သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရီပတ်ဘလစ်ကန်ပါတီ ညီလာခံ မီဒီယာမပါဘဲ ကျင်းပမည်


အမေရိကန်သမ္မတ Donald Trump. (ဇူလိုင် ၂၉၊ ၂၀၂၀)
အမေရိကန်သမ္မတ Donald Trump. (ဇူလိုင် ၂၉၊ ၂၀၂၀)

(Zawgyi / Unicode)

နိုဝင်ဘာလမှာ ကျင်းပမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်းအဖြစ် သမ္မတ Donald Trump ကို ပြန်လည် အမည်စာရင်းတင်သွင်း ရွေးချယ်ပွဲ ညီလာခံကို ဒီလနှောင်းပိုင်းမှာ မီဒီယာတွေ မပါဘဲ ကျင်းပသွားမယ်လို့ ရီပတ်ဘလစ်ကန် အမျိုးသားကော်မတီ ပြောခွင့်ရက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဩဂုတ်လ ၂၄ ရက်မှာ မြောက်ကယ်ရိုလိုင်းနားပြည်နယ် Charlotte မြို့မှာ ကျင်းပမယ့် ညီလာခံကို မီဒီယာမပါဘဲ တသီးတသန့် ကျင်းပမှာလို့လည်း ပြောပါတယ်။

လက်ရှိသမ္မတကို ပြန်လည်ရွေးချယ် အမည်စာရင်း တင်သွင်းတဲ့ ညီလာခံမျိုးဟာ ပါတီနဲ့ သမ္မတလောင်းရဲ့ သဘောထားကို မဲဆန္ဒရှင်တွေဆီကို ရောက်အောင် ပေးပို့နိုင်တာကြောင့် မီဒီယာသမားတွေ စုဝေးတက်ရောက်လေ့ရှိတဲ့ပွဲ ဖြစ်ပါတယ်။

ဒီပွဲကို မီဒီယာတွေမပါဘဲ ကျင်းပဖြစ်မယ်ဆိုရင်တော့ ဒါဟာ မီဒီယာမပါဘဲ သမ္မတလောင်းကို ကြေညာတဲ့ ပထမဆုံးအကြိမ် ညီလာခံအဖြစ် သမိုင်းတွင်သွားမှာလည်း ဖြစ်ပါတယ်။

ရီပတ်ဘလစ်ကန်ပါတီဝင် ကိုယ်စားလှယ်တွေကြားမှာလည်း Charlotte မြို့မှာလုပ်မယ့် ညီလာခံကို တက်ရောက်ဖို့အရေး တိုးတိုးတိတ်တိတ် ဆွေးနွေးမှုတွေ ရှိနေခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြည်နယ်ဖြတ်ကျော် ခရီးသွားလာမှုနဲ့ ပတ်သက်ပြီး မဖြစ်မနေ လုပ်ဆောင်ရမယ့် သီးခြားခွဲနေရမယ့် ကာလသတ်မှတ်ချက်တွေ လိုက်နာဖို့ ရှိနေတာပါ။

တရားဝင် မဲပေးနိုင်တဲ့ ကိုယ်စားလှယ် ၂,၅၀၀ ကျော်ကိုယ်စား ရီပတ်ဘလစ်ကန် ကိုယ်စားလှယ် အဖွဲ့ခွဲတွေက မြောက်ကယ်ရိုလိုင်းနားပြည်နယ် Charlotte မြို့မှာ ကျင်းပမယ့် အဲဒီညီလာခံကို တက်ရောက် မဲပေးကြမှာ ဖြစ်ပါတယ်။

အလှည့်ကျ ကိုယ်စားလှယ်အဖွဲ့တွေနဲ့ ဧည့်သည်တွေကို ညီလာခံ တက်ရောက်ခွင့် ပိတ်ပင်ထားတယ်လို့လည်း ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------------

(Unicode)










XS
SM
MD
LG