သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရုရွားအရႈပ္ေတာ္ပုံနဲ႔႔သတ္သက္လုိ႔ သမၼတေဟာင္း Obama နဲ႔ ဒုသမၼတေဟာင္း Biden တုိ႔ကုိ စုံစမ္း စစ္ေဆးမည္မဟုတ္


သမၼတေဟာင္း Obama နဲ႔ ဒုသမၼတေဟာင္း Joe Biden

Zawgyi/Unicode

၂၀၁၆ ခုႏွစ္ အေမရိကန္ ေရြးေကာက္ပြဲ အေပၚ ရုရွားတို႔ ၀င္ေရာက္ေႏွာင့္ယွက္ခဲ႔မႈနဲ႔ ပတ္သက္ၿပီး အေမရိကန္ သမၼတေဟာင္း Barack Obama ဒါမွမဟုတ္လည္ ဒုတိယ သမၼတေဟာင္း Joe Biden တို႔ကို စံုစမ္းစစ္ေဆးဖို႔ သမၼတ Donald Trump က ေတာင္းဆိုေနေပမယ့္ သူတို႔ အေပၚ စံုစမ္းစစ္ေဆးေရး ျဖစ္လာမယ္လို႔ မေမွ်ာ္လင့္ေၾကာင္း တရားေရး ဌာန အႀကီးအကဲက တနလာၤေန႔မွာ ေျပာဆုိပါတယ္။

၂၀၁၆ ခုႏွစ္ ေရြးေကာက္ပြဲ အတြင္း Trump ရဲ႕ ေရြးေကာက္ပြဲ စည္းရံုးေရး အဖြဲ႔နဲ႔ ရုရွားၾကား ပူးေပါင္းႀကံစည္မႈ ရွိခဲ႔သလားဆိုတဲဲ႔ အေပၚ စံုစမ္းမႈေတြဟာ လံုး၀ အေျခအျမစ္မရွိတဲ႔ သံသယေတြကို အေျခခံ ေဆာင္ရြက္ခဲ႔တာျဖစ္ၿပီး သမၼတ အေပၚမွာ တရားမွ်တမႈ မရွိတဲ႔ ေဆာင္ရြက္ခ်က္လို႔ ေရွ႕ေနခ်ဳပ္ Bill Barr က ေျပာဆိုထားတာပါ။

လာမယ့္ အေမရိကန္ သမၼတ ေရြးေကာက္ပြဲမွာ Trump ရဲ႕ ၿပိဳင္ဘက္ ျဖစ္တဲ႔ ဒီမိုကရက္ Biden ၊ ေနာက္ ဒီမိုကရက္ သမၼတေဟာင္း Obama တို႔ အပါအ၀င္ ဒီ ႏုိင္ငံေရး အရ စံုစမ္းစစ္ေဆးမႈေတြလို႔ ေရွ႕ေနခ်ဳပ္က သံုးႏႈန္းၿပီး အေမရိကန္ တရားေရး စနစ္မွာ ဒီလို စံုစမ္းမႈေတြ အျပန္အလွန္ လုပ္ေနတာကို ရပ္တန္႔ပစ္ဖို႔ ရည္ရြယ္တယ္လို႔ ေျပာဆိုလိုက္ပါတယ္။

ရုရွားနဲ႔ ပူးေပါင္းၾကံစည္မႈ စံုစမ္းမႈမွာ သမၼတေဟာင္း Obama ၊ ဒုတိယ သမၼတေဟာင္း Biden တို႔နဲ႔ ပတ္သက္မႈေတြဟာဆိုရင္လည္း လက္ရွိ သူ႔မွာ ရွိတဲ႔ အခ်က္အလက္ေတြ အရ ဒီပုဂၢိဳလ္ႏွစ္ဦးထဲက တဦးတေယာက္ကိုမွ ရာဇ၀တ္ေၾကာင္း အရ စံုစမ္းစစ္ေဆးမႈ ျဖစ္လာမယ္လို႔ မယူဆဘူးလို႔လည္း ေရွ႕ေနခ်ဳပ္ Barr က ေျပာဆိုခဲ႔ပါတယ္။

[Unicode]

၂၀၁၆ ခုနှစ် အမေရိကန် ရွေးကောက်ပွဲ အပေါ် ရုရှားတို့ ဝင်ရောက်နှောင့်ယှက်ခဲ့မှုနဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတဟောင်း Barack Obama ဒါမှမဟုတ်လည် ဒုတိယ သမ္မတဟောင်း Joe Biden တို့ကို စုံစမ်းစစ်ဆေးဖို့ သမ္မတ Donald Trump က တောင်းဆိုနေပေမယ့် သူတို့ အပေါ် စုံစမ်းစစ်ဆေးရေး ဖြစ်လာမယ်လို့ မမျှော်လင့်ကြောင်း တရားရေး ဌာန အကြီးအကဲက တနလာၤနေ့မှာ ပြောဆိုပါတယ်။


၂၀၁၆ ခုနှစ် ရွေးကောက်ပွဲ အတွင်း Trump ရဲ့ ရွေးကောက်ပွဲ စည်းရုံးရေး အဖွဲ့နဲ့ ရုရှားကြား ပူးပေါင်းကြံစည်မှု ရှိခဲ့သလားဆိုတဲ့ အပေါ် စုံစမ်းမှုတွေဟာ လုံး၀ အခြေအမြစ်မရှိတဲ့ သံသယတွေကို အခြေခံ ဆောင်ရွက်ခဲ့တာဖြစ်ပြီး သမ္မတ အပေါ်မှာ တရားမျှတမှု မရှိတဲ့ ဆောင်ရွက်ချက်လို့ ရှေ့နေချုပ် Bill Barr က ပြောဆိုထားတာပါ။


လာမယ့် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ Trump ရဲ့ ပြိုင်ဘက် ဖြစ်တဲ့ ဒီမိုကရက် Biden ၊ နောက် ဒီမိုကရက် သမ္မတဟောင်း Obama တို့ အပါအဝင် ဒီ နိုင်ငံရေး အရ စုံစမ်းစစ်ဆေးမှုတွေလို့ ရှေ့နေချုပ်က သုံးနှုန်းပြီး အမေရိကန် တရားရေး စနစ်မှာ ဒီလို စုံစမ်းမှုတွေ အပြန်အလှန် လုပ်နေတာကို ရပ်တန့်ပစ်ဖို့ ရည်ရွယ်တယ်လို့ ပြောဆိုလိုက်ပါတယ်။


ရုရှားနဲ့ ပူးပေါင်းကြံစည်မှု စုံစမ်းမှုမှာ သမ္မတဟောင်း Obama ၊ ဒုတိယ သမ္မတဟောင်း Biden တို့နဲ့ ပတ်သက်မှုတွေဟာဆိုရင်လည်း လက်ရှိသူ့မှာ ရှိတဲ့ အချက်အလက်တွေ အရ ဒီပုဂ္ဂိုလ်နှစ်ဦးထဲက တဦးတယောက်ကိုမှ ရာဇဝတ်ကြောင်း အရ စုံစမ်းစစ်ဆေးမှု ဖြစ်လာမယ်လို့ မယူဆဘူးလို့လည်း ရှေ့နေချုပ် Barr က ပြောဆိုခဲ့ပါတယ်။

တိုက္႐ိုက္ လင့္ခ္


ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG