(Zawgyi/Unicode)
ဒီႏွစ္ထဲ က်င္းပဖို႔ရွိတဲ့ အေမရိကန္ သမၼတ ေရြးေကာက္ပြဲကို အခ်ိန္ ေရႊ႕ဆိုင္းဖို႔ သမၼတ ေဒၚနယ္ထရမ့္က ပထမဆုံး အႀကိမ္အျဖစ္ေျပာလာေနပါတယ္။ ၾကာသပေတးေန႔ မနက္ပိုင္းက သူ႔ရဲ့ twitter မွာ စာတိုက္ကေန မဲေပးမယ့္စနစ္ေၾကာင့္ ၂၀၂၀ ျပည့္ႏွစ္ သမၼတ ေရြးေကာက္ပြဲဟာ အေမရိကန္ သမိုင္းမွာ မဲလိမ္မႈေတြနဲ႔ မွားယြင္းေရတြက္မႈေတြ အမ်ားဆုံးရွိမယ့္ ေရြးေကာက္ပြဲလို႔ အေထာက္အထား မပါဘဲ ေရးသားထားပါတယ္။
အဲဒီလို ျဖစ္လာမယ္ဆိုရင္ အေမရိကန္ ျပည္ေထာင္စုအတြက္ ရွက္စရာ ျဖစ္တာေၾကာင့္ လူေတြ ေဘးကင္း ရန္ကင္းနဲ႔ မဲေပးနိုင္ တဲ့ အခ်ိန္အထိ ေရြးေကာက္ပြဲကို ေရႊ႕ဆိုင္းမလားလို႔လည္း သူက ေမးခြန္းထုတ္ထားပါတယ္။ နိုဝင္ဘာလ ၃ ရက္ေန႔မွာ က်င္းပမယ့္ ေရြးေကာက္ပြဲကို ေရႊ႕ဆိုင္းနိုင္တဲ့ အခြင့္အာဏာ အေမရိကန္ သမၼတမွာ မရွိပါဘူး။ အေျခခံ ဥပေဒအရ ေရြးေကာက္ပြဲရက္ကို ကြန္ဂရက္က သတ္မွတ္ ျပဌာန္းရတာ ျဖစ္ပါတယ္။
Illinois ျပည္နယ္က ေအာက္လႊတ္ေတာ္ အမတ္ Rodney Davis ကေတာ့ ဒီႏွစ္ ေရြးေကာက္ပြဲ ေရႊ႕ဆိုင္းမွာ မဟုတ္ဘူးဆိုၿပီး တြစ္တာ မွာ တံု႕ျပန္ ေရးသားလိုက္ပါတယ္။ ကြန္ဂရက္က ရက္ကို သတ္မွတ္တာျဖစ္လို႔ ရက္ မေျပာင္းသင့္ဘဲ စီစဥ္ထားတဲ့အတိုင္း ဥပေဒ အရ နိုဝင္ဘာလ ၃ ရက္ေန႔မွာ ေရြးေကာက္ပြဲ လုပ္မယ္လို႔ သူက ေျပာပါတယ္။ ရစ္ပတ္ဘလင္ကန္ အမတ္ Rodney Davis ဟာ ေရြးေကာက္ပြဲနဲ႔ ပတ္သက္တဲ့ တရားေရးကိစၥေတြ ကိုင္တြယ္တဲ့ ေအာက္လႊတ္ေတာ္ စီမံ အုပ္ခ်ဳပ္ေရး ေကာ္မတီဝင္ တစ္ဦးလည္း ျဖစ္ပါတယ္။
သမၼတ ထရမ့္ရဲ့ ေရးသားခ်က္ကို သူ႔ရဲ့ ရစ္ပတ္ပလင္ကန္ ပါတီသာမကဘဲ ပါတီႀကီး ႏွစ္ခုစလုံးက အမတ္ေတြက ေဝဖန္ေနတာ ျဖစ္ပါတယ္။ New Mexico ျပည္နယ္က ဒီမိုကရက္တစ္ အထက္လႊတ္ေတာ္အမတ္ Tom Udall က သမၼတက အခုလို ေျပာလာတာကိုက အေတာ္ေလး စိုးရိမ္ပူပန္စရာ ျဖစ္သလို ဒီမိုကေရစီ က်င့္စဥ္အေပၚ ၾကက္သီး ထဖြယ္ရာ တိုက္ခိုက္မႈ ျဖစ္တယ္လို႔ ေျပာပါတယ္။
COVID-19 ေၾကာင့္ ေရြးေကာက္ပြဲ ေရႊ႕ဆိုင္းဖို႔ အႀကံျပဳစကား ထြက္လာေနခ်ိန္မွာပဲ သမၼတ ေဒၚနယ္ ထရမ့္ ကုလသမဂၢ အေထြေထြ ညီလာခံကို လူကိုယ္တိုင္ တက္ေရာက္ မိန္႔ခြန္း ေျပာေကာင္း ေျပာမယ္လို႔ ကုလသမဂၢ ဆိုင္ရာ အေမရိကန္ အျမဲတမ္း ကိုယ္စားလွယ္ Kelly Craft က ေျပာပါတယ္။ ကမၻာ့ေခါင္းေဆာင္ေတြ တက္ေရာက္တဲ့ ဒီ ကုလသမဂၢ ညီလာခံႀကီးကို COVID-19 ေၾကာင့္ အြန္လိုင္း ကေန လုပ္ဖို႔ အဖြဲ႕ဝင္နိုင္ငံေတြက ၿပီးခဲ့တဲ့ အပတ္ကပဲ ဆုံးျဖတ္ခဲ့တာပါ။
သံအမတ္ႀကီး Kelly Craft က ကမၻာ့ ေခါင္းေဆာင္ေတြထဲ သမၼတ ထရမ့္တစ္ေယာက္ပဲ ညီလာခံကို ကိုယ္တိုင္တက္ေရာက္ စကားေျပာတဲ့လူ ျဖစ္ပါလိမ့္မယ္လို႔လည္း ေျပာပါတယ္။ သမၼတ အိမ္ျဖဴေတာ္ကေတာ့ ဒီ အစီအစဥ္နဲ႔ပတ္သက္လို႔ အေသးစိတ္ ထပ္မံ ေျပာၾကားတာ မရွိေသးပါဘူး။
.................
ရွေးကောက်ပွဲရက် ရွှေ့ဆိုင်းဖို့ သမ္မတ Trump ပြော
(Unicode)
ဒီနှစ်ထဲ ကျင်းပဖို့ရှိတဲ့ အမေရိကန် သမ္မတ ရွေးကောက်ပွဲကို အချိန် ရွှေ့ဆိုင်းဖို့ သမ္မတ ဒေါ်နယ်ထရမ့်က ပထမဆုံး အကြိမ်အဖြစ်ပြောလာနေပါတယ်။ ကြာသပတေးနေ့ မနက်ပိုင်းက သူ့ရဲ့ twitter မှာ စာတိုက်ကနေ မဲပေးမယ့်စနစ်ကြောင့် ၂၀၂၀ ပြည့်နှစ် သမ္မတ ရွေးကောက်ပွဲဟာ အမေရိကန် သမိုင်းမှာ မဲလိမ်မှုတွေနဲ့ မှားယွင်းရေတွက်မှုတွေ အများဆုံးရှိမယ့် ရွေးကောက်ပွဲလို့ အထောက်အထား မပါဘဲ ရေးသားထားပါတယ်။
အဲဒီလို ဖြစ်လာမယ်ဆိုရင် အမေရိကန် ပြည်ထောင်စုအတွက် ရှက်စရာ ဖြစ်တာကြောင့် လူတွေ ဘေးကင်း ရန်ကင်းနဲ့ မဲပေးနိုင် တဲ့ အချိန်အထိ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းမလားလို့လည်း သူက မေးခွန်းထုတ်ထားပါတယ်။ နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းနိုင်တဲ့ အခွင့်အာဏာ အမေရိကန် သမ္မတမှာ မရှိပါဘူး။ အခြေခံ ဥပဒေအရ ရွေးကောက်ပွဲရက်ကို ကွန်ဂရက်က သတ်မှတ် ပြဌာန်းရတာ ဖြစ်ပါတယ်။
Illinois ပြည်နယ်က အောက်လွှတ်တော် အမတ် Rodney Davis ကတော့ ဒီနှစ် ရွေးကောက်ပွဲ ရွှေ့ဆိုင်းမှာ မဟုတ်ဘူးဆိုပြီး တွစ်တာ မှာ တုံ့ပြန် ရေးသားလိုက်ပါတယ်။ ကွန်ဂရက်က ရက်ကို သတ်မှတ်တာဖြစ်လို့ ရက် မပြောင်းသင့်ဘဲ စီစဉ်ထားတဲ့အတိုင်း ဥပဒေ အရ နိုဝင်ဘာလ ၃ ရက်နေ့မှာ ရွေးကောက်ပွဲ လုပ်မယ်လို့ သူက ပြောပါတယ်။ ရစ်ပတ်ဘလင်ကန် အမတ် Rodney Davis ဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ တရားရေးကိစ္စတွေ ကိုင်တွယ်တဲ့ အောက်လွှတ်တော် စီမံ အုပ်ချုပ်ရေး ကော်မတီဝင် တစ်ဦးလည်း ဖြစ်ပါတယ်။
သမ္မတ ထရမ့်ရဲ့ ရေးသားချက်ကို သူ့ရဲ့ ရစ်ပတ်ပလင်ကန် ပါတီသာမကဘဲ ပါတီကြီး နှစ်ခုစလုံးက အမတ်တွေက ဝေဖန်နေတာ ဖြစ်ပါတယ်။ New Mexico ပြည်နယ်က ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် Tom Udall က သမ္မတက အခုလို ပြောလာတာကိုက အတော်လေး စိုးရိမ်ပူပန်စရာ ဖြစ်သလို ဒီမိုကရေစီ ကျင့်စဉ်အပေါ် ကြက်သီး ထဖွယ်ရာ တိုက်ခိုက်မှု ဖြစ်တယ်လို့ ပြောပါတယ်။
COVID-19 ကြောင့် ရွေးကောက်ပွဲ ရွှေ့ဆိုင်းဖို့ အကြံပြုစကား ထွက်လာနေချိန်မှာပဲ သမ္မတ ဒေါ်နယ် ထရမ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံကို လူကိုယ်တိုင် တက်ရောက် မိန့်ခွန်း ပြောကောင်း ပြောမယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် အမြဲတမ်း ကိုယ်စားလှယ် Kelly Craft က ပြောပါတယ်။ ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်တဲ့ ဒီ ကုလသမဂ္ဂ ညီလာခံကြီးကို COVID-19 ကြောင့် အွန်လိုင်း ကနေ လုပ်ဖို့ အဖွဲ့ဝင်နိုင်ငံတွေက ပြီးခဲ့တဲ့ အပတ်ကပဲ ဆုံးဖြတ်ခဲ့တာပါ။
သံအမတ်ကြီး Kelly Craft က ကမ္ဘာ့ ခေါင်းဆောင်တွေထဲ သမ္မတ ထရမ့်တစ်ယောက်ပဲ ညီလာခံကို ကိုယ်တိုင်တက်ရောက် စကားပြောတဲ့လူ ဖြစ်ပါလိမ့်မယ်လို့လည်း ပြောပါတယ်။ သမ္မတ အိမ်ဖြူတော်ကတော့ ဒီ အစီအစဉ်နဲ့ပတ်သက်လို့ အသေးစိတ် ထပ်မံ ပြောကြားတာ မရှိသေးပါဘူး။