[Zawgyi/Unicode]
အိႏိၵယႏုိင္ငံအေနာက္ပိုင္း Gujarat ျပည္နယ္၊ Ahmedabad ၿမိဳ႕ ေဆး႐ုံတ႐ုံက အထူးၾကပ္မတ္ကုသေဆာင္မွာ ဒီကေန႔အေစာပိုင္းက မီးေလာင္ခဲ့တဲ့အတြက္ COVID – 19 နဲ႔ ေဆးကုသမႈခံေနရသူ အတြင္းလူနာ ရွစ္ ေယာက္ေသဆုံးခဲ့ပါတယ္။ ေသဆံုးသူေတြထဲမွာ အမ်ဳိးသားငါးဦး အမ်ဳိးသမီး သံုးဦးပါဝင္ၿပီး ေနာက္ထပ္လူနာ ၃၅ ေယာက္ကိုေတာ့ တျခားေဆး႐ုံေတြကိုေျပာင္းေ႐ႊ႕ေပးခဲ့ပါတယ္။
Gujarat ျပည္နယ္ဟာ အိႏိၵယဝန္ႀကီးခ်ဳပ္ Narendra Modi ရဲ႕ ဇာတိျပည္နယ္ျဖစ္ၿပီး အိႏိၵယႏုိင္ငံတြင္း COVID-19 ေရာဂါ ပ်ံ႕ႏွံ႔ကူးစက္မႈ အဆိုးဆံုးျပည္နယ္ေတြထဲက တခုျဖစ္ပါတယ္။
အိႏၵိယမွာ ဒီကေန႔တရက္ထဲ ကူးစက္သူ ၅၀,၀၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၉၀၀ ေက်ာ္ရွိပါတယ္။ စုစုေပါင္း ကူးစက္သူ ၂,၀၀၀,၀၀၀ ေက်ာ္နဲ႔ ေသဆုံးသူက ၄၀,၀၀၀ ေက်ာ္ရွိတဲ့အတြက္ ကမာၻမွာ တတိယ ကူးစက္မႈ အမ်ားဆုံးႏိုင္ငံျဖစ္ပါတယ္။
ဂ်ပန္ႏိုင္ငံ Aichi ျပည္နယ္မွာ ကုးစက္မႈႏႈန္းတိုးလာတဲ့အတြက္ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးက ဒီကေန႔ အေရးေပၚအေျခအေနေၾကညာလိုက္ပါတယ္။ ဇူလိုင္လ အလယ္ေလာက္ကတည္းက Aichi ျပည္နယ္တြင္း ကူးစက္တဲ့ လူနာ တရက္ကို ၁၀၀ ေက်ာ္ရွိေနတာပါ၊ ေရာဂါထိန္းခ်ဳပ္ႏိုင္ဖို႔ စီးပြါးေရးလုပ္ငန္းေတြနဲ႔ အသြားအလာ ကန္႔သတ္တာေတြကို ၾသဂုတ္လ ၂၄ ရက္ေန႔အထိ သတ္မွတ္ထားပါတယ္။ လက္ရွိ ဂ်ပန္မွာ ေရာဂါကူးစက္သူ ၄၂,၀၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၁,၀၀၀ ေလာက္ရွိပါတယ္။
ၾသစေၾတးလ်ႏိုင္ငံ ဝိတိုရိယျပည္နယ္တြင္း ဒီကေန႔ ကူးစက္သူ ၄၇၁ ေယာက္နဲ႔ ေသဆုံးသူ ၈ ေယာက္အတည္ျပဳခဲ့ၿပီးေနာက္ Melbourne ၿမိဳ႕မွာ ၾကာသပေတးေန႔က စၿပီးအသြားအလာ တင္းၾကပ္ကန္႔သတ္လိုက္ပါတယ္။ အသားထုတ္လုပ္တဲ့ စက္႐ုံေတြကေန ေရာဂါကူးစက္ႏိုင္ေခ်ရွိတဲ့အတြက္ အသားထုတ္လုပ္မႈေတြကို ေသာၾကာေန႔ကစၿပီး ၃ ပုံ ၁ ပုံ ေလွ်ာခ်သြားမယ္လို႔ ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး Daniel Andrews က ေျပာပါတယ္။
တ႐ုတ္ႏိုင္ငံ Xinjiang ျပည္နယ္မွာေတာ့ ဒီကေန႔ ကူးစက္သူလူနာသစ္ ၂၇ ေယာက္၊Dalian ဆိပ္ကမ္းၿမိဳ႕ မွာ ေနာက္ထပ္ ၃ ေယာက္နဲ႔ ျပည္ပကျပန္လာသူေတြထဲ ၇ ေယာက္ရွိပါတယ္။ ေဟာင္ေကာင္မွာလည္း ဒီကေန႔ လူနာသစ္ ၈၅ ေယာက္နဲ႔ ေသဆုံးသူ ၁ ေယာက္ရွိတာေၾကာင့္ စုစုေပါင္း ကူးစက္မႈသူ ၃,၇၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၄၃ ေယာက္ရွိပါတယ္။
[Unicode Version]
အိန္ဒိယဆေးရုံတခုမှာ မီးလောင်ပြီး ကိုဗစ်လူနာ ၈ ဦးသေဆုံး
အိန္ဒိယနိုင်ငံအနောက်ပိုင်း Gujarat ပြည်နယ်၊ Ahmedabad မြို့ ဆေးရုံတရုံက အထူးကြပ်မတ်ကုသဆောင်မှာ ဒီကနေ့အစောပိုင်းက မီးလောင်ခဲ့တဲ့အတွက် COVID – 19 နဲ့ ဆေးကုသမှုခံနေရသူ အတွင်းလူနာ ရှစ် ယောက်သေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ အမျိုးသားငါးဦး အမျိုးသမီး သုံးဦးပါဝင်ပြီး နောက်ထပ်လူနာ ၃၅ ယောက်ကိုတော့ တခြားဆေးရုံတွေကိုပြောင်းရွှေ့ပေးခဲ့ပါတယ်။
Gujarat ပြည်နယ်ဟာ အိန္ဒိယဝန်ကြီးချုပ် Narendra Modi ရဲ့ ဇာတိပြည်နယ်ဖြစ်ပြီး အိန္ဒိယနိုင်ငံတွင်း COVID-19 ရောဂါ ပျံ့နှံ့ကူးစက်မှု အဆိုးဆုံးပြည်နယ်တွေထဲက တခုဖြစ်ပါတယ်။
အိန္ဒိယမှာ ဒီကနေ့တရက်ထဲ ကူးစက်သူ ၅၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၉၀၀ ကျော်ရှိပါတယ်။ စုစုပေါင်း ကူးစက်သူ ၂,၀၀၀,၀၀၀ ကျော်နဲ့ သေဆုံးသူက ၄၀,၀၀၀ ကျော်ရှိတဲ့အတွက် ကမ္ဘာမှာ တတိယ ကူးစက်မှု အများဆုံးနိုင်ငံဖြစ်ပါတယ်။
ဂျပန်နိုင်ငံ Aichi ပြည်နယ်မှာ ကုးစက်မှုနှုန်းတိုးလာတဲ့အတွက် ပြည်နယ်အုပ်ချုပ်ရေးမှုးက ဒီကနေ့ အရေးပေါ်အခြေအနေကြေညာလိုက်ပါတယ်။ ဇူလိုင်လ အလယ်လောက်ကတည်းက Aichi ပြည်နယ်တွင်း ကူးစက်တဲ့ လူနာ တရက်ကို ၁၀၀ ကျော်ရှိနေတာပါ၊ ရောဂါထိန်းချုပ်နိုင်ဖို့ စီးပွါးရေးလုပ်ငန်းတွေနဲ့ အသွားအလာ ကန့်သတ်တာတွေကို သြဂုတ်လ ၂၄ ရက်နေ့အထိ သတ်မှတ်ထားပါတယ်။ လက်ရှိ ဂျပန်မှာ ရောဂါကူးစက်သူ ၄၂,၀၀၀ ကျော်နဲ့ သေဆုံးသူ ၁,၀၀၀ လောက်ရှိပါတယ်။
သြစတြေးလျနိုင်ငံ ဝိတိုရိယပြည်နယ်တွင်း ဒီကနေ့ ကူးစက်သူ ၄၇၁ ယောက်နဲ့ သေဆုံးသူ ၈ ယောက်အတည်ပြုခဲ့ပြီးနောက် Melbourne မြို့မှာ ကြာသပတေးနေ့က စပြီးအသွားအလာ တင်းကြပ်ကန့်သတ်လိုက်ပါတယ်။ အသားထုတ်လုပ်တဲ့ စက်ရုံတွေကနေ ရောဂါကူးစက်နိုင်ချေရှိတဲ့အတွက် အသားထုတ်လုပ်မှုတွေကို သောကြာနေ့ကစပြီး ၃ ပုံ ၁ ပုံ လျှောချသွားမယ်လို့ ပြည်နယ် အုပ်ချုပ်ရေးမှူး Daniel Andrews က ပြောပါတယ်။
တရုတ်နိုင်ငံ Xinjiang ပြည်နယ်မှာတော့ ဒီကနေ့ ကူးစက်သူလူနာသစ် ၂၇ ယောက်၊Dalian ဆိပ်ကမ်းမြို့ မှာ နောက်ထပ် ၃ ယောက်နဲ့ ပြည်ပကပြန်လာသူတွေထဲ ၇ ယောက်ရှိပါတယ်။ ဟောင်ကောင်မှာလည်း ဒီကနေ့ လူနာသစ် ၈၅ ယောက်နဲ့ သေဆုံးသူ ၁ ယောက်ရှိတာကြောင့် စုစုပေါင်း ကူးစက်မှုသူ ၃,၇၀၀ ကျော်နဲ့ သေဆုံးသူ ၄၃ ယောက်ရှိပါတယ်။