သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္သမၼတေရြးေကာက္ပြဲ မဲမသမာမႈ ျဖစ္ႏုိင္ေျခ သမၼတ Trump ထပ္မံေျပာဆို


အိမ္ျဖဴေတာ္မွာ သတင္းေထာက္ေတြကို ေျပာၾကားေနတဲ့ သမၼတ Donald Trump. (ဇူလုိင္ ၃၁၊ ၂၀၂၀)

(Zawgyi / Unicode)

လာမယ့္ ႏုိ၀င္ဘာလ အေမရိကန္သမၼတ ေရြးေကာက္ပဲြမွာ ဆႏၵမဲေတြကို စာတုိက္ကေနတဆင့္ ပို႔ၿပီး မဲေပးတာေတြေၾကာင့္ ဒီေရြးေကာက္ပဲြမွာ မဲသမာမႈေတြ ျဖစ္လာႏုိင္တယ္လို႔ သမၼတ Donald Trump က မေန႔ ေသာၾကာေန႔က ထပ္ၿပီးေတာ့ စြပ္စဲြလိုက္ပါတယ္။

မဲခုိးတာေတြ၊ အႀကံအဖန္လုပ္တာေတြ ျဖစ္လာႏုိင္တယ္လို႔ ဖေလာ္ရီဒါျပည္နယ္ Tampa ၿမိဳ႕ကို မသြားခင္ အိမ္ျဖဴေတာ္ ျမက္ခင္းျပင္မွာ သတင္းေထာက္ေတြကို ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

႐ုရွားနဲ႔ တ႐ုတ္ႏုိင္ငံေတြ အေနနဲ႔ အေမရိကန္ရဲ႕ စာရြက္နဲ႔ျဖည့္ရတဲ့ ဆႏၵမဲေတြကို အတုလုပ္လာႏုိင္ေၾကာင္းနဲ႔ ဒီေရြးေကာက္ပဲြကာ သမိုင္းမွာ အဆုိးရြားဆုံး ေရြးေကာက္ပဲြႀကီး ျဖစ္လာဖို႔ရွိတယ္လို႔ သမၼတ Trump က သက္ေသအေထာက္အထား တစုံတရာ မျပဘဲ ေျပာၾကားလိုက္ပါတယ္။

သမၼတ Trump က အခုႏွစ္ သမၼတေရြးေကာက္ပဲြကို ေရႊ႕ဆုိင္းဖို႔ တြစ္တာကေန ေျပာၿပီး တရက္အၾကာမွာ အခုလို ထပ္ေျပာလိုက္တာ ျဖစ္ပါတယ္။ သမၼတ Trump က စာတုိက္ကေန ေပးပို႔တဲ့ မဲေတြဟာ ေရတြက္ဖို႔လည္းၾကာၿပီး အဲဒီလို စာတုိက္ကေနပို႔တဲ့ မဲေတြေၾကာင့္ ၂၀၂၀ ေရြးေကာက္ပဲြဟာ ေရြးေကာက္ပဲြသမုိင္းမွာ မမွန္မကန္ဆုံးနဲ႔ မသမာမႈအမ်ားဆုံး ေရြးေကာက္ပဲြ ျဖစ္လာမွာျဖစ္တယ္လို႔ တြစ္တာကေန စြပ္စဲြလိုက္ပါတယ္။

ဒါ့အျပင္ ဒီေရြးေကာက္ပဲြဟာ အေမရိကန္ျပည္ေထာင္စုအတြက္ အႀကီးအက်ယ္ စိတ္ကသိကေအာက္ ျဖစ္စရာကိစၥ ျဖစ္လာမွာျဖစ္ၿပီး လူေတြအေနနဲ႔ ေသေသခ်ာခ်ာ ေဘးအႏၱရာယ္ကင္းကင္း မဲေပးႏုိင္တဲ့ အခ်ိန္အထိ ေရြႊ႕ဆုိင္းသင့္တယ္လို႔ တြစ္တာကေန ေျပာလိုက္ပါတယ္။

ဒါေပမယ့္လည္း သူခန္႔မွန္းသလို ျဖစ္လာႏုိင္တဲ့ ျပႆနာေတြေၾကာင့္ေတာ့ သူ႔အေနနဲ႔ ေရြးေကာက္ပဲြကို မေရႊ႕ဆုိင္းခ်င္သလို ေရြးေကာက္ပဲြ ရလဒ္ကိုလည္း သီတင္းပတ္ေတြ၊ လေတြ၊ ႏွစ္ေတြနဲ႔ခ်ီၿပီး မေစာင့္ခ်င္ဘူးလို႔ အဲဒီေန႔ညေနမွာပဲ သတင္းေထာက္ေတြကို အိမ္ျဖဴေတာ္မွာ ေျပာပါတယ္။

ေရြးေကာက္ပဲြကို ေရႊ႕ဆုိင္းႏုိင္တဲ့ အာဏာဟာ သမၼတမွာမရွိဘဲ လႊတ္ေတာ္မွာပဲ ရွိတာျဖစ္ၿပီး ပါတီ ၂ ရပ္စလုံးက လႊတ္ေတာ္အမတ္ေတြကေတာ့ ေရြးေကာက္ပဲြ ေရႊ႕ဆုိင္းလာဖြယ္ ရွိတယ္ဆုိၿပီး ေျပာေနတဲ့အေပၚမွာ လက္မခံဘဲ အျမန္ပယ္ခ်လိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------------

(Unicode)

ကန်သမ္မတရွေးကောက်ပွဲ မဲမသမာမှု ဖြစ်နိုင်ခြေ သမ္မတ Trump ထပ်မံပြောဆို

လာမယ့် နိုဝင်ဘာလ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဆန္ဒမဲတွေကို စာတိုက်ကနေတဆင့် ပို့ပြီး မဲပေးတာတွေကြောင့် ဒီရွေးကောက်ပွဲမှာ မဲသမာမှုတွေ ဖြစ်လာနိုင်တယ်လို့ သမ္မတ Donald Trump က မနေ့ သောကြာနေ့က ထပ်ပြီးတော့ စွပ်စွဲလိုက်ပါတယ်။

မဲခိုးတာတွေ၊ အကြံအဖန်လုပ်တာတွေ ဖြစ်လာနိုင်တယ်လို့ ဖလော်ရီဒါပြည်နယ် Tampa မြို့ကို မသွားခင် အိမ်ဖြူတော် မြက်ခင်းပြင်မှာ သတင်းထောက်တွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ရုရှားနဲ့ တရုတ်နိုင်ငံတွေ အနေနဲ့ အမေရိကန်ရဲ့ စာရွက်နဲ့ဖြည့်ရတဲ့ ဆန္ဒမဲတွေကို အတုလုပ်လာနိုင်ကြောင်းနဲ့ ဒီရွေးကောက်ပွဲကာ သမိုင်းမှာ အဆိုးရွားဆုံး ရွေးကောက်ပွဲကြီး ဖြစ်လာဖို့ရှိတယ်လို့ သမ္မတ Trump က သက်သေအထောက်အထား တစုံတရာ မပြဘဲ ပြောကြားလိုက်ပါတယ်။

သမ္မတ Trump က အခုနှစ် သမ္မတရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့ တွစ်တာကနေ ပြောပြီး တရက်အကြာမှာ အခုလို ထပ်ပြောလိုက်တာ ဖြစ်ပါတယ်။ သမ္မတ Trump က စာတိုက်ကနေ ပေးပို့တဲ့ မဲတွေဟာ ရေတွက်ဖို့လည်းကြာပြီး အဲဒီလို စာတိုက်ကနေပို့တဲ့ မဲတွေကြောင့် ၂၀၂၀ ရွေးကောက်ပွဲဟာ ရွေးကောက်ပွဲသမိုင်းမှာ မမှန်မကန်ဆုံးနဲ့ မသမာမှုအများဆုံး ရွေးကောက်ပွဲ ဖြစ်လာမှာဖြစ်တယ်လို့ တွစ်တာကနေ စွပ်စွဲလိုက်ပါတယ်။

ဒါ့အပြင် ဒီရွေးကောက်ပွဲဟာ အမေရိကန်ပြည်ထောင်စုအတွက် အကြီးအကျယ် စိတ်ကသိကအောက် ဖြစ်စရာကိစ္စဖြစ်လာမှာဖြစ်ပြီး လူတွေအနေနဲ့ သေသေချာချာ ဘေးအန္တရာယ်ကင်းကင်း မဲပေးနိုင်တဲ့ အချိန်အထိ ရွှေ့ဆိုင်းသင့်တယ်လို့ တွစ်တာကနေ ပြောလိုက်ပါတယ်။

ဒါပေမယ့်လည်း သူခန့်မှန်းသလို ဖြစ်လာနိုင်တဲ့ ပြဿနာတွေကြောင့်တော့ သူ့အနေနဲ့ ရွေးကောက်ပွဲကို မရွှေ့ဆိုင်းချင်သလို ရွေးကောက်ပွဲ ရလဒ်ကိုလည်း သီတင်းပတ်တွေ၊ လတွေ၊ နှစ်တွေနဲ့ချီပြီး မစောင့်ချင်ဘူးလို့ အဲဒီနေ့ညနေမှာပဲ သတင်းထောက်တွေကို အိမ်ဖြူတော်မှာ ပြောပါတယ်။

ရွေးကောက်ပွဲကို ရွှေ့ဆိုင်းနိုင်တဲ့ အာဏာဟာ သမ္မတမှာမရှိဘဲ လွှတ်တော်မှာပဲ ရှိတာဖြစ်ပြီး ပါတီ ၂ ရပ်စလုံးက လွှတ်တော်အမတ်တွေကတော့ ရွေးကောက်ပွဲ ရွှေ့ဆိုင်းလာဖွယ် ရှိတယ်ဆိုပြီး ပြောနေတဲ့အပေါ်မှာ လက်မခံဘဲ အမြန်ပယ်ချလိုက်ပါတယ်။

XS
SM
MD
LG