သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္သမၼတ ေရြးေကာက္ပြဲအတြင္း သမၼတ Trump ရင္ဆိုင္ေနရတဲ့ အခက္အခဲ


အေမရိကန္သမၼတ Donald Trump. (ဇူလုိင္ ၂၉၊ ၂၀၂၀)

(Zawgyi / Unicode)

အေမရိကန္ျပည္သူေတြ သမၼတ တေယာက္ ေရြးခ်ယ္ဖို႔အတြက္ ႏုိ၀င္ဘာလ ၃ ရက္ေန႔မွာ မဲဆႏၵ ေပးၾကေတာ့မွာ ျဖစ္ပါတယ္။ လက္ရွိသမၼတ Donald Trump နဲ႔ ဒီမိုကရက္ပါတီဘက္က စိန္ေခၚသူ ျဖစ္လာႏုိင္တဲ့ Joe Biden တို႔ ႏွစ္ဦးဟာ အုပ္စုေတြ ကြဲျပားေနတဲ့ မဲဆႏၵရွင္ေတြနဲ႔ ေတြ႔ၾကရပါလိမ့္မယ္။ ဒီအေျခအေနမွာ လက္ရွိသမၼတ Donald Trump က ျပည္သူေတြကို ဘယ္ပံုဘယ္နည္း စည္း႐ုံး မဲဆြယ္လာမလဲ ဆိုတာကို ဗီြအိုေအသတင္းေထာက္ Mike O’Sullivan ေရးတဲ့ သတင္းလႊာကို ဦးေက်ာ္ဇံသာ တင္ျပထားပါတယ္။

Donald Trump ဟာ ႏုိင္ငံေရး အညစ္အေၾကးေတြကို ေဖာက္ထုတ္ေနတာ၊ ႏုိင္ငံရဲ႕ နယ္နိမိတ္ကို ကာကြယ္ေနတာ၊ ေမ့ေဖ်ာက္ခံေနရတဲ့ အေမရိကန္တို႔ရဲ႕ အိပ္မက္ေတြကို ျပန္လည္ဆန္းသစ္ေနတာလို႔ သူ႔ကို ေထာက္ခံသူေတြက ျမင္ေနၾကပါတယ္။

“ကိုယ္စားလွယ္ေလာင္းေတြ ဒီေလာက္ကြဲျပားေနတာ လံုး၀ မႀကံဳဘူးသေလာက္ပါပဲ။ က်ေနာ္တို႔က တရားဥပေဒ စိုးမိုးေရးနဲ႔ ၿငိမ္၀ပ္ပိျပားမႈကို လိုခ်င္ပါတယ္။ သူတို႔က အဲဒါကို မလိုခ်င္ပါဘူး။ က်ေနာ္တို႔က လံုၿခံဳတဲ့နယ္စပ္ကို လိုခ်င္ၿပီး လူေတြ အရည္အေသြးအတိုင္း ဥပေဒနဲ႔အညီ ၀င္လာေစခ်င္ပါတယ္” လုိ႔ Donald Trump ေျပာသြားတာပါ။

က်န္တဲ့သူေတြရဲ႕ အျမင္ကို ၾကည့္ၾကရမယ္ဆိုရင္ေတာ့ Donald Trump ဟာ ရာထူးနဲ႔ မထိုက္တန္ဘူးလို႔ Joe Biden က ဆိုပါတယ္။

“က်ေနာ့္အျမင္မွာေတာ့ ကမၻာကို ေခါင္းေဆာင္တဲ့ ေနရာမွာေရာ ႏုိင္ငံကို ေခါင္းေဆာင္တဲ့ ေနရာမွာပါ Trump ရဲ႕ အရည္အေသြး ကင္းမဲ့မႈက အႏၱရာယ္ ျဖစ္ေလာက္ေအာင္ပါပဲ” လို႔ Joe Biden က ေျပာသြားတာပါ။

Trump ဟာ အိမ္ၿခံေျမ လုပ္ငန္းရွင္ႀကီးတဦး၊ Reality ႐ုပ္ျမင္သံၾကားမွာ သ႐ုပ္ေဆာင္တဦး ျဖစ္ၿပီးေတာ့ ၂၀၁၅ မွာ ေရြးေကာက္ပြဲ၀င္မယ္လို႔ ေၾကညာလိုက္ေတာ့ ျဖစ္ပါ့မလားဆိုတဲ့ သံသယ အျမင္ေတြနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။ ဒါေပမယ့္ သူဟာ အေမရိကန္ သန္းေပါင္းမ်ားစြာတို႔ကို ထိေတြ႔ ဆက္သြယ္ၿပီးေတာ့ ဒီမိုကရက္ပါတီ၀င္ ႏုိင္ငံျခားေရး၀န္ႀကီးေဟာင္း Hillary Clinton ကို အႏုိင္ရရွိလိုက္တဲ့အတြက္ လူေတြ အံ့အားသင့္ခဲ့ၾကပါတယ္။ ဗာဂ်ီးနီးယား တကၠသိုလ္က Larry Sabato က Skype ကေနတဆင့္ အခုလို ေျပာပါတယ္။

“ေကာ္လာျပာ အလုပ္သမားေတြ၊ တကၠသိုလ္ပညာ လံုး၀မတတ္တဲ့သူေတြ အမ်ားအျပား ရွိပါတယ္။ သူတို႔ဟာ Trump ကိုပဲ စြဲစြဲၿမဲၿမဲ သစၥာရွိၾကပါတယ္။”

Trump ဟာ ယူကရိန္းႏုိင္ငံကို ေပးမယ့္ အေမရိကန္ရဲ႕ ျပည္ပအေထာက္အပံ့ကို သူ႔ ႏုိင္ငံေရးအက်ိဳးအျမတ္အတြက္ အလဲအလွယ္ လုပ္ခဲ့တယ္လို႔ စြပ္စြဲခံခဲ့ရပါတယ္။ အာဏာအလြဲသံုးစားမႈ၊ ကြန္ဂရက္ရဲ႕ လုပ္ရပ္ေတြကို ဟန္႔တား ပိတ္ဆို႔မႈနဲ႔ ေအာက္လႊတ္ေတာ္ရဲ႕ တရားစြဲဆိုမႈကို ရင္ဆိုင္ခဲ့ရပါတယ္။ ဒါေပမယ့္ ရီပတ္ဘလစ္ကန္ေတြ ႀကီးစိုးတဲ့ အထက္လႊတ္ေတာ္က သူ႔ကို စြဲခ်က္မတင္ဘဲ လႊတ္ေပးလိုက္ၿပီးတဲ့ေနာက္ ဒီ တရားစြဲဆိုမႈဟာ သူ႔ကို သက္သက္မဲ့ အျပစ္ရွာတဲ့ ကိစၥသာ ျဖစ္တယ္ ဆိုၿပီးေတာ့ သူက ကင္းကင္းရွင္းရွင္း ရပ္တည္လာခဲ့တာပါ။

အခုအခ်ိန္မွာ ေနာက္ထပ္ စိန္ေခၚမႈတခုနဲ႔ သူ ႀကံဳရျပန္ပါတယ္။

“ကို႐ုိနာဗိုင္းရပ္စ္ ျပႆနာကို က်ေနာ္တို႔ႏုိင္ငံက မႀကံဳစဘူး ဘယ္လို ထိထိေရာက္ေရာက္ တုံ႔ျပန္ ေဆာင္ရြက္လုိက္သလဲ ဆိုတာနဲ႔ ပတ္သက္ၿပီးေတာ့ က်ေနာ္ ဒီကေန႔ ေျပာခ်င္ပါတယ္” လုိ႔ Donald Trump က ေျပာပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာ ဗိုင္းရပ္စ္ကူးစက္မႈ၊ လူေသဆံုးမႈေတြ မ်ားျပားလာတာနဲ႔အမွ် စစ္တမ္းေတြမွာ Donald Trump ကုိ ေထာက္ခံတဲ့သူ အေရအတြက္ တျဖည္းျဖည္း က်ဆင္းလာေနပါတယ္။ အာဖရိကႏြယ္ဖြား အေမရိကန္ေတြ ရဲလက္ထဲမွာ ေသဆံုးရတဲ့ ကိစၥေတြကို ၿမိဳ႕ႀကီးတခ်ိဳ႕မွာ ကန္႔ကြက္ဆႏၵျပမႈေတြ၊ ဒါေတြကို ႏွိမ္နင္းဖို႔အတြက္ Trump က ျပည္ေထာင္စုတပ္ဖြဲ႔ေတြကို အသံုးျပဳခဲ့တာေတြနဲ႔ ပတ္သက္ၿပီးလည္း ႏုိင္ငံေရး အျငင္းပြားမႈေတြ ပိုမို ျပင္းထန္လာခဲ့ပါတယ္။ ႏုိင္ငံေရးသံုးသပ္သူ Sherry Bebitch Jeffe ကေတာ့ Skype ကေနတဆင့္ အခုလို ေျပာပါတယ္။

“ဒီ ကို႐ုိနာဗိုင္းရပ္စ္ ျပႆနာဟာ ျပည္တည္ေနတဲ့ အနာေပၚ ဖံုးအုပ္ထားတဲ့ ပတ္တီးကို ခြာခ်လိုက္တာပဲ ျဖစ္ပါတယ္။”

အခု သေဘာထားစစ္တမ္းမ်ားမွာ Joe Biden ေရွ႕က ေျပးေနတယ္လို႔ ဆိုေပမယ့္ Donald Trump ကို အဓိက ေထာက္ခံသူေတြ အေနနဲ႔ကေတာ့ သူ႔ဘက္ကပဲ စြဲစြဲၿမဲၿမဲ ရွိေနဆဲပါ။

“အနည္းနဲ႔အမ်ားဆိုသလို ရီပတ္ဘလစ္ကန္ေတြကေတာ့ သူတို႔လိုခ်င္တဲ့ မူ၀ါဒအတိုင္း ျဖစ္ေနတာပါ။ ဥပမာေျပာရရင္ သူတို႔က အခြန္ေလွ်ာ့ေပါ့ေစခ်င္တယ္။ တရား႐ုံးခ်ဳပ္မွာ ကြန္ဆာေဗးတစ္ေတြ ႀကီးစိုးေစခ်င္တယ္။ ေျပာင္းေရႊ႕ အေျခခ်သူေတြကို ေလွ်ာ့ခ် ျဖတ္ေတာက္ေစခ်င္တယ္။”

သို႔ေပမယ့္လည္း Trump ရင္ဆိုင္ေနရတဲ့ အခက္အခဲေတြထဲမွာ ေနာက္ဆံုး ထပ္တိုးလာတဲ့ ကိစၥတခုကေတာ့ အေမရိကန္ စီးပြားေရးဟာ စံခ်ိန္က်ိဳးေလာက္ေအာင္ မႀကံဳစဘူး က်ဆင္းသြားတယ္ဆိုတဲ့ သတင္းပဲ ျဖစ္ပါတယ္။ အခုအခ်ိန္ဟာ လူစုလူေ၀း မလုပ္ၾကဖို႔ ျပည္သူ႔က်န္းမာေရး အရာရွိေတြက ေျပာထားခ်ိန္ ျဖစ္ေနေလေတာ့ ခါတုိင္း ေတြ႔ေန ျမင္ေနၾက စိတ္လႈပ္ရွားဖြယ္ ႏုိင္ငံေရး မဲဆြယ္ပြဲေတြကိုလည္း ေတြ႔ျမင္ရမွာ မဟုတ္ပါဘူး။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွင်း သမ္မတ Trump ရင်ဆိုင်နေရတဲ့ အခက်အခဲ

အမေရိကန်ပြည်သူတွေ သမ္မတ တယောက် ရွေးချယ်ဖို့အတွက် နိုဝင်ဘာလ ၃ ရက်နေ့မှာ မဲဆန္ဒ ပေးကြတော့မှာ ဖြစ်ပါတယ်။ လက်ရှိသမ္မတ Donald Trump နဲ့ ဒီမိုကရက်ပါတီဘက်က စိန်ခေါ်သူ ဖြစ်လာနိုင်တဲ့ Joe Biden တို့ နှစ်ဦးဟာ အုပ်စုတွေ ကွဲပြားနေတဲ့ မဲဆန္ဒရှင်တွေနဲ့ တွေ့ကြရပါလိမ့်မယ်။ ဒီအခြေအနေမှာ လက်ရှိသမ္မတ Donald Trump က ပြည်သူတွေကို ဘယ်ပုံဘယ်နည်း စည်းရုံး မဲဆွယ်လာမလဲ ဆိုတာကို ဗွီအိုအေသတင်းထောက် Mike O’Sullivan ရေးတဲ့ သတင်းလွှာကို ဦးကျော်ဇံသာ တင်ပြထားပါတယ်။

Donald Trump ဟာ နိုင်ငံရေး အညစ်အကြေးတွေကို ဖောက်ထုတ်နေတာ၊ နိုင်ငံရဲ့ နယ်နိမိတ်ကို ကာကွယ်နေတာ၊ မေ့ဖျောက်ခံနေရတဲ့ အမေရိကန်တို့ရဲ့ အိပ်မက်တွေကို ပြန်လည်ဆန်းသစ်နေတာလို့ သူ့ကို ထောက်ခံသူတွေက မြင်နေကြပါတယ်။

“ကိုယ်စားလှယ်လောင်းတွေ ဒီလောက်ကွဲပြားနေတာ လုံး၀ မကြုံဘူးသလောက်ပါပဲ။ ကျနော်တို့က တရားဥပဒေ စိုးမိုးရေးနဲ့ ငြိမ်ဝပ်ပိပြားမှုကို လိုချင်ပါတယ်။ သူတို့က အဲဒါကို မလိုချင်ပါဘူး။ ကျနော်တို့က လုံခြုံတဲ့နယ်စပ်ကို လိုချင်ပြီး လူတွေ အရည်အသွေးအတိုင်း ဥပဒေနဲ့အညီ ဝင်လာစေချင်ပါတယ်” လို့ Donald Trump ပြောသွားတာပါ။

ကျန်တဲ့သူတွေရဲ့ အမြင်ကို ကြည့်ကြရမယ်ဆိုရင်တော့ Donald Trump ဟာ ရာထူးနဲ့ မထိုက်တန်ဘူးလို့ Joe Biden က ဆိုပါတယ်။

“ကျနော့်အမြင်မှာတော့ ကမ္ဘာကို ခေါင်းဆောင်တဲ့ နေရာမှာရော နိုင်ငံကို ခေါင်းဆောင်တဲ့ နေရာမှာပါ Trump ရဲ့ အရည်အသွေး ကင်းမဲ့မှုက အန္တရာယ် ဖြစ်လောက်အောင်ပါပဲ” လို့ Joe Biden က ပြောသွားတာပါ။

Trump ဟာ အိမ်ခြံမြေ လုပ်ငန်းရှင်ကြီးတဦး၊ Reality ရုပ်မြင်သံကြားမှာ သရုပ်ဆောင်တဦး ဖြစ်ပြီးတော့ ၂၀၁၅ မှာ ရွေးကောက်ပွဲဝင်မယ်လို့ ကြေညာလိုက်တော့ ဖြစ်ပါ့မလားဆိုတဲ့ သံသယ အမြင်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် သူဟာ အမေရိကန် သန်းပေါင်းများစွာတို့ကို ထိတွေ့ ဆက်သွယ်ပြီးတော့ ဒီမိုကရက်ပါတီဝင် နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton ကို အနိုင်ရရှိလိုက်တဲ့အတွက် လူတွေ အံ့အားသင့်ခဲ့ကြပါတယ်။ ဗာဂျီးနီးယား တက္ကသိုလ်က Larry Sabato က Skype ကနေတဆင့် အခုလို ပြောပါတယ်။

“ကော်လာပြာ အလုပ်သမားတွေ၊ တက္ကသိုလ်ပညာ လုံးဝမတတ်တဲ့သူတွေ အများအပြား ရှိပါတယ်။ သူတို့ဟာ Trump ကိုပဲ စွဲစွဲမြဲမြဲ သစ္စာရှိကြပါတယ်။”

Trump ဟာ ယူကရိန်းနိုင်ငံကို ပေးမယ့် အမေရိကန်ရဲ့ ပြည်ပအထောက်အပံ့ကို သူ့ နိုင်ငံရေးအကျိုးအမြတ်အတွက် အလဲအလှယ် လုပ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။ အာဏာအလွဲသုံးစားမှု၊ ကွန်ဂရက်ရဲ့ လုပ်ရပ်တွေကို ဟန့်တား ပိတ်ဆို့မှုနဲ့ အောက်လွှတ်တော်ရဲ့ တရားစွဲဆိုမှုကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ရီပတ်ဘလစ်ကန်တွေ ကြီးစိုးတဲ့ အထက်လွှတ်တော်က သူ့ကို စွဲချက်မတင်ဘဲ လွှတ်ပေးလိုက်ပြီးတဲ့နောက် ဒီ တရားစွဲဆိုမှုဟာ သူ့ကို သက်သက်မဲ့ အပြစ်ရှာတဲ့ ကိစ္စသာ ဖြစ်တယ် ဆိုပြီးတော့ သူက ကင်းကင်းရှင်းရှင်း ရပ်တည်လာခဲ့တာပါ။

အခုအချိန်မှာ နောက်ထပ် စိန်ခေါ်မှုတခုနဲ့ သူ ကြုံရပြန်ပါတယ်။

“ကိုရိုနာဗိုင်းရပ်စ် ပြဿနာကို ကျနော်တို့နိုင်ငံက မကြုံစဘူး ဘယ်လို ထိထိရောက်ရောက် တုံ့ပြန် ဆောင်ရွက်လိုက်သလဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့ ကျနော် ဒီကနေ့ ပြောချင်ပါတယ်” လို့ Donald Trump က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ဗိုင်းရပ်စ်ကူးစက်မှု၊ လူသေဆုံးမှုတွေ များပြားလာတာနဲ့အမျှ စစ်တမ်းတွေမှာ Donald Trump ကို ထောက်ခံတဲ့သူ အရေအတွက် တဖြည်းဖြည်း ကျဆင်းလာနေပါတယ်။ အာဖရိကနွယ်ဖွား အမေရိကန်တွေ ရဲလက်ထဲမှာ သေဆုံးရတဲ့ ကိစ္စတွေကို မြို့ကြီးတချို့မှာ ကန့်ကွက်ဆန္ဒပြမှုတွေ၊ ဒါတွေကို နှိမ်နင်းဖို့အတွက် Trump က ပြည်ထောင်စုတပ်ဖွဲ့တွေကို အသုံးပြုခဲ့တာတွေနဲ့ ပတ်သက်ပြီးလည်း နိုင်ငံရေး အငြင်းပွားမှုတွေ ပိုမို ပြင်းထန်လာခဲ့ပါတယ်။ နိုင်ငံရေးသုံးသပ်သူ Sherry Bebitch Jeffe ကတော့ Skype ကနေတဆင့် အခုလို ပြောပါတယ်။

“ဒီ ကိုရိုနာဗိုင်းရပ်စ် ပြဿနာဟာ ပြည်တည်နေတဲ့ အနာပေါ် ဖုံးအုပ်ထားတဲ့ ပတ်တီးကို ခွာချလိုက်တာပဲ ဖြစ်ပါတယ်။”

အခု သဘောထားစစ်တမ်းများမှာ Joe Biden ရှေ့က ပြေးနေတယ်လို့ ဆိုပေမယ့် Donald Trump ကို အဓိက ထောက်ခံသူတွေ အနေနဲ့ကတော့ သူ့ဘက်ကပဲ စွဲစွဲမြဲမြဲ ရှိနေဆဲပါ။

“အနည်းနဲ့အများဆိုသလို ရီပတ်ဘလစ်ကန်တွေကတော့ သူတို့လိုချင်တဲ့ မူဝါဒအတိုင်း ဖြစ်နေတာပါ။ ဥပမာပြောရရင် သူတို့က အခွန်လျှော့ပေါ့စေချင်တယ်။ တရားရုံးချုပ်မှာ ကွန်ဆာဗေးတစ်တွေ ကြီးစိုးစေချင်တယ်။ ပြောင်းရွှေ့ အခြေချသူတွေကို လျှော့ချ ဖြတ်တောက်စေချင်တယ်။”

သို့ပေမယ့်လည်း Trump ရင်ဆိုင်နေရတဲ့ အခက်အခဲတွေထဲမှာ နောက်ဆုံး ထပ်တိုးလာတဲ့ ကိစ္စတခုကတော့ အမေရိကန် စီးပွားရေးဟာ စံချိန်ကျိုးလောက်အောင် မကြုံစဘူး ကျဆင်းသွားတယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ အခုအချိန်ဟာ လူစုလူဝေး မလုပ်ကြဖို့ ပြည်သူ့ကျန်းမာရေး အရာရှိတွေက ပြောထားချိန် ဖြစ်နေလေတော့ ခါတိုင်း တွေ့နေ မြင်နေကြ စိတ်လှုပ်ရှားဖွယ် နိုင်ငံရေး မဲဆွယ်ပွဲတွေကိုလည်း တွေ့မြင်ရမှာ မဟုတ်ပါဘူး။

XS
SM
MD
LG