သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Facebook စည်းကမ်း ချိုးဖောက်ပြီးတင်တဲ့ နိုင်ငံရေးသမားတွေရဲ့ ပို့စ်တွေမှာ သတိပေးချက် ထည့်မယ်


လူမှုကွန်ရက်စာမျက်နှာတွေဖြစ်တဲ့ Facebook, Twitter နဲ့ Instagram.
လူမှုကွန်ရက်စာမျက်နှာတွေဖြစ်တဲ့ Facebook, Twitter နဲ့ Instagram.

(Zawgyi / Unicode)

ကမ္ဘာကျော် လူမှုကွန်ရက်တခုဖြစ်တဲ့ Facebook ကုမ္ပဏီက သမ္မတ Trump အပါအဝင် သူတို့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာဘဲ ချိုးဖောက်ပြီး တင်နေတဲ့ပို့စ်တွေ အားလုံးမှာ သတိပေးချက် တွဲထည့်သွားမယ်လို့ အေပီသတင်းတပုဒ်မှာ ပြောထားပါတယ်။

သမ္မတ Trump အပါအဝင် နိုင်ငံရေးသမားတွေဆီက သတင်းဖြစ်စေလောက်တဲ့ ပို့စ်တွေဟာ Facebook ရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ မညီဘူးဆိုရင် သတိပေးချက်ပါ ထည့်သွားမယ်လို့ Facebook က ပြောလိုက်တာပါ။

လူမှုကွန်ယက်တွေနဲ့ သမ္မတ Trump အကြား လွတ်လပ်ခွင့် အငြင်းပွားမှု
please wait

No media source currently available

0:00 0:04:28 0:00

သမ္မတ Trump က စာတိုက်ကနေ မဲထည့်တာတွေဟာ မဲမသမာမှုတွေ ဖြစ်စေနိုင်တယ်လို့ ပြောထားတာနဲ့ ပတ်သက်ပြီး Facebook ရဲ့ အမှုဆောင်အရာရှိချုပ် Mark Zuckerberg က တစုံတရာ လုပ်ဆောင်ခဲ့ခြင်း မရှိပါဘူး။

ဒါပေမယ့် Twitter ကတော့ သူတို့ဆီမှာ အဲဒီလိုတင်တာတွေမှာ တခြားအချက်အလက်တွေနဲ့ တိုက်ဆိုင်ကြည့်ရှုနိုင်ဖို့ "get the facts" ဆိုတာကိုပါ တွဲထည့်ပေးခဲ့ပါတယ်။

ဒါ့အပြင် မဲရုံတွေမှာ မဲလာပေးတဲ့သူတွေကို တရားဝင်နေထိုင်ကြောင်း ဟုတ်မဟုတ် တာဝန်ရှိသူတွေက စစ်ဆေးတာတွေ လုပ်နေတယ်ဆိုတဲ့ သတင်းလိုမျိုး လူတွေ မဲလာမပေးအောင် ရည်ရွယ်ပြီး သတင်းမှားတွေ လွှင့်နေတာတွေကိုလည်း Facebook က တားမြစ်နေပါတယ်။

ဒါ့အပြင် အမေရိကန်ရွေးကောက်ပွဲ မတိုင်ခင် ၇၂ နာရီအတွင်း ဒေသန္တရ မဲရုံတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သတင်းမှားတွေကို ဖယ်ရှားနိုင်အောင် သူတို့ဘက်ကလည်း အင်အားတိုးချဲ့ လုပ်ဆောင်နေတယ်လို့ Facebook က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------------

(Unicode)








XS
SM
MD
LG