သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ရွေးကောက်ပွဲမတိုင်ခင် ဝင်ရောက်စွက်ဖက်မှုတွေရှိနေ

(Zawgyi/Unicode)

နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပမယ့် အမေရိကန် သမ္မတ ရွေးကောက်ပွဲ မတိုင်မီ ပြုလုပ်နေတဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးပွဲတွေ ကို ရုရှား၊ တရုတ်နဲ့ အီရန်နိုင်ငံတွေ ဝင်ရောက် စွက်ဖက် နေတယ်လို့ အမေရိကန် အမျိုးသား တန်ပြန်ထောက်လှမ်းရေးနဲ့ လုံခြုံရေး ဌာန NCSC ညွှန်ကြားရေးမှူး William Evanina က သတိပေးပြောကြားလိုက်ပါတယ်။

ရန်သူ နိုင်ငံတွေက အမေရိကန် နိုင်ငံရေး မဲဆွယ်ပွဲတွေ၊ ကိုယ်စားလှယ်လောင်းတွေနဲ့ တခြား နိုင်ငံရေး ပစ်မှတ်တွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆက်သွယ် ပြောကြားမှုတွေ ပေါက်ကြားအောင် ကြိုးပမ်းနေတယ်လို့ William Evanina က သောကြာနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

အမေရိကန် အမျိုးသား တန်ပြန်ထောက်လှမ်းရေးနဲ့ လုံခြုံရေး ဌာန NCSC ညွှန်ကြားရေးမှူး William Evanina
အမေရိကန် အမျိုးသား တန်ပြန်ထောက်လှမ်းရေးနဲ့ လုံခြုံရေး ဌာန NCSC ညွှန်ကြားရေးမှူး William Evanina

အဲဒီ နိုင်ငံ ၃ နိုင်ငံအပြင် တခြားနိုင်ငံတွေနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေကလည်း သမ္မတရွေးကောက်ပွဲ ဖြစ်စဉ်ကို ထိခိုက်အောင် လုပ်နေ နိုင်တယ်လို့လည်း သူက သတိပေးထားပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Joe Biden တို့အကြား ယှဉ်ပြိုင်မှုအပေါ် သက်ရောက်မှုရှိစေ ဖို့ရည်ရွယ်ပြီး တရုတ်နိုင်ငံက အမေရိကန်နိုင်ငံရဲ့ မူဝါဒပိုင်းဆိုင်ရာကိစ္စတွေမှာ ဩဇာလွှမ်းမိုးနိုင်အောင် ကြိုးပမ်းနေသလို ရုရှားနိုင်ငံကတော့ အမေရိကန်နိုင်ငံရဲ့ ဒီမိုကရေစီ စနစ်အပေါ် အယုံအကြည် နည်းသွားစေအောင် အင်တာနက်မှာ နာမည်ခံ အသုံးပြုသူတွေနဲ့ သတင်းမှားတွေကို အစုလိုက်အပြုံလိုက် တင်ပြီး လွှင့်ထုတ်နေတယ်လို့ သူက ပြောပါတယ်။

အီရန်နိုင်ငံကတော့ အွန်လိုင်းနဲ့လူမှုမီဒီယာတွေကတဆင့် အမေရိကန် ဒီမိုကရေစီ အဖွဲ့အစည်းတွေကို အားနည်းအောင်နဲ့ရွေးကောက်ပွဲ မတိုင်ခင် လူထုအကြား သဘောထား ကွဲပြားအောင် ကြိုးပမ်းနေတယ်လို့လည်း ညွှန်ကြားရေးမှူး William Evanina က ပြောပါတယ်။

အမေရိကန်က ထောက်လှမ်းရေးအဖွဲ့အစည်းတွေအနေနဲ့ အခုလို အန္တရာယ်ရှိတဲ့ ဆိုက်ဘာလှုပ်ရှားမှုကို လုပ်ဆောင်နေသူတွေကို အနီးကပ်စောင့်ကြည့်သွားမယ်လို့ လည်း သူက ပြောပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲကို စနစ်တကျနဲ့တည်တည်ငြိမ်ငြိမ်လုပ်နိုင်ဖို့ အမေရိကန် ပြည်သူတွေအနေနဲ့ သတင်းတွေကို ဖတ်ရှုနားထောင် တဲ့အခါ မှာ ချင့်ချင့်ချိန်ချိန်နဲ့ ဆန်းစစ်ပြီးမှ လက်ခံကြဖို့နဲ့ သံသယရှိစဖွယ် လှုပ်ရှားမှုတွေ တွေ့ရှိတဲ့အခါ မှာလည်း အာဏာပိုင်တွေကို သတင်းပေးပို့ဖို့ တိုက်တွန်းထားပါတယ်။

ကန် ရွေးကောက်ပွဲမတိုင်ခင် ဝင်ရောက်စွက်ဖက်မှုတွေရှိနေ
please wait

No media source currently available

0:00 0:01:32 0:00
တိုက်ရိုက် လင့်ခ်


...............


(Unicode)







This item is part of

ဆက်စပ်သတင်းများ ...

XS
SM
MD
LG