သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတရွေးကောက်ပွဲ ရုရှားနှောင့်ယှက်ဖို့ ကြိုးစားနေဆဲ - Joe Biden


အမေရိကန် ဒုသမ္မတဟောင်း Joe Biden. (ဇူလိုင် ၉၊ ၂၀၂၀)
အမေရိကန် ဒုသမ္မတဟောင်း Joe Biden. (ဇူလိုင် ၉၊ ၂၀၂၀)

(Zawgyi / Unicode)

နိုဝင်ဘာလကျင်းပမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတလောင်း ဖြစ်လာမယ့် ဒုသမ္မတဟောင်း Joe Biden က ထောက်လှမ်းရေး အစီရင်ခံစာတွေ သူ အခုရနေပြီဖြစ်ပြီး သမ္မတရွေးကောက်ပွဲကို ရုရှားက နှောင့်ယှက်ဖို့ ဆက်ပြီး ကြိုးစားနေတယ်ဆိုတာ သိထားရတယ်လို့ သောကြာနေ့က ပြောလိုက်ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံဟာလည်း အမေရိကန်တွေ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်အပေါ်မှာ ယုံကြည်မှုမရှိအောင် လုပ်ဆောင်နေတယ်လို့ Mr. Biden က အင်တာနက် အွန်လိုင်းကနေ လုပ်တဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ရန်ပုံငွေကောက်ခံပွဲမှာ ပြောပါတယ်။

“ကျနော်တို့ အရင်ကလည်း သိခဲ့တဲ့ အခုလည်း ကျနော့်ကို ထပ်ပြောလာတဲ့အတွက် ဒါကို သိနေတယ်လို့ အာမခံပါတယ်။ ရုရှားတွေဟာ ကျနော်တို့ရဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေကို တရားမဝင်ဖြစ်အောင်လုပ်ဖို့ ကြိုးပမ်းနေကြတုန်းပဲ” လို့ Mr. Biden က ပြောပါတယ်။

အမေရိကန်ရွေးကောက်ပွဲနဲ့ ရုရှားစွက်ဖက်နိုင်ခြေ
please wait

No media source currently available

0:00 0:03:29 0:00

တကယ်လို့ ရုရှားဘက်က ဆက်ပြီးတော့ ကြားဝင်နှောင့်ယှက်ပြီး လာမယ့်ရွေးကောက်ပွဲမှာ သူ့အနေနဲ့ သမ္မတ Trump ကို အနိုင်ရလာခဲ့ရင် ရုရှားအနေနဲ့ ကြီးကြီးမားမား ပြန်ပေးဆပ်ရမှာဖြစ်တယ်လို့ သူက သတိပေးလိုက်ပါတယ်။

Mr. Biden အနေနဲ့ ထောက်လှမ်းရေး အစီရင်ခံစာတွေကို ဘယ်အချိန်ကစပြီး ရနေတယ် ဆိုတာကတော့ သေချာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ဒါနဲ့ပတ်သက်ပြီး သူ့ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး အဖွဲ့ဘက်ကလည်း ချက်ချင်း တုံ့ပြန်ပြောဆိုတာတော့ မရှိသေးပါဘူး။

အမေရိကန်မှာ အဓိကပါတီကြီးတွေရဲ့ သမ္မတလောင်းတွေအနေနဲ့ ထောက်လှမ်းရေး အစီရင်ခံစာတွေကို ရရှိတာက ပုံမှန်ကိစ္စတခု ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------------

(Unicode)

ကနျသမ်မတရှေးကောကျပှဲ ရုရှားနှောင့ျယှကျဖို့ ကွိုးစားနဆေဲ - Joe Biden








XS
SM
MD
LG