဲ့ကတော့ နိုင်ငံရပ်ခြားက အန္တရာယ်ပေး နှောင့်ယှက်မှုတွေ မရှိဘူးလို့ ပြောပါတယ်။

တချိန်တည်းမှာပဲ မဲပေးရာမှာ ရှုပ်ထွေးမှုမရှိအောင် နိုင်ငံတဝန်း မဲပေးသူတွေမှာ မဲဆန္ဒရှင် မှတ်ပုံတင်ကတ် ရှိရမယ်ဆိုတဲ့ ရီပတ်ဘလစ်ကန်ပါတီက နှစ်ရှည်ကြာ တောင်းဆိုနေတဲ့အချက်ကို သမ္မတ Trump ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့က ထောက်ပြ ပြောဆိုခဲ့ပါတယ်။

နိုင်ငံရပ်ခြားကနေ ဆိုက်ဘာတိုက်ခိုက်မှုတွေ လောလောဆယ်မှာ အမေရိကန် မဲဆွယ်စည်းရုံးရေးအဖွဲ့တွေနဲ့ ပြည်နယ်တွေရဲ့ ရွေးကောက်ပွဲစနစ်တွေထဲ ထိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိသေးပေမယ့် ၂၀၁၆ ခုနှစ် သမ္မတ ရွေးကောက်ပွဲတုန်းကတော့ သိသိသာသာ ရှိခဲ့တာပါ။

၂၀၁၆ ခုနှစ်တုန်းက သမ္မတ Trump ရဲ့ မဲဆွယ်စည်းရုံးရေး အသာရစေဖို့ ရုရှားက အုပ်စုတွေက ဒီမိုကရက်ပါတီ အမျိုးသားကော်မတီရဲ့ ကွန်ပျူတာဆာဗာကို ထိုးဖောက်ဝင်ရောက်ခဲ့ပြီး သတင်းအချက်အလက်တွေကို WikiLeaks အဖွဲ့ကို ဝေမျှခဲ့တာကို အမေရိကန် ထောက်လှမ်းရေး တာဝန်ရှိသူတွေက စုံစမ်းတွေ့ရှိခဲ့ပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG