လူမႈကြန္ရက္ အမ်ဳိးမ်ဳိးရိွတဲ့အနက္ ျမန္မာျပည္မွာ အသံုးအမ်ားဆံုးက Facebook ျဖစ္ပါတယ္။ Twitter, Instagram, WeChat, Snapchat စတာေတြကို သံုးသူ အလြန္နည္းပါတယ္။ ျမန္မာျပည္ကို အင္တာနက္နဲ႔ ဆက္သြယ္ထားတာ စစ္အစိုးရေခတ္ကတည္းပါ။ ဒါေပမဲ့ အဲဒီေခတ္က MPT ျမန္မာ့ဆက္သြယ္ေရးဌာနက လူတစု စီးပြားရွာတဲ့ လုပ္ငန္းလို ျဖစ္ေနခဲ့ပါတယ္။ မိုဘိုင္းဖုန္းမွာ လိုအပ္တဲ့ Sim Card တခုကို ေဒၚလာ (၂၀၀၀) ေက်ာ္နဲ႔ ေရာင္းေနခဲ့တဲ့ေခတ္ ျဖစ္ပါတယ္။ ေရြးေကာက္ပြဲအစိုးရ တက္လာၿပီး ျပဳျပင္ေရးလုပ္ေတာ့မွ Sim Card တစ္ခုကို တစ္ေဒၚလာအထိ ေစ်းက်လာပါတယ္။
အခုေတာ့ MPT တစ္ခုတည္း မဟုတ္ေတာ့ဘဲ Telenor နဲ႔ Ooredoo တို႔ကပါ မိုဘိုင္းစနစ္ ျဖန္႔ျဖဴးေနတာမို႔ (၂၀၁၆) ေရာက္ေတာ့ Sim Card (၄၂) သန္းေက်ာ္ ေရာင္းရေၾကာင္း သိရပါတယ္။ လူမႈကြန္ရက္ကို အခ်ိန္တိုအတြင္း သံုးခြင့္ရသြားသူေတြဟာ အေတြ႔အႀကံဳမရိွတဲ့အတြက္ မလုပ္တတ္၊ မကိုင္တတ္ ျဖစ္ေနသူက (၈၀) ရာခိုင္ႏႈန္းနီးပါး ရိွတယ္လို႔ ၂၀၁၈ Telenor အစီရင္ခံစာမွာ ေဖာ္ျပပါတယ္။ မိုဘိုင္းကြန္ရက္က လူငယ္ေတြအေပၚမွာ ဘယ္ေလာက္လႊမ္းမိုးတယ္ဆိုတာ သိရေအာင္ Save the Children အဖြဲ႔က လြန္ခဲ့တဲ့ ႏုိဝင္ဘာလက အစီရင္ခံစာတစ္ေစာင္ ထုတ္ျပန္ထားပါတယ္။
လူမႈကြန္ရက္မွာ ေကာင္းတာကို လုပ္ႏိုင္သလို၊ မေကာင္းတာကိုလည္း လုပ္ႏုိင္ပါတယ္။ သတင္းအခ်က္အလက္ ျဖန္႔ေဝမႈ၊ ေဖ်ာ္ေျဖမႈနဲ႔ ပညာေပးလုပ္ငန္းေတြ လုပ္ႏုိင္သလို၊ အမုန္းစကား ျပန္႔ပြားမႈ၊ အမ်ဳိးသမီးေတြကို ေႏွာင့္ယွက္မႈ၊ ေသြးေဆာင္ျဖားေယာင္မႈ၊ ၿခိမ္းေျခာက္မႈ စတာေတြကိုလည္း လုပ္ႏုိင္ပါတယ္။ လူ႔အဖြဲ႔အစည္းတခုကို ရည္ရြယ္ၿပီး၊ တိုက္ခိုက္ေျပာဆိုေရးသားတဲ့ အမုန္းစကားေတြ လူမႈကြန္ရက္မွာ အမ်ားဆံုးေတြ႔ေနရတာကို လူငယ္ေတြ စိတ္ကုန္လာၿပီလို႔ အစီရင္ခံစာမွာ ေဖာ္ျပပါတယ္။ ဒီမိုကေရစီျဖစ္စဥ္ဟာ သတင္းအတုနဲ႔ အမုန္းစကားရဲ ႔ဒဏ္ကို ခံေနရပါတယ္။ ဒါေပမဲ့ ဘယ္အတုိင္းအတာအထိ ျပည္သူကို လႊမ္းမိုးေစတာကို ေလ့လာစမ္းစစ္တာမ်ဳိး အလြန္နည္းပါးပါတယ္။ ဥပမာ Facebook မွာ အႏၱရာယ္ ရိွတာေတြပါတယ္ ဆိုတာေလာက္ပဲ သိႏုိင္ပါတယ္။
ဒါေၾကာင့္ လူမႈကြန္ရက္ရဲ ႔ ေကာင္းက်ဳိးဆိုးျပစ္ေတြကို ေလ့လာဖို႔ Save the Children အဖြဲ႔က လူငယ္ႏွစ္ရာေက်ာ္ကို ေတြ႔ဆံုေမးျမန္းပါတယ္။ အမုန္းစကား၊ ဝါဒျဖန္႔မႈ၊ သတင္းအတု၊ ေကာလာဟလ၊ ေသြးထိုးလံႈေဆာ္မႈ စတာေတြရဲ ႔ အက်ဳိးသက္ေရာက္မႈကို စံုစမ္းေမးျမန္းပါတယ္။ အထူးသျဖင့္ ရခိုင္ နဲ႔ ကယားျပည္နယ္တို႔ကို အဓိကထားပါတယ္။ လူငယ္ (၅၀) ရာခိုင္ႏႈန္းဟာ အနည္းဆံုး တစ္ေန႔ တစ္နာရီေလာက္ Facebook ကို ၾကည့္တယ္လို႔ ဆိုပါတယ္။ ဒါေပမဲ့ Facebook မွာ ေဖာ္ျပတာကို ယံုၾကည္ၾကၿပီး စူးစမ္းစစ္ေဆးတာမ်ဳိး မလုပ္ၾကဘူးလို႔ ဆိုပါတယ္။ VOA နဲ႔ BBC လို အသံလႊင့္ဌာနႀကီးေတြကို အယံုၾကည္ဆံုး ျဖစ္တယ္လို႔ ဆိုပါတယ္။ မြတ္စလင္နဲ႔ ခရစ္ယာန္ဘာသာဝင္ေတြကို ရည္ရြယ္တဲ့ အမုန္းစကားကို အမ်ားဆံုး ေတြ႔ရေပမယ့္ ဂရုမစိုက္ဘဲ လ်စ္လ်ဴရႈၾကတာ မ်ားတယ္လို႔ ဆိုပါတယ္။
သတင္းတုထဲမွာ အမုန္းစကား ထည့္ထားတာကို လူငယ္ေတြ ရိပ္မိၾကပါတယ္။ အုပ္စုတစ္စုကို တိုက္ခိုက္ခ်င္တဲ့သေဘာနဲ႔ လုပ္ႀကံၿပီးထားတဲ့ အမုန္စကားကို သတင္းတုထဲမွာ ထည့္ေရးတာမ်ဳိး လုပ္တတ္တယ္လို႔ နားလည္တဲ့ လူငယ္ေတြလည္း ရိွပါတယ္။ အမုန္းစကားပါတဲ့ သတင္းတုေၾကာင့္ တိုင္းရင္းသားလူမ်ဳိးစုထဲမွာ အထင္မွား အျမင္မွား ျဖစ္လာတာ ေတြ႔ရိွရပါတယ္။ သတင္းအတုေၾကာင့္ ပဋိပကၡ ျဖစ္တာကိုလည္း လူငယ္ေတြ သေဘာေပါက္ၾကပါတယ္။ ဒါေပမဲ့ အမုန္းစကား ဆန္႔က်င္ေရးအတြက္ စည္းရံုးလံႈေဆာ္တာမ်ဳိးကိုေတာ့ အြန္လိုင္းမွာေရာ အျပင္မွာေရာ ေတြ႔ရသူ အလြန္နည္းပါးေနပါတယ္။ မိန္းကေလးေတြနဲ႔ ဆက္သြယ္ၿပီး မဟုတ္တမ္းတရမ္းလုပ္ဖို႔ ႀကိဳးပမ္းတာေတြ မ်ားေနတာဟာ စိုးရိမ္စရာ ျဖစ္တယ္လို႔ ဆိုပါတယ္။ မိန္းကေလးေတြကို ထိကပါးရိကပါး ေျပာတာေတြလည္း မ်ားျပားလာပါတယ္။
အေႏွာင့္အယွက္ခံရတာကို တံု႔ျပန္အေရးယူရင္ ပိုဆိုးလာမွာ စိုးရိမ္တယ္လို႔ မိန္းကေလးေတြက ေျပာပါတယ္။ အျပင္ေလာကမွာ ေန႔တိုင္းလိုလို ထိကပါးရိကပါး အေျပာခံေနရတာေတြဟာ လူမႈကြန္ရက္မွာ ေရာင္ျပန္ဟပ္ေနပါတယ္။ အင္တာနက္မွာ ဝတ္လစ္စလစ္ အမ်ဳိးသမီးပံုေတြ၊ အဝတ္အစားမကပ္တဲ့ပံုေတြ မ်ားလာတာေၾကာင့္ ေယာက်္ားေလးေတြ အျမင္ေျပာင္းလာတာလို႔ ဆိုပါတယ္။ လူမႈကြန္ရက္မွာ ေကာင္းတာရိွသလို မေကာင္းတာလည္း ရိွပါတယ္။ မိမိဘာသာ ပညာရွာရာမွာ အမ်ားဆံုးအေထာက္အကူ ရပါတယ္။ ဥပမာ YouTube ကေန အဂၤလိပ္စကား ေလ့လာတာကို လူငယ္ေတြ ႀကိဳက္ၾကပါတယ္။
ေတြ႔ဆံုေမးျမန္းခံရတဲ့ လူငယ္တဝက္ေလာက္ဟာ သူတုိ႔ရဲ ႔ Selfie ေတြကို လူမႈကြန္ရက္မွာ တင္ၾကပါတယ္။ အစိုးရနဲ႔ပတ္သက္တဲ့ အျငင္းပြားစရာကိစၥေတြကို လူမႈကြန္ရက္မွာ တင္ျပတယ္လို႔ ဝန္ခံတဲ့ လူငယ္ေတြကိုေတာ့ မေတြ႔ရဘူးလို႔ ဆိုပါတယ္။ လူႀကီးေတြတင္တဲ့ သတင္းေဝဖန္ေတြကို Share လုပ္တာမ်ဳိးေလာက္သာ လူငယ္ေတြက စိတ္ဝင္စားပံု ရပါတယ္။ ဘယ္ေလာက္ပဲေဝးေဝး၊ ေဆြမ်ဳိးမိတ္သဂၤဟနဲ႔ ဆက္သြယ္ႏိုင္ၿပီး အသိပညာ တိုးပြားတာဟာ လူမႈကြန္ရက္ရဲ ႔ ေကာင္းက်ဳိး ျဖစ္ပါတယ္။ သတင္းအတုနဲ႔ အမုန္းစကား၊ မိုက္ရိုင္းမႈ၊ ေစာ္ကားမႈ၊ လိမ္ညာမႈ စတာေတြကေတာ့ ဆိုးက်ဳိးျဖစ္တယ္လို႔ လူငယ္ေတြ နားလည္ၾကေၾကာင္း Save the Children အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။
==Unicode==
လူမှုကွန်ရက် အမျိုးမျိုးရှိတဲ့အနက် မြန်မာပြည်မှာ အသုံးအများဆုံးက Facebook ဖြစ်ပါတယ်။ Twitter, Instagram, WeChat, Snapchat စတာတွေကို သုံးသူ အလွန်နည်းပါတယ်။ မြန်မာပြည်ကို အင်တာနက်နဲ့ ဆက်သွယ်ထားတာ စစ်အစိုးရခေတ်ကတည်းပါ။ ဒါပေမဲ့ အဲဒီခေတ်က MPT မြန်မာ့ဆက်သွယ်ရေးဌာနက လူတစု စီးပွားရှာတဲ့ လုပ်ငန်းလို ဖြစ်နေခဲ့ပါတယ်။ မိုဘိုင်းဖုန်းမှာ လိုအပ်တဲ့ Sim Card တခုကို ဒေါ်လာ (၂၀၀၀) ကျော်နဲ့ ရောင်းနေခဲ့တဲ့ခေတ် ဖြစ်ပါတယ်။ ရွေးကောက်ပွဲအစိုးရ တက်လာပြီး ပြုပြင်ရေးလုပ်တော့မှ Sim Card တစ်ခုကို တစ်ဒေါ်လာအထိ ဈေးကျလာပါတယ်။
အခုတော့ MPT တစ်ခုတည်း မဟုတ်တော့ဘဲ Telenor နဲ့ Ooredoo တို့ကပါ မိုဘိုင်းစနစ် ဖြန့်ဖြူးနေတာမို့ (၂၀၁၆) ရောက်တော့ Sim Card (၄၂) သန်းကျော် ရောင်းရကြောင်း သိရပါတယ်။ လူမှုကွန်ရက်ကို အချိန်တိုအတွင်း သုံးခွင့်ရသွားသူတွေဟာ အတွေ့အကြုံမရှိတဲ့အတွက် မလုပ်တတ်၊ မကိုင်တတ် ဖြစ်နေသူက (၈၀) ရာခိုင်နှုန်းနီးပါး ရှိတယ်လို့ ၂၀၁၈ Telenor အစီရင်ခံစာမှာ ဖော်ပြပါတယ်။ မိုဘိုင်းကွန်ရက်က လူငယ်တွေအပေါ်မှာ ဘယ်လောက်လွှမ်းမိုးတယ်ဆိုတာ သိရအောင် Save the Children အဖွဲ့က လွန်ခဲ့တဲ့ နိုဝင်ဘာလက အစီရင်ခံစာတစ်စောင် ထုတ်ပြန်ထားပါတယ်။
လူမှုကွန်ရက်မှာ ကောင်းတာကို လုပ်နိုင်သလို၊ မကောင်းတာကိုလည်း လုပ်နိုင်ပါတယ်။ သတင်းအချက်အလက် ဖြန့်ဝေမှု၊ ဖျော်ဖြေမှုနဲ့ ပညာပေးလုပ်ငန်းတွေ လုပ်နိုင်သလို၊ အမုန်းစကား ပြန့်ပွားမှု၊ အမျိုးသမီးတွေကို နှောင့်ယှက်မှု၊ သွေးဆောင်ဖြားယောင်မှု၊ ခြိမ်းခြောက်မှု စတာတွေကိုလည်း လုပ်နိုင်ပါတယ်။ လူ့အဖွဲ့အစည်းတခုကို ရည်ရွယ်ပြီး၊ တိုက်ခိုက်ပြောဆိုရေးသားတဲ့ အမုန်းစကားတွေ လူမှုကွန်ရက်မှာ အများဆုံးတွေ့နေရတာကို လူငယ်တွေ စိတ်ကုန်လာပြီလို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဒီမိုကရေစီဖြစ်စဉ်ဟာ သတင်းအတုနဲ့ အမုန်းစကားရဲ့ဒဏ်ကို ခံနေရပါတယ်။ ဒါပေမဲ့ ဘယ်အတိုင်းအတာအထိ ပြည်သူကို လွှမ်းမိုးစေတာကို လေ့လာစမ်းစစ်တာမျိုး အလွန်နည်းပါးပါတယ်။ ဥပမာ Facebook မှာ အန္တရာယ် ရှိတာတွေပါတယ် ဆိုတာလောက်ပဲ သိနိုင်ပါတယ်။
ဒါကြောင့် လူမှုကွန်ရက်ရဲ့ ကောင်းကျိုးဆိုးပြစ်တွေကို လေ့လာဖို့ Save the Children အဖွဲ့က လူငယ်နှစ်ရာကျော်ကို တွေ့ဆုံမေးမြန်းပါတယ်။ အမုန်းစကား၊ ဝါဒဖြန့်မှု၊ သတင်းအတု၊ ကောလာဟလ၊ သွေးထိုးလှုံဆော်မှု စတာတွေရဲ့ အကျိုးသက်ရောက်မှုကို စုံစမ်းမေးမြန်းပါတယ်။ အထူးသဖြင့် ရခိုင် နဲ့ ကယားပြည်နယ်တို့ကို အဓိကထားပါတယ်။ လူငယ် (၅၀) ရာခိုင်နှုန်းဟာ အနည်းဆုံး တစ်နေ့ တစ်နာရီလောက် Facebook ကို ကြည့်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ Facebook မှာ ဖော်ပြတာကို ယုံကြည်ကြပြီး စူးစမ်းစစ်ဆေးတာမျိုး မလုပ်ကြဘူးလို့ ဆိုပါတယ်။ VOA နဲ့ BBC လို အသံလွှင့်ဌာနကြီးတွေကို အယုံကြည်ဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။ မွတ်စလင်နဲ့ ခရစ်ယာန်ဘာသာဝင်တွေကို ရည်ရွယ်တဲ့ အမုန်းစကားကို အများဆုံး တွေ့ရပေမယ့် ဂရုမစိုက်ဘဲ လျစ်လျူရှုကြတာ များတယ်လို့ ဆိုပါတယ်။
သတင်းတုထဲမှာ အမုန်းစကား ထည့်ထားတာကို လူငယ်တွေ ရိပ်မိကြပါတယ်။ အုပ်စုတစ်စုကို တိုက်ခိုက်ချင်တဲ့သဘောနဲ့ လုပ်ကြံပြီးထားတဲ့ အမုန်စကားကို သတင်းတုထဲမှာ ထည့်ရေးတာမျိုး လုပ်တတ်တယ်လို့ နားလည်တဲ့ လူငယ်တွေလည်း ရှိပါတယ်။ အမုန်းစကားပါတဲ့ သတင်းတုကြောင့် တိုင်းရင်းသားလူမျိုးစုထဲမှာ အထင်မှား အမြင်မှား ဖြစ်လာတာ တွေ့ရှိရပါတယ်။ သတင်းအတုကြောင့် ပဋိပက္ခ ဖြစ်တာကိုလည်း လူငယ်တွေ သဘောပေါက်ကြပါတယ်။ ဒါပေမဲ့ အမုန်းစကား ဆန့်ကျင်ရေးအတွက် စည်းရုံးလှုံဆော်တာမျိုးကိုတော့ အွန်လိုင်းမှာရော အပြင်မှာရော တွေ့ရသူ အလွန်နည်းပါးနေပါတယ်။ မိန်းကလေးတွေနဲ့ ဆက်သွယ်ပြီး မဟုတ်တမ်းတရမ်းလုပ်ဖို့ ကြိုးပမ်းတာတွေ များနေတာဟာ စိုးရိမ်စရာ ဖြစ်တယ်လို့ ဆိုပါတယ်။ မိန်းကလေးတွေကို ထိကပါးရိကပါး ပြောတာတွေလည်း များပြားလာပါတယ်။
အနှောင့်အယှက်ခံရတာကို တုံ့ပြန်အရေးယူရင် ပိုဆိုးလာမှာ စိုးရိမ်တယ်လို့ မိန်းကလေးတွေက ပြောပါတယ်။ အပြင်လောကမှာ နေ့တိုင်းလိုလို ထိကပါးရိကပါး အပြောခံနေရတာတွေဟာ လူမှုကွန်ရက်မှာ ရောင်ပြန်ဟပ်နေပါတယ်။ အင်တာနက်မှာ ဝတ်လစ်စလစ် အမျိုးသမီးပုံတွေ၊ အဝတ်အစားမကပ်တဲ့ပုံတွေ များလာတာကြောင့် ယောကျ်ားလေးတွေ အမြင်ပြောင်းလာတာလို့ ဆိုပါတယ်။ လူမှုကွန်ရက်မှာ ကောင်းတာရှိသလို မကောင်းတာလည်း ရှိပါတယ်။ မိမိဘာသာ ပညာရှာရာမှာ အများဆုံးအထောက်အကူ ရပါတယ်။ ဥပမာ YouTube ကနေ အင်္ဂလိပ်စကား လေ့လာတာကို လူငယ်တွေ ကြိုက်ကြပါတယ်။
တွေ့ဆုံမေးမြန်းခံရတဲ့ လူငယ်တဝက်လောက်ဟာ သူတို့ရဲ့ Selfie တွေကို လူမှုကွန်ရက်မှာ တင်ကြပါတယ်။ အစိုးရနဲ့ပတ်သက်တဲ့ အငြင်းပွားစရာကိစ္စတွေကို လူမှုကွန်ရက်မှာ တင်ပြတယ်လို့ ဝန်ခံတဲ့ လူငယ်တွေကိုတော့ မတွေ့ရဘူးလို့ ဆိုပါတယ်။ လူကြီးတွေတင်တဲ့ သတင်းဝေဖန်တွေကို Share လုပ်တာမျိုးလောက်သာ လူငယ်တွေက စိတ်ဝင်စားပုံ ရပါတယ်။ ဘယ်လောက်ပဲဝေးဝေး၊ ဆွေမျိုးမိတ်သင်္ဂဟနဲ့ ဆက်သွယ်နိုင်ပြီး အသိပညာ တိုးပွားတာဟာ လူမှုကွန်ရက်ရဲ့ ကောင်းကျိုး ဖြစ်ပါတယ်။ သတင်းအတုနဲ့ အမုန်းစကား၊ မိုက်ရိုင်းမှု၊ စော်ကားမှု၊ လိမ်ညာမှု စတာတွေကတော့ ဆိုးကျိုးဖြစ်တယ်လို့ လူငယ်တွေ နားလည်ကြကြောင်း Save the Children အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။