သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မြတ္ဆလင္ေတြနဲ႔အျငင္းပြားေနတဲ့ ဘာသာေရးေျမေပၚ ဟိႏၵဴဘုရားေက်ာင္းေဆာက္ဖုိ႔ ၀န္ႀကီးခ်ဳပ္ Modi အုတ္ျမစ္ခ်


ဟိႏၵဴဘုရားေက်ာင္းေဆာက္ဖုိ႔ ၀န္ႀကီးခ်ဳပ္ Modi အုတ္ျမစ္ခ်

(Zawgyi/Unicode)

အိႏၵိယနိုင္ငံ Ayodhya ၿမိဳ႕မွာ မြတ္ဆလင္နဲ႔ ဟိႏၵဴဘာသာဝင္ေတြအၾကား ဆယ္စုႏွစ္ေတြၾကာ အျငင္းပြားေနတဲ့ ဘာသာေရးေျမေပၚမွာ ဟိႏၵဴ ဘုရားေက်ာင္း စတင္ ေဆာက္လုပ္ဖို႔ အိႏၵိယ ဝန္ႀကီးခ်ဳပ္ Narendra Modi က မေန႔ ဗုဒၶဟူးေန႔က အုတ္ျမစ္ခ်ေပးလိုက္ပါတယ္။

“ဒီ ဘုရားေက်ာင္းဟာ ကၽြန္ေတာ္တို႔ ယဥ္ေက်းမႈရဲ့ ေခတ္သစ္ သေကၤတ ျဖစ္လာမွာပါ။ သန္းေပါင္း မ်ားစြာေသာ ျပည္သူေတြရဲ့ ညီညြတ္မႈ ျပယုဂ္ ျဖစ္လာမွာ” လို႔ အုတ္ျမစ္ခ်ပြဲမွာ အိႏၵိယ ဝန္ႀကီးခ်ဳပ္ Modiက ေျပာသြားခဲ့ပါတယ္။

ဒီဘုရားေက်ာင္းကို တည္ေဆာက္နိုင္ခဲ့တာဟာ ဝန္ႀကီးခ်ဳပ္ Modi ဦးေဆာင္တဲ့ Bharatiya Janata Party - BJP ပါတီအတြက္ ေအာင္ပြဲ တစ္ခုလည္း ျဖစ္ပါတယ္။ ဟိႏၵဴ ဘုရား ရာမ အထိမ္းအမွတ္ ဘုရားေက်ာင္းကို ဒီေျမေပၚမွာ တည္ေဆာက္နိုင္ေရး ႏွစ္ေပါင္း ၃၀ ေလာက္ ေဆာ္ဩၿပီး BJP ပါတီ ထင္ရွားလာတာလည္း ျဖစ္ပါတယ္။

အိႏၵိယနိုင္ငံ​သမိုင္းမွာ ထင္ရွားတဲ့ မြတ္ဆလင္အုပ္ခ်ဳပ္သူေတြက ဒီေျမေပၚမွာ Babri ဗလီကို ၁၅၂၈ ခုႏွစ္မွာ ေဆာက္လုပ္ခဲ့တာ ျဖစ္ေပမဲ့ အဲဒီ မတိုင္ခင္ကတည္းက ဟိႏၵဴ ဘာသာဝင္ေတြရဲ့ ျမင့္ျမတ္တဲ့ေၿမ ျဖစ္ခဲ့တယ္လို႔ ဟိႏၵဴဘာသာဝင္ေတြက ေျပာၿပီး ၁၉၉၂ ခုႏွစ္ မွာ ဆႏၵျပသူေတြက Babri ဗလီကို ၿဖိဳခ် ဖ်က္ဆီးခဲ့တာလည္းျဖစ္ပါတယ္။

မႏွစ္ နိုဝင္ဘာလတုန္းကေတာ့ အိႏၵိယ တရား႐ုံးခ်ဳပ္ကဒီေျမေပၚမွာ ဟိႏၵဴ ဘုရားေက်ာင္း တည္ေဆာက္ဖို႔ အမိန္႔ခ်မွတ္လိုက္ပါတယ္။

အခုလို ဟိႏၵဴ ဘုရားေက်ာင္း ပႏၷက္ခ်မႈအေပၚ Ayodhya ၿမိဳ႕တြင္းက မူဆလင္ အမ်ားက အမုန္းတရားေတြ ၿပီးဆုံးသြားဖို႔ ေမၽွာ္လင့္ ခ်က္နဲ႔ ႀကိဳဆိုခဲ့ၾကေပမဲ့ ဩဇာႀကီးမားတဲ့ မူဆလင္ အုပ္စု တစ္စုကေတာ့ ကန္႔ကြက္ခဲ့ပါတယ္။

အခု တည္ေဆာက္မယ့္ ဟိႏၵဴ ဘုရားေက်ာင္းဟာ အမိုးခုံး ၅ ခုပါရွိၿပီး စတုရန္းမီတာ ၈၀၀၀ ေက်ာ္ ႀကီးမားပါတယ္။ လာမယ့္ ၃ ႏွစ္ခြဲ အတြင္း အၿပီးတည္ေဆာက္မွာ ျဖစ္လို႔ ၂၀၂၄ ခုႏွစ္ အေထြေထြ ေရြးေကာက္ပြဲ က်င္းပတဲ့အခါ BJP ပါတီအတြက္ နိုင္ငံေရး အက်ိဳး အျမတ္ရရွိေစမွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

မွတ်ဆလင်တွေနဲ့အငြင်းပွားနေတဲ့ ဘာသာရေးမြေပေါ် ဟိန္ဒူဘုရားကျောင်းဆောက်ဖို့ ဝန်ကြီးချုပ် Modi အုတ်မြစ်ချ

(Unicode)

အိန္ဒိယနိုင်ငံ Ayodhya မြို့မှာ မွတ်ဆလင်နဲ့ ဟိန္ဒူဘာသာဝင်တွေအကြား ဆယ်စုနှစ်တွေကြာ အငြင်းပွားနေတဲ့ ဘာသာရေးမြေပေါ်မှာ ဟိန္ဒူ ဘုရားကျောင်း စတင် ဆောက်လုပ်ဖို့ အိန္ဒိယ ဝန်ကြီးချုပ် Narendra Modiက မနေ့ ဗုဒ္ဓဟူးနေ့က အုတ်မြစ်ချပေးလိုက်ပါတယ်။

“ဒီ ဘုရားကျောင်းဟာ ကျွန်တော်တို့ ယဉ်ကျေးမှုရဲ့ ခေတ်သစ် သင်္ကေတ ဖြစ်လာမှာပါ။ သန်းပေါင်း များစွာသော ပြည်သူတွေရဲ့ ညီညွတ်မှု ပြယုဂ် ဖြစ်လာမှာ” လို့ အုတ်မြစ်ချပွဲမှာ အိန္ဒိယ ဝန်ကြီးချုပ် Modiက ပြောသွားခဲ့ပါတယ်။

ဒီဘုရားကျောင်းကို တည်ဆောက်နိုင်ခဲ့တာဟာ ဝန်ကြီးချုပ် Modi ဦးဆောင်တဲ့ Bharatiya Janata Party - BJP ပါတီအတွက် အောင်ပွဲ တစ်ခုလည်း ဖြစ်ပါတယ်။ ဟိန္ဒူ ဘုရား ရာမ အထိမ်းအမှတ် ဘုရားကျောင်းကို ဒီမြေပေါ်မှာ တည်ဆောက်နိုင်ရေး နှစ်ပေါင်း ၃၀ လောက် ဆော်ဩပြီး BJP ပါတီ ထင်ရှားလာတာလည်း ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံသမိုင်းမှာ ထင်ရှားတဲ့ မွတ်ဆလင်အုပ်ချုပ်သူတွေက ဒီမြေပေါ်မှာ Babri ဗလီကို ၁၅၂၈ ခုနှစ်မှာ ဆောက်လုပ်ခဲ့တာ ဖြစ်ပေမဲ့ အဲဒီ မတိုင်ခင်ကတည်းက ဟိန္ဒူ ဘာသာဝင်တွေရဲ့ မြင့်မြတ်တဲ့မြေ ဖြစ်ခဲ့တယ်လို့ ဟိန္ဒူဘာသာဝင်တွေက ပြောပြီး ၁၉၉၂ ခုနှစ် မှာ ဆန္ဒပြသူတွေက Babri ဗလီကို ဖြိုချ ဖျက်ဆီးခဲ့တာလည်းဖြစ်ပါတယ်။

မနှစ် နိုဝင်ဘာလတုန်းကတော့ အိန္ဒိယ တရားရုံးချုပ်ကဒီမြေပေါ်မှာ ဟိန္ဒူ ဘုရားကျောင်း တည်ဆောက်ဖို့ အမိန့်ချမှတ်လိုက်ပါတယ်။

အခုလို ဟိန္ဒူ ဘုရားကျောင်း ပန္နက်ချမှုအပေါ် Ayodhya မြို့တွင်းက မူဆလင် အများက အမုန်းတရားတွေ ပြီးဆုံးသွားဖို့ မျှော်လင့် ချက်နဲ့ ကြိုဆိုခဲ့ကြပေမဲ့ ဩဇာကြီးမားတဲ့ မူဆလင် အုပ်စု တစ်စုကတော့ ကန့်ကွက်ခဲ့ပါတယ်။

အခု တည်ဆောက်မယ့် ဟိန္ဒူ ဘုရားကျောင်းဟာ အမိုးခုံး ၅ ခုပါရှိပြီး စတုရန်းမီတာ ၈၀၀၀ ကျော် ကြီးမားပါတယ်။ လာမယ့် ၃ နှစ်ခွဲ အတွင်း အပြီးတည်ဆောက်မှာ ဖြစ်လို့ ၂၀၂၄ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ကျင်းပတဲ့အခါ BJP ပါတီအတွက် နိုင်ငံရေး အကျိုး အမြတ်ရရှိစေမှာ ဖြစ်ပါတယ်။

XS
SM
MD
LG